Thursday, August 31, 2017

GoldenEye (1995)


  Pierce Brosnan ပထမဆုံးဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်တဲ့ ဇာတ်ကားဖြစ်ပြီး အကောင်းဆုံးကားဖြစ်ခဲ့သလို အက်ရှင်ပရိသတ်တွေ အသဲစွဲခဲ့ရတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားထဲမှာ ဂျိမ်းစ်ဘွန်းသတ်ခဲ့တဲ့သူ ၄၇ယောက်ဖြစ်ပြီး ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲမှာ ဂျိမ်းစ်ဘွန်းရဲ့ လူသတ်အများဆုံးဇာတ်ကားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေထဲမှာ ပထမဆုံး DVD အချပ်နဲ့ ထုတ်ဝေခဲ့တဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အကာသက နျူးကလီးယားလက်နက်ကို အပိုင်စီးဖို့ကြံစည်နေတဲ့ လုပ်ဖော်ကိုင်ဖက်တယောက်ကိုတားဆီးဖို့ ရုရှားသုသေသနအဆောက်အဦးကြီးကို အန္တရာယ်ကြားက ဖြိုချရတာပဲဖြစ်ပါတယ်။ အကြည်တင်ပေးထားလို့ ဒေါင်းပြီး သိမ်းထားသင့်တယ်ဇာတ်ကားမျိုးပါပဲ...
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Adventure, Thriller
[FILE SIZE]:…………………….….:) 951 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 10mins
[Translated By]:……………………..:) Wai Yan Htun
[Encoded By]:...................... :) Nyi Htut

Download
951MB
G-Drive HD 

Wednesday, August 30, 2017

Eagle Eye (2008)



အကြမ်းဖက် လုပ်ငန်းတွေကို အစိုးရဒေတာ အချက်အလက်တွေကိုအခြေခံပြီး အလိုအလျာက် တွက်ချက်ပြီးတာနဲ့ ပစ်မှတ် တွေကို ရှာဖွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ပင်တာဂွန်စစ်ဌာန ချုပ်က စူပါကွန်ပျုတာ ဘောရက်ဆိုတာ ရှိပါတယ်။ သူက သတ်မှတ် ချက် တွေကို ဆုံးဖြတ်ရာမှာ လူတဦးလို ဆုံးဖြတ်ပါတယ်။ သူကအချုပ်အချယ် လွတ်ကင်းပြီး အမေရိကန်ပြည်သူတယောက် လို ဆုံးဖြတ် ခွင့်လဲရရှိထားပါတယ်။ အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ရစ်ချယ် ဟောလိုမန်ဆို သူမိခင်တယောက် ကို သူ့ရဲ့ သားကလေး စီးနင်းလာတဲ့ ရထားကိုဖောက်ခွဲ ပြစ်တာမခံချင်ဘူးဆိုရင် ရှေ့နားက ဗန်ကားကို ၀င်ရောက်မောင်းနှင်ဖို့ ဖုံးထဲ ကနေ အမိန့်ပေးခံရပါတော့တယ်။
ဘယ်သူကနေ ဒီလိုတွေ စီမံနေတယ်ဆိုတာကိုမသိရသေးပေမယ့် အခြေအနေအတွေကတော့ ဖြင့် ကမောက်ကမ ဖြစ်လို့နေ ပါတယ်။ ဒီအစီအစဉ်တွေကို ညွှန်ကြားသူနဲ့ လုပ်ကြံခံရမယ့်သူဟာ ဘယ်သူတွေဖြစ်လာမလဲဆိုတာကိုတော့ ....................

[FORMAT]:………………………….:) 640p SD
[GENRE]:……………………….… .:) Action, Mystery, Thriller
[FILE SIZE]:…………………….….:) 648 MB
[RESOLUTION]:……………….….:) 640x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 58 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut

 Eagle Eye
(2008) on IMDb

Download
648 MB
G-Drive


Sunday, August 27, 2017

Catch Me If You Can (2002)


ဒီကားမှာ Titanic မင်းသား Leonard က real life ဇာတ်ကောင် Frank Abagnale Jr. အဖြစ်သရုပ်ဆောင်ထားပါတယ်။
Frank Abagnale Jr. အကြောင်းကိုပြောရရင် သူက သူ့အသက် ၁၉ နှစ်မပြည့်ခင်မှာပဲ ဒေါ်လာ သန်းပေါင်းများစွာ ကို ချက် အတုတွေလုပ်ပြီး ထုတ်ခဲ့သလို၊ ဆရာဝန်၊ ရှေ့နေ၊ ပိုင်းလော့ အဖြစ် ပါ ပီပီပြင်ပြင် ဟန်ဆောင်နိုင်ခဲ့သူပါ။
Frank တို့ မိသားစုက ၁၉၆၃ ခုနှစ်မှာ ငွေကြေးအကြပ်အတည်းကြုံတွေ့ရပြီး ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ပါတယ်။ သူတို့နေတဲ့ အိမ်ကြီးကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာ သူ့ရဲ့အမေကလည်း နောက်ယောက်ျားနဲ့ ဖောက်ပြန်ပြီး လင်မယားကွဲကြပါတယ်။ သူ့အဖေနဲ့အမေ ကွာရှင်းတဲ့နေ့မှာပဲ Frank ကအိမ်ကထွက်ပြေးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အသက် ၁၆ နှစ်တောင်မပြည့်သေးပါဘူး။ အိမ်ကထွက်ပြေးပြီးတဲ့ နောက်မှာ သုံးစရာငွေမ၇ှိတော့ လက်ထဲမှာ ပါလာတဲ့ ချက် စာအုပ်ကို အတုလုပ်ပြီး ငွေထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူ့က တခြားဘဏ်တွေမှာ ငွေသွားထုတ်တော့ ဘယ် သူကမှ ထုတ်မပေးပါဘူး။ အဲ့ဒီအချိန်မှာ PanAmerica လေကြောင်းက ပိုင်းလော့ တွေကို ဘဏ်က ငွေအလွယ်တကူ ထုတ်ပေးတာ တွေ့သွားပြီးတဲ့နောက်မှာ သူက PamAm ပိုင်းလော့အဖြစ် အယောင် ဆောင်ပြီး (အယောင်ဆောင်ဖို့ ဘယ်လိုကြိုးစားလည်းဆိုတာ ကိုတော့ ဇာတ်ကားထဲမှာ ပဲ ကြည့်ရှုခံစားတာ ပိုကောင်းပါတယ်။) ချက်လက်မှတ်တွေသာမက Payroll ပေးချက် ( လစာပေးတဲ့ ချက်)
တွေပါ အတုလုပ်ပြီး ငွေထုတ်သလို လေယာဉ်ပျံပါ အခမဲ့ စီးလိုက်ပါသေးတယ်။ (လေကြောင်းက ၀န်ထမ်းတွေဆိုရင် လေယာဉ်အလကားစီးလို့ရပါတယ်။ သူတို့ကို Deadhead လို့ခေါ်ပါတယ်။) ဒါတင်မကသေးပဲ လေယာဉ်မယ်လေးတွေ ကိုလည်း ချိတ်လိုက်ပါသေးတယ်။
အဲ့လိုနေနေရာကနေ သူ့ကိုလိုက်ဖမ်းတဲ့ Carl Hanratty (Tom Hanks, FBI Agent) ရဲ့လက်က နေ လွတ်အောင်ပြေးခဲ့သလို၊ ဆေးရုံတစ်ခုမှာ ဆရာဝန်အဖြစ်နဲ့သာမက၊ Louisiana က ရှေ့နေ စာမေးပွဲကို ဖြေဆို အောင်မြင်ပြီး ရှေ့နေအဖြစ်လည်း လုပ်ခဲ့ပါသေးတယ်။
နာက်ဆုံး Carl က သူ့ကိုဖမ်းမိသွားပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံရပါတယ်။ ထောင်ကျနေတုန်းမှာ Carl ကသူ့ကို မကြာခဏလာ တွေ့ပြီး တစ်ခေါက်မှာ Carl က သူ့ကို ချက်လက်မှတ်အတုတစ်ခုထုတ်ပြတော့ Frank က ချက်လက်မှတ်ကို ကြည့်ရုံနဲ့တင် ဘယ်လို လုပ်ထားတယ် ဘယ်သူဖြစ်နိုင်တယ် ဆိုတာ ပါ တန်းပြောနိုင်တော့ သူ့ရဲ့အရည်အချင်းကိုသိသွားပါတယ်။ Carl က သူ့ရဲ့အရာရှိကို Frank ကို ထောင်က လွှတ်ပြီး FBI မှာ အလုပ်ပေးဖို့၊ စည်းရုံးနိုင်ခဲ့သလို Frank ကိုလည်း လူကောင်း သူကောင်းဖြစ်လာအောင် ပြုပြင်နိုင်ခဲ့ပါတယ်။
ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖန်စီကားတစ်ကားဖြစ်ပေမယ့် ပညာရစရာတွေ များသလို ကြည့်လည်းကြည့်သင့်တဲ့ကားပါ။ မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလို သူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်း ဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဥာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ် လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲ လမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကြိုးရှိအောင် အသုံးချ နိုင်ခဲ့တဲ့ Carl Hanratty အဖြစ် Tom Hanks ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီး အမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေ ကိုလည်း ဒီကားမှာ ခံစားကြည့်ရှုရမှာပါ။

ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်တာရယ် မင်းသားကြီး Tom Hanks ကို မင်းသားချော Leonardo နဲ့ တွဲဖက်သရုပ်ဆောင် ထားတာရယ်ကြောင့် ဒီဇာတ်ကားက ပြောစရာမလိုပဲ နဲ့ ကားကောင်းတစ်ကားဖြစ်မယ်ဆိုတာ သိနိုင်ပါတယ်။
မိသားစုတူတူကြည့်ရှုနိုင်ပါတယ်။ Love Scene သုံးခန်း ပါပေမယ့် no nudity ပါ။ Rated PG-13ပါ။
Sololay (ရုပ်ရှင်မိတ်ဆက်)

IMDB 8.0 ရရှိထားပြီး 2h:21mins ကြာမြင့်ပါမယ်။ မိမိကြိုက်နှစ်သက်ရာ ဖိုင်ဆိုဒ်ကို ဒေါင်းယူ ကြည့်ရှုနိုင်ကြပါပြီ။
[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Crime, Drama, Thriller
[FILE SIZE]:…………………….….:) 951 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 21mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut




Download
951 GB
G-Drive
Download
520 MB
PCloud

The Microchip (2011)


ထိုင်းနိုင်ငံ မာဖီးယားလောကမှာ လူတယောက်ထွက်ပေါ်လာပါတယ်။ သူက အသတ်အပုတ်ကောင်းပြီး ဘယ်သူ့ကိုမှ မညှာတာတတ်ပါဘူး။ သူဒီလိုဖြစ်နေတာအကြောင်းမဲ့တော့မဟုတ်ပါဘူး.. သူလိုချင်တဲ့အရာ တခုရှိနေလို့ပါ... ဘာလဲဆိုတာကိုတော့..
အက်ရှင်နဲ့ ဟာသရောစပ်ထားတဲ့ ထိုင်းဇာတ်ကားဖြစ်ပြီး ဘာသာပြန်ပေးသူကတော့ Con Pike ဖြစ်ပါတယ်။

[FORMAT]:………………………….:) 720p HD
[GENRE]:……………………….… .:) Action, Comedy
[FILE SIZE]:…………………….….:) 800MB
[RESOLUTION]:……………….….:) 720x480
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 19 mins
[Translated By]:……………………..:) Con Pike
[Encoded By]:...................... :) Nyi Htut

 The Microchip
(2011) on IMDb

Download
800 MB
G-Drive


Saturday, August 26, 2017

Léon: The Professional (1994)


Leon ကသွေးအေးတဲ့ ကြေးစားလူသတ်သမား တစ်ယောက်ပါ။ တစ်နေ့ မှာ မူးယစ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ အိမ်နီးချင်း ဆယ်ကျော်သက်ကောင်မလေး Mathilda ကို အမှတ်မထင် ကယ်တင်ပေးဖို့ ဖြစ်လာခဲ့ပါတယ် ။ လက်တုံ့ ပြန်ချင်တဲ့ Mathilda လေးက Leon ဆီက လူသတ်ပညာကို သင်ယူပါတော့တယ် ။ လူငယ်ပီပီ ပွင့်လင်းပြီး တဇွတ်ထိုးနိုင်တဲ့ Mathilda လေးကြောင့် Leon ရဲ့  အေးစက်နေတဲ့ နှလုံးသားက နွေးထွေးတဲ့ချစ်ခြင်းကိုခံစားမိလာချိန်မှာတော့ ...... ခပ်ကြမ်းကြမ်း အက်ရှင်တွေသာမက သူတို့ နှစ်ယောက်ကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတရားနဲ ရဿမျိုးစုံကို ပေးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်ပဲဖြစ်ပါတယ် ။

ရုပ်ရှင်အညွှန်း - ဝေလင်းကျော်

Ps. ဒီဇာတ်ကားကို ဘာသာပြန်သူကတော့ flim2mm က ပင်တိုင် encoder ကြီး Ko Nyi Htut ဖြစ်ပါတယ်။ အလုပ်တွေမအားမလပ်ရှုပ်နေပေမယ့် တားမရဆီးမရ ကြီးမားလှတဲ့ ဝါသနာကြောင့် ထွက်ပေါ်လာတဲ့ ဇာတ်ကားကောင်းတလက်ကို အားပေးကြပါဦးလို့.... 
ဒီဇာတ်ကားကို မြန်မာတွေပြန်ရိုက်ထားတာ နည်းနည်းတော့ကြည့်ဖူးတယ်။ ကလူမင်းနဲ့ ဝတ်မှုံရွှေရည်တို့ တွက်ဖက်ရိုက်းကူးထားတာ၊ နာမည်က ကြေးစားလို့ထင်တာပဲ.. ပိတ်သတ်တွေကြည့်ချင်ရင် ရှာပြီးတင်ပေးမယ်နော်... :P

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Crime, Drama, Thriller
[FILE SIZE]:…………………….….:) 858 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 50 mins
[Translated By]:……………………..:) Nyi Htut
[Encoded By]:...................... :) Nyi Htut 

 Léon: The Professional
(1994) on IMDb

Download
852 MB
G-Drive HD Large


Revolver Rani (2014)


ကဲကဲ အိန္ဒိယဇာတ်ကြမ်း အပစ်အခတ်ကားလေး တင်လိုက်ပါဦးမယ်။  တနည်းပြောရရင် အိန္ဒိယဂျက်မ ဇာတ်ကားတကားပါ။ အယ်ကာဆိုတာ ခပ်ကြမ်းကြမ်း ခပ်စွာစွာ အမျိုးသမီးဖြစ်ပြီး နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ သူမရဲ့ ပြိုင်ဘက်တွေ၊ အတိုက်အခံတွေဟာ သူမနာမည်ကိုကြားတာနဲ့တင် ပျာပျာသလဲဖြစ်ရတဲ့သူပါ။  အဲ့ဒီလို အမျိုးသမီးရဲ့ ချစ်ရသူကတော့ ဘောလီးဝုဒ်မင်းသား တလက်ဖြစ်နေပြီး၊ သူမနဲ့ သူမရဲ့ ရန်သူတွေကြားမှာ ကြားညပ်နေရသူပါ။
ဆက်လက်ခံစားဖို့ ဆက်လက်ကြည့်ရှုလိုက်ပါဦး.

ဒီနောက်ပိုင်းတော့ ကျွန်တော်တို့ FLIM2MM ဟာ အခြေနေအမျိုးမျိုးကြောင့် ဇာတ်လမ်းတွေကို အကြည်လင်ဆုံးနဲ့ ဖိုင်ဆိုဒ်အကြီး တဖိုင်ပဲတင်ပေးနိုင်မှာဖြစ်ပါတယ်။
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Mystery, Thriller
[FILE SIZE]:…………………….….:) 751 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 12 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)

 Revolver Rani
(2014) on IMDb

Download
951 MB
G-Drvie HD Large


Sunday, August 20, 2017

The Ninth Gate (1999)


အတတ်ပညာတစ်ခုကို တစ်ဘက်ကမ်းခတ် တတ်မြောက်သွားသူကို ဝိဇ္ဇာလို့ ခေါ်တယ် ။

ဘာသာရေးအရ သာမန်လူတွေ မလုပ်နိုင်တဲ့ ဂမ္ဘီရအတတ်ပညာတစ်ချို့ကို တစ်ဘက်ကမ်းခတ် တတ်မြောက်ပြီး အရှင်ထွက် အသေထွက်နဲ့ နောင်ပွင့်မယ့်ဘုရားဖူးဖို့ လွတ်မြောက်ရာလမ်းလို့ ခေါ်တဲ့ ထွက်ရပ်လမ်းကို ရောက်သွားတာတွေရှိတယ် ။ သူတို့ကို ထွက်ရပ်ပါက် ပုဂ္ဂိုလ်လို့ ခေါ်တယ် ။

ထွက်ရပ်ပေါက် ပုဂ္ဂိုလ်တွေကို ဝိဇ္ဇာလို့လည်း ခေါ်ကြသေးတယ် ။ ဝိဇ္ဇာပေါင်း ရှစ်သောင်းလေးထောင်ရှိတဲ့အထဲ ကျွန်တော်တို့သိတာ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ အင်းဝိဇ္ဇာ ၊ ဆေးဝိဇ္ဇာ စသဖြင့် နည်းနည်းပါးပါးပဲ သိကြတာပဲ ရှိသေးတယ် ။

ထားတော့ ....  ဝိဇ္ဇာအကြောင်းဆက်ရှင်းနေရင် ကိုယ်တိုင်တောင် အဂ္ဂိရတ် ထထိုးနေရမယ် ။

ဒီရုပ်ရှင်ကတော့ နဝမမြောက် တံခါးကနေ ထွက်ရပ်လိုင်းကို လျှောက်လမ်းမယ့် စာအုပ်ဝိဇ္ဇာပဲ ဖြစ်ပါတယ် ။ ဂမ္ဘီရအတတ်ပညာတစ်ချို့ကို စိတ်ဝင်စားရင် ကြည့်ကြပေါ့ဗျာ .......


ရုပ်ရှင်အညွှန်း - Aries Win

ps. အထူးပြောစရာမလိုတာကတော့ Pirates of the Caribbean မင်းသား Johnny Depp ခေါင်းဆောင်သရုပ်ဆောင် ထားတယ်ဆိုတာပါပဲ......


[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Mystery, Thriller
[FILE SIZE]:…………………….….:) 751 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 13 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)

 The Ninth Gate
(1999) on IMDb 


Download  
751 MB
G-Drive HD 

Thursday, August 17, 2017

Munich (2005)



ပါလက်စတိုင်းမြေကို ဂျူးတွေက
သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။

ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ
ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။

အစ္စရေးအစိုးရဟာ ချက်ချင်းပဲ
ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။

ဂျူးနဲ့ ပါလက်စတိုင်း
ဘယ်သူတွေဟာ ကမ္ဘာ့အလယ်မှာ တကယ် သနားဖို့ကောင်းလဲ ဆိုတာ ဒီရုပ်ရှင်ကပြသသွားတယ် ။

တကယ်တမ်း တွေးစရာအချက်က
ပါလက်စတိုင်းတွေဟာ တကယ်ပဲ အကြမ်းဖက် ခဲ့သလား ? ဂျူးတွေဟာ သူတို့နိုင်ငံ ပြန်ပေးရမှာကြောက်လို့ ပါလက်စတိုင်းတွေကို လူတွေ မုန်းပြီး အထင်လွဲအောင် သူတို့ကိုယ်တိုင်ပဲ တမင်တကာ ပြုလုပ်ခဲ့သလား? ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ။

ကမ္ဘာ့အလယ်မှာ
အထူးသဖြင့် မူဆလင်နိုင်ငံတွေရဲ့ အလယ်မှာ တစ်ကိုယ်တည်း ရပ်တည်ဖို့ဆိုတာ လှည့်ကွက်တွေ မျက်ရည်ခြူကွက်တွေ မပါပဲနဲ့တော့ ဘယ်နိုင်ငံကမှ အစ္စရေးနိုင်ငံဖြစ်လာဖို့ ထောက်ခံခဲ့မှာ မဟုတ်ဘူး ဆိုတာပါပဲ ။

ဂျူးတွေကပဲ လုပ်ဇာတ်နဲ့ မျက်ရည် ခြူမလား?

ပါလက်စတိုင်းတွေကပဲ တကယ်ဆိုးသလား ?

ဆိုတာတော့ .... ဇာတ်ကားနဲ့မဆိုင်ပါဘူး ဒါ ကျနော့ အတွေး သက်သက်ပါ ။


ရုပ်ရှင်အညွှန်း - Aries Win



[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Crime, Drama, History
[FILE SIZE]:…………………….….:) 994 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 44 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)




 Munich
(2005) on IMDb





Download  
994 MB
G-Drive HD 

Top Gun (1986)


Top Gun ဇာတ်ကားအောင်မြင်ချက်က U.S Navy ရဲ့တပ်သားသစ်စုဆောင်းရေးဌာနက သူတို့ရဲ့သင်တန်းအသစ် ခေါ်တဲ့ ပိုစတာတွေကို ရုပ်ရှင်ရုံကြီးတွေမှာ သွားထောင်ထားတဲ့အထိပါပဲ။ 
အဲလိုလုပ်ခဲ့လို့ တပ်ထဲကိုဝင်တဲ့ အရေအတွက် ၅၀၀ ရာခိုင်နှုန်းအထိ တိုးသွားခဲ့ပါတယ်။အဲဒီကာလမှာ တပ်ထဲဝင်ရောက်ခဲ့တဲ့သူတွေကလည်း အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ကြပါတယ်တဲ့။

အရပ် ၅' ၇" ရှိတဲ့ ခေါင်းဆောင်မင်းသား Tom Cruise အနေနဲ့ အရပ် ၅' ၁၀" ဖြစ်အောင် ဖိနပ်မှာ ၃" အမြင့်ထည့်ပြီး စီးခဲ့ရပါသေးတယ်။ ပိုင့်လော့ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီပေါ့။ သူ့ရဲ့ဇာတ်ရုပ်ကို အတွက် Tom Cruise ဟာ F-14 Tomcat အမျိုးအစားလေယာဉ်ကို သုံးကြိမ်လိုက်ပါစီးနင်းခဲ့ပြီး ပထမဆုံးစီးတဲ့အခေါက်မှာ မူးဝေပြီး အန်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမတိုင်ခင်ထိ သူဟာ ဆိုင်ကယ်မမောင်းဖူးပါဘူး။ စီးတဲ့ဆိုင်ကယ်ကလည်း Kawasaki Ninja 900/GPz900R အမျိုးအစားဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကမ္ဘာမှာ အမြန်ဆုံးဆိုင်ကယ်ပါပဲတဲ့။

ရိုက်ကူးရေးကာလမှာ လေယာဉ်စတန့်သမား Art Scholl ဟာ ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။ အလောင်းရော လေယာဉ်ပျက်ပါ ရှာမတွေ့ခဲ့ပါဘူး။ ဒီဇာတ်ကားဟာ သူ့ကိုအမှတ်ရစေဖို့ ဖြစ်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တဲ့အပြင် Oscar  ၁ ဆုနဲ့ အခြား ဆု ၁၀ ဆုကို ဆွတ်ခူးခဲ့ပါတယ်။
Take My Breath Away သီချင်းက Oscar ဆုရခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက Top Gun သင်တန်းသား ဘဝကတည်းက ထူးချွန်တဲ့ Maverick ဟာ တကယ့်စစ်မြေပြင်ဝင်ရာမှာ အတော်ဆုံးဖြစ်ဖို့အတွက်လည်း ရုန်းကန်ခဲ့ပါတယ်။

သူ့အဖေသေဆုံးခဲ့တဲ့ အမှားအယွင်းမျိုး ထပ်မကြုံရအောင် ဘယ်လိုကြိုးစားသလဲ...
 ခေါင်းမာတက်တဲ့ အကျင့်ကြောင့် အဆင်မပြေမှုတွေကို ဘယ်လိုရင်ဆိုင်သလဲ...

သူသဘောကျတဲ့ သင်တန်းပို့ချသူလေးနဲ့ ဇာတ်လမ်း.....

ကြည့်ပြီးသား ပြန်ကြည့်လည်း မရိုးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်ပါကြောင်း......

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Drama, Romance
[FILE SIZE]:…………………….….:) 751 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 50 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 Top Gun
(1986) on IMDb 

 

Download  
751 MB
G-Drive HD 

Wednesday, August 16, 2017

The Tuxedo (2002)


ဒီဇာတ်ကားက Jackie Chan ရဲ့ ပရိတ်သတ်တွေကော၊ သူ့ရဲ့ပရိတ်သတ်မဟုတ်သူတွေကြား အငြင်းပွားစရာ ဖြစ်ခဲ့တဲ့ ဇာတ်ကားပါ။ ကလေးကြိုက်ဇာတ်ကားမျိုး ဖြစ်သွားခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားမှာ Jackie ကတော့ သူရဲ့တာဝန်ကို ကျေပွန်အောင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 
Tuxedo ဆိုတာ အမျိုးသားဝတ် လည်ပင်းဖဲပြားပုံနဲ့ ဝတ်စုံကိုပြောတာပါ။ Penguin Suit လို့လည်း ခေါ်ကြပါတယ်။ ဒီဇာတ်ကားမှာ အဲဒီ ဝတ်စုံနဲ့ ပတ်သက်ပြီး တီထွင်တဲ့သူနဲ့ လိုချင်တဲ့သူကြားရောက်သွားတဲ့ အူကြောင်ကြောင် ဇာတ်ရုပ်နဲ့ Jackie နဲ့ လိုက်ဖက်ပါတယ်။
တစ်ကားလုံးကို ထုံးစံအတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ မြင်တွေ့ရမှာပါ။ 
Jackie ပရိတ်သတ်တွေနဲ့ မိသားစုအတူကြည့်လို့ရတဲ့ ဇာတ်ကားလေး ဖြစ်ပါကြောင်း....
#Flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Comedy, Sci-Fi
[FILE SIZE]:…………………….….:) 851 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 38 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 The Tuxedo
(2002) on IMDb


Download  
851 MB
G-Drive HD 

Jack Ryan: Shadow Recruit (2014)


စုံထောက် ၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး Jack Ryan ဇာတ်ကောင်နေရာကို မင်းသားတော်တော်များများ သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ကျန်မင်းသားတွေ က Jack Ryan (Chris Pine) တစ်ယောက် CIA မှာ နေရာရလာပြီး နောက်ပိုင်း ဘ၀ကို သရုပ်ဆောင်တာဖြစ်ပြီး၊ ဒီကားမှာတော့ သူ့ရဲ့ လူငယ်ဘ၀ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအစမှာ Jack Ryan က လန်ဒန်မှာ ကျောင်းတက်နေတုန်း၊ New York မှာ 9/11 (World Trade Center ကို အကြမ်းဖက်တိုက်ခိုက်ခံရတဲ့)သတင်း ကိုတွေ့ပြီး ကျောင်းဆက်မတက်တော့ပဲ စစ်ထဲဝင်ပြီး တိုင်းပြည်အတွက် စစ်မှုထမ်းခဲ့ပါတယ်။ အာဖဂန် မှာ စစ်မှုထမ်းနေရင်းနဲ့ ဒဏ်ရာအကြီးအကျယ်ရပြီး အနားယူခဲ့ရပါတယ်။ သူဆေးရုံမှာ ဆေးကုသနေတုန်း၊ သူ့ကို Kevin Costner က CIA အတွက် အလုပ်လုပ်ပေးဖို့ လာပြီး စည်းရုံးပါတယ်။

သူတို့ရဲ့အစီအစဉ်ကတော့ Jack ကို London မှာကျောင်းဆက်တက်ပြီး Ph.D ရအောင် လုပ် ပြီးရင် Wall Street မှာ အလုပ်ဝင်လုပ်ပြီး၊ Terrorist တွေရဲ့ ငွေကြေးတွေ ရင်းနှီးမြုပ်နှံမှုတွေ၊ မသင်္ကာဖွယ် တွေတွေ့ရင် အစီရင်ခံဖို့ဖြစ်ပါတယ်။ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာတော့ ရုရှားက အမေရိကားကို စီးပွားရေး အရ တိုက်ခိုက်ဖို့ကြံစည်လာပြီး၊ အမေရိကားရဲ့ Stock Market ကို ပြိုလဲအောင် လုပ်ဖို့ အကြံအစဉ်ကို Jack က သိရှိသွားပြီးတဲ့နောက်မှာတော့ သူတို့ ဘယ်လို ကြိုးစားပြီး ကာကွယ်မလည်း ဆိုတာကို သမရိုးကျ အက်ရှင်ကားတွေအတိုင်းပဲ တင်ဆက်ပေးထားပါတယ်။

ဇာတ်လမ်းအစမှာ တော်တော် လေးစိတ်ပျက်ဖို့ကောင်းပေမယ့် ဇာတ်လမ်း အရှိန်ရလာတဲ့အမျှ စည်းချက် မှန်လာပြီး စိတ်ဝင်စားဖို့ကောင်းလာသလို၊ ဇာတ်ကားတစ်ဝက်မှာတော့ အက်ရှင်ကားကောင်း တစ်ကား၊ စပိုင် ကားကောင်းတစ်ကားအဖြစ် ပြောင်းသွားပြီး၊ ဇာတ်ကားကောင်း တစ်ကားဖြစ်စေခဲ့ပါတယ်။
ရုပ်ရှင်အညွှန်း #ရုပ်ရှင်မိတ်ဆက်

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime,Thriller
[FILE SIZE]:…………………….….:) 801 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 51 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)

 Jack Ryan: Shadow Recruit
(2014) on IMDb


Download  
801 MB
G-Drive HD 

Tuesday, August 15, 2017

The Italian Job (2003)


"Trust everyone... Just not the devil inside of them."
ဆိုတဲ့ စကားလုံးလေးကတော့ ဇာတ်ကားပြီးတဲ့အထိ စိတ်ထဲစွဲကျန်နေတာပါ။ နောက်ကြုံတိုင်း ဆင်ခြင်မိတာက မင်းကိုတော့ ယုံပါတယ်ကွာ မင်းရဲ့လောဘကိုပဲ မယုံတာပါလို့ စိတ်ထဲမှာ ပြောကြည့်မိပါတယ်။ ဒီလို အပြောမျိုးတွေပဲ ပါတဲ့ တော်ကီများတဲ့ ဇာတ်ကား လုံးဝမဟုတ်ကြောင်းကိုတော့
world Stunt Award(2014) အပြင် အခြားဆု ၇ ဆု ရရှိခဲ့တာက သက်သေပြနေပါတယ်။

ဒီကားမှာ မမေ့နိုင်ဆုံးအခန်းကတော့ Mini Cooper ကားလေး ၃ စီးနဲ့ ပြေးတဲ့အခန်းပါပဲ။
အဲဒီ Mini Cooper သုံးစီးမှာ ၂ စီးက လျှပ်စစ်စွမ်းအင်သုံးအမျိုးအစားဖြစ်ပြီး ၁ စီးက Mini Cooper S အမျိုးအစားဖြစ်ပါတယ်။
Los Angles မြို့ရဲ့ မြေအောက်လမ်းစနစ်က လောင်စာသုံး ဘီးတပ်ယာဉ်များကို အသုံးပြုဖို့ ခွင့်မပြုလို့ပါတဲ့။
ရုပ်ရှင် တစ်ကားလုံးအတွက် ကား ၃၂ စီး အသုံးပြုခဲ့ရပါတယ်။

Transporter မင်းသားလို့ လူသိများတဲ့ အက်ရှင်မင်းသား Jason Statham က ဒီဇာတ်ကားမရိုက်ခင် အထူးကားမောင်းပြကွက်တွေအတွက် ဗြိတိန် Formula 1 ချန်ပီယံဟောင်း Damon Hill ဆီက ကားမောင်းနည်း ကျူရှင် ထပ်ယူခဲ့ရသေးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

အဲလို ကားမောင်းကြတဲ့ သရုပ်ဆောင်အဖွဲ့တွေထဲမှာ မင်းသမီး Charlize Theron က အတော်ဆုံးပါပဲ။
ဘယ်လောက်တောင် တော်လဲဆိုတော့ ဇာတ်ကားရိုက်ကူးနေစဉ်ကာလမှာ သက်မှတ်မိုင်နှုန်းထက် အမြန်မောင်းမှုနဲ့ ၂ ကြိမ် ဒဏ်ရိုက်ခံရလို့ပါပဲ။ ရိုက်ကူးရေးမှာ မောင်းနှင်ရတာ အရမ်းမြန်တဲ့အတွက် အိမ်ကို ဖြေးဖြေးမောင်းပြီး မပြန်တက်တော့ဘူးလို့ ပြောလိုက်ပါသေးတယ်။

လိုက်တမ်းပြေးတမ်း နဲ့ ပညာသားပါပါ ဓါးပြတိုက်တာတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ကားကောင်းဖြစ်တာကြောင့် ပြန်ကြည့်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါကြောင်း......
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime,Thriller
[FILE SIZE]:…………………….….:) 802 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 51 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 The Italian Job
(2003) on IMDb 


 

Download  
802 MB
G-Drive HD 

Constantine (2005)



ဂျွန်ကွန်စတန်တင်ဟာ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ပေးသူ အထက်လမ်းဆရာ တစ်ဦး ။

မကောင်းဆိုးဝါးတွေကြားထဲမှာပဲ သူ့ဘ၀ကိုရှင်သန်ပြီး သူလုပ်ခဲ့တဲ့ အကုသိုလ်တွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိတယ် ။ သူဟာ ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ ။

ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက် စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ် ။ သူ့ရဲ့ဝိဥာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစားပြီး စိတ်အနှောက်အယှက်ပေးနေကြပါတယ် ။

တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ ဂျွန်ဟာ အဲဒိအမျိုးသမီးဘက်ကနေ ကူပါတော့တယ် ။  

ကောင်းကင်တမန်နဲ့ နတ်ဆိုးတွေအပြင် နတ်ဆိုးဘုရင်လူစီဖာ ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..... 

ရုပ်ရှင်အညွှန်း - Areis Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Fantasy, Horror
[FILE SIZE]:…………………….….:) 800 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 1 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 Constantine
(2005) on IMDb 


Download  
800 MB
G-Drive HD 

Monday, August 14, 2017

Collateral (2004)



ဘဝတစ်ခုကို အေးဆေးငြိမ်းချမ်းစွာနဲ့
အမေကို လုပ်ကျွေးတစ်နေတဲ့ တက္ကဆီသမားတစ်ယောက်ရှိတယ် ။ သူ့ရဲ့စိတ်သဘောထားကောင်းမှုကြောင့် ရှေ့နေမတစ်ယောက်နဲ့ ကြိုက်မလိုအထိ ဖြစ်နေခဲ့တယ် ။
တစ်ညမှာ တက္ကဆီသမားဟာ လေဆိပ်ကဆင်းလာလာတဲ့
ခရီးသည် တစ်ဦးကို ခေါ်တင်မိတယ် ။ သူခေါ်တင်လာတဲ့ ခရီးသည်က ကြေးစားလူသတ်သမားဖြစ်နေပြီး သူ့ကားကို ငှားပြီး လူခြောက်ဦးကို နေရာအနှံ့လိုက်သတ်တယ် ။ သူသတ်ရမယ့်လူတွေက အမှုကြီးတစ်ခုက အဓိက သက်သေတွေပဲဖြစ်တယ် ။ ကြေးစားလူသတ်သမားက လူဘယ်နှစ်ဦးကို သတ်နိုင်မလဲ တက္ကဆီသမားကရော ဘယ်လို အလိုတူ အလိုပါ ကြံရာပါဖြစ်မလဲဆိုတာတော့ ကြည့်ရှု့လိုက်ကြပါ ။
ရုပ်ရှင်အညွှန်း - Areis Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Crime, Drama,Thriller
[FILE SIZE]:…………………….….:) 849 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 55 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)





`
 Collateral
(2004) on IMDb


Download  
849 MB
G-Drive HD 

Friday, August 11, 2017

John Day (2013)


ဘောလီးဝုဒ်ပရိသတ်တွေအတွက် ကားကောင်းတလက်တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းက Drama အမျိုးအစားဖြစ်ပြီး မင်းသားကြီး Naseeruddin Shah ခေါင်းဆောင်ပါဝင်ထားပါတယ်။

ဘဏ်မန်နေဂျာတယောက်ဖြစ်တဲ့ John Day ဟာ ဇနီးဖြစ်သူ Maria Day နဲ့ အတူတကွနေထိုင်ပါတယ်။ သူတို့မှာ သမီးလေးတယောက်ရှိခဲ့ပြီး ရုတ်တရတ်ပျောက်ဆုံးသွားကာ ပြန်ရှာလို့မတွေ့တော့ပါဘူး။ အဲ့ဒီအချိန်ကစပြီး Maira ဟာ စိတ်ကျရောဂါခံစားနေရပြီး ဘယ်သူနဲ့မှစကားမပြောတော့ပါဘူး။

တရက်မှာတော့ John Day ဟာ အလုပ်ကိစ္စနဲ့ နယ်ကိုသွားနေတဲ့အချိန် အိမ်မှာတယောက်တည်းကျန်ရစ်ခဲ့တဲ့ Maria အတွက် ဒုက္ခရောက်စရာကိစ္စတခုကြုံရပါတော့တယ်... အဲ့ဒီမှာ ဇာတ်လမ်းစတာပါပဲ....

ဘာတွေဒုက္ခဖြစ်လဲ... ဘယ်လိုဖြေရှင်းမှာလဲ ဆိုတာတွေကိုတော့....
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Mistery, Thriller
[FILE SIZE]:…………………….….:) 852 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 18 mins
[Translate By]:……………………..:) iflix
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)


 John Day
(2013) on IMDb


Download  
938 MB
G-Drive HD 

Thursday, August 10, 2017

Terminator 3: Rise of the Machines (2003)


ဒုတိယထွက်ခဲ့တဲ့ Terminator 2: Judgement Day ပြီးနောက် တတိယကား Terminator 3: Rise of The Machines ထွက်လာဖို့အတွက် အချိန် ၁၂ နှစ်ကြာသွားခဲ့ပါတယ်။ အဓိက သရုပ်ဆောင်ကြီး ဖြစ်တဲ့ မင်းသား အာနိုးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ခန္ဓာကိုယ် အလေးချိန်နဲ့ အချိုးအစားမျိုးအတိအကျ ရအောင် အချိန် ၆ လပေးပြီး တစ်နေ့ ၃ နာရီ လေ့ကျင့်ယူခဲ့ရပါတယ်။
သူ ကိုယ်တိုင်ကလည်း စိုးရိမ်နေတာက စစချင်း အဝတ်ဗလာနဲ့ အခန်းမှာ အရင်ဇာတ်ကားတွေထဲက ခန္ဓာကိုယ်မျိုးမဟုတ်မှာကို ပရိတ်သတ် သတိထားမိပြီး ဝေဖန်မှာကို ကြောက်တဲ့ အသက် ၅၆ နှစ်အရွယ် ဖြစ်နေခဲ့လို့ပါ။
ဒီဇာတ်လမ်းမှာ John Connor ဆိုတဲ့ကောင်လေးက အရွယ်ရောက်နေတဲ့သူဖြစ်နေပါပြီ။ သူ့ကို လုပ်ကြံမဲ့ အစီအစဉ်ကို Skynet အဖွဲ့အစည်းက လက်မလျော့ သေးတဲ့အတွက် အရင်ပို့ခဲ့တဲ့ T-1000 စက်ရုပ်ထက် ပိုပြီး ရက်စက်ကြမ်းတမ်းတဲ့ T-X ကို လွှတ်လိုက်ပါတယ်။ တစ်ဖက်ကလည်း ကာကွယ်ပေးမဲ့ CSM-101 အမျိုးအစား စက်ရုပ်ကို စေလွှတ်လိုက်ပါတယ်။ ကွန်ပြူတာ ဗိုင်းရပ်စ်တစ်မျိုးနဲ့ မြို့ပြ ထိန်းချုပ်ရေးစနစ်ကို ထိန်းချုပ်ပြီး လုပ်ကြံတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ပါတော့တယ်။ အဲဒီဗိုင်းရပ်စ်ဟာ စစ်ဖက်ဆိုင်ရာ အချက်အလက်တွေကိုပါ ထိန်းချုပ်မိတဲ့အခါမှာတော့ နျူးကလီယား စစ်ပွဲဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
အဲဒီအခါမှာ......
ဘာဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့ဗျာ.....
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Sci-Fi, Thriller
[FILE SIZE]:…………………….….:) 801 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 49 mins
[Translate By]:……………………..:) Con Pike
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)




 Terminator 3: Rise of the Machines
(2003) on IMDb





Download  
801 MB
G-Drive HD Large

Tuesday, August 8, 2017

Terminator 2: Judgment Day (1991)


ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကို ဖော်ပြချင်ပါတယ်။
ဒီ Terminator 2 ဇာတ်ကားဟာ ပထမကား(Terminator 1) ထွက်ပြီးနောက် ထပ်ရိုက်တဲ့ ဒုတိယကားတွေထဲမှာ အအောင်မြင်ဆုံးလို့ သတ်မှတ်ခံထားရပါတယ်။ (Mad Max :Fury Road 2015 မထွက်ခင်အထိပေါ့။)
နောက်ပြီး Terminator ဇာတ်ကားတွေထဲမှာလည်း အအောင်မြင်ဆုံးဆိုတာကို Oscar ဆု ၄ ဆုရရှိထားတာက သက်သေပြနေပါတယ်။
ဒီကားမှာ မင်းသားကြီးအာနိုးရဲ့ အနုပညာကြေးက ၁၅ မီလီယံဒေါ်လာရှိပါတယ်။ တစ်ကားလုံးမှာ သူပြောရတဲ့စကားက အလုံးရေ ၇၀၀ ပဲရှိပါတဲ့အတွက်ကြောင့် စကားလုံးတစ်လုံးကို ၂၁,၄၂၉ ဒေါ်လာတန်ပါတယ်။

Terminator 2 ဇာတ်ကားက လွန်ခဲ့တဲ့ ၁၀ နှစ်(Terminator 1) က လုပ်ကြံသတ်ဖြတ်ရာမှာ လွှတ်မြောက်ခဲ့တဲ့ Sarah Connor မှာ John Connor ဆိုတဲ့ သားတစ်ယောက် ရှိနေပါပြီ။ 
အဲဒီ John ဆိုတာ သူတို့ စက်ရုပ်တို့ကြီးစိုးတဲ့ ကမ္ဘာကို တွန်းလှန်မယ့်သူဖြစ်နေတာကြောင့် ဒုတိယအကြိမ် လုပ်ကြံဖို့ စီစဉ်ပါတယ်။ 
ဒါကို တားဆီးကာကွယ်မဲ့ အနာဂတ်ကမ္ဘာက စက်ရုပ်လူသားကလည်း ရှိနေပါတယ်။ လက်ဦးမှု ဘယ်သူရမလဲဆိုတာကတော့ ကြည့်ရှုခံစားကြပေးပါဦး။
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Sci-Fi, Thriller
[FILE SIZE]:…………………….….:) 818 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 17 mins
[Translate By]:……………………..:) Con Pike
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)


 Terminator 2: Judgment Day
(1991) on IMDb




Download  
818 MB
G-Drive HD Large

Shutter Island (2010)





ပုထုဇဉ်နော ဥမ္မာတကော

လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ရူးကြတယ် ဆိုပဲ။
နည်းနည်းရူးနေတာလေး များများရူးအောင် အရူးကားလေးတွေကြည့်ကြတာပေါ့။


Rating 8.1/10·IMDb မို့
ကောင်းတယ် ပြောနိုင်ပေမဲ့ အစပိုင်းတော့ ပျင်းစရာ ကောင်းမှာပါပဲ။

ဇာတ်လမ်းက
စုံထောက် လီယိုနာဒို နဲ့ သူ့ လက်ထောက် က လူသတ်မှု ကိစ္စ စုံစမ်းရင်းနဲ့ ကျွန်းတစ်ခုမှာ တည်ဆောက်ထားတဲ့ အရူးဆေးရုံ/ထောင် ကို ရောက်လာရာက စပါတယ်။

တစ်ကားလုံးကို လီယိုနာဒို ရဲ့
နေရာကနေ အများဆုံး ရိုက်ပြသွားတာမို့၊ ဇာတ်လမ်းတစ်လျှောက် အမှု စုံစမ်းပုံ၊ သဲလွန်စ ရပုံ တွေမှ တဆင့် နောက် ဆုံး ဇာတ်လမ်းရဲ့ လျှို့ဝှက်ချက်ကြီး ပေါ်လာတာပါပဲ။

ကြည့်ပြီး ကိုယ်တိုင် မွန်းကြပ်လာပြီး
ဘေးနားက လူတွေကို မယုံသင်္ကာဖြစ်လာတဲ့ အထိပါ။ လီယိုနာဒို အမူအရာ သိပ်ကောင်းပါတယ်။

ရုပ်ရှင်အညွှန်း - Aries Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Mistery, Thriller
[FILE SIZE]:…………………….….:) 852 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 18 mins
[Translate By]:……………………..:) iflix
[Fixed By]:……………………..:) Aries Win
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 Shutter Island
(2010) on IMDb




Download  
852 MB
G-Drive HD Large

Sunday, August 6, 2017

Dead Man Down (2013)


လူဆိုတာ ဘယ်လောက်ဆိုးဆိုး ဘယ်လောက်မိုက်မိုက် အချိန်တန် အိမ်ထောင်ကျလို့ သားသမီးရရင် မိမိဆိုးခဲ့သမျှ မိုက်ခဲ့သမျှကို နှောင်းနောင်တ ရစမြဲပါပဲ ။ အဲဒိလို သားသမီးရသွားလို့ နောင်တရသွားတဲ့ လူဆိုးတစ်ယောက်ရှိတယ် ။ သူ့အဖွဲ့ကတော့ ပြသနာတစ်ခုကို ရင်ယှဉ်ဆိုင်နေရတယ် ။
သူတို့လူဆိုးဂိုဏ်း ရင်ဆိုင်နေရတဲ့ ပြသနာကတော့ သူတို့အဖွဲ့သား တစ်ယောက်ခြင်းစီကို အမှဲ့ချွေချွေပြီး အသတ်ခံနေရတာပဲဖြစ်တယ် ။ တဖြေးဖြေး အောက်ခြေအဖွဲ့သားတွေ အသတ်ခံရနေတာကနေ အထက်အပိုင်းခေါင်းဆောင်အထိ နီးကပ်လာတယ် ။ သူတို့ အဖွဲ့ကို အမှဲ့ချွေ ချွေသူကို သူတို့ဘယ်လိုရှာမလဲ ....... တိုက်ခန်း တစ်ဘက်စီကနေ မျက်မှန်းတန်းမိပြီး လက်ပြနှုတ်ဆက်ရင်း ရင်းနှီးသွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီး ။ အမျိုးသမီးဖြစ်သူက ကားမတော်တဆမှုကြောင့် မျက်နှာတစ်ခြမ်း ပျက်ဆီးနေတယ် ။ အမျိုးသားဖြစ်သူကတော့ တကယ့်လူဆိုးအဖွဲ့က လူသတ်လူယုံတစ်ယောက် ။ အမျိုးသားရဲ့ လူသတ်မှုတစ်ခုကိုအကြပ်ကိုင်ရင်း သူ့ကိုကားနဲ့တိုက်သူကို လက်စားချေခိုင်းတယ် ။
 ပြသနာတွေတက်နေတဲ့ လူဆိုးအဖွဲ့က လူဆိုးတစ်ယောက်က မိန်းကလေးတစ်ယောက်ရဲ့ အကြပ်ကိုင်ခိုင်းစေမှုကို သူ ဘယ်လိုရှင်းမလဲ .......... 
တိုက်ခန်းတွဲတစ်ခုလုံးကို ပိုင်ဆိုင်ချင်တဲ့ သူဌေးကြောင့် လူဆိုးဂိုဏ်းတစ်ခုက တိုက်ခန်းမှာ ရှိသမျှလူတွေ နှင်ထုတ်မောင်းချရင်း မတော်တဆ သေနတ်ပစ်ခတ်မှုကနေ သေသွားတဲ့ ဟန်ဂရီ ရွှေပြောင်း မိသားစု ။ အဲဒိမိသားစုအတွက် ဘယ်သူက လူဆိုးဂိုဏ်းကို လာစားချေမလဲ ......... 
ဆက်ပြောရရင် ဒီရုပ်ရှင်ဟာ လှည့်ကွက် မြုပ်ကွက်အပြည့်နဲ့တော်တော်ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါပဲလို့ပဲ ညွှန်းချင်တယ် ။ 
ဇာတ်လမ်းကို အရမ်းကြီးညွှန်းရင်လည်း ကြည့်ကောင်းတော့မှာ မဟုတ်တော့အတွက် အညွှန်းကို ဒီလောက်ပဲရပ်ပြီး ကိုယ့်ဘာသာပဲ ကြည့်ရှူကြပါတော့လို့ .......
ရုပ်ရှင်အညွှန်း - Areis Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 852 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 58 mins
[Translate By]:……………………..:) Gurelia
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)


 Dead Man Down
(2013) on IMDb



Download  
852 MB
G-Drive HD Large

Gangster Squad (2013)


ဒုတိယကမ္ဘာစစ်ပြီးတော့
အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။
ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ်
အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။
လော့အိန်ဂျလိစ်မြို့မှာ
လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက လက်ဝှေ့လောက က လူ ၊ သူနာမည်က မစ်ကီ ကိုဟန် ။ သူက ငွေအင်အားကြီးတယ် ၊ လူအင်အားတောင့်တယ် ၊ ငွေနဲ့ အရာရှိတွေကို သူ့လက်ခုပ်ထဲ ထည့်ထားနိုင်တယ် ။ လော့အိန်ဂျလိစ့်မြို့ကို သူပိုင်တယ်လို့တောင် သူက ဆိုတယ် ။
သူငွေနဲ့ ချုပ်ကိုင်လို့မရတာက လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့က ဂျွန်အိုမာရာ ..
တရားသူကြီးတွေ ရဲချုပ်တွေအထိ
လာဘ်ထိုးထားလို့ မစ်ကီကိုဟန်ကို သက်သေရှိရင်တောင် ဖမ်းမရခဲ့ပါဘူး ။ တစ်နေ့မှာ ရဲမှူးက ဂျွန်အိုမာရာကို ခေါ်တွေ့တယ် ။ ကိုဟန်ရဲ့ လုပ်ငန်းတွေကို တရားဥပဒေအပြင်က နှောင့်ယှက်ဖျက်ဆီးပစ်ဖို့ပေါ့ ။ တစ်ကယ့် ဂိုဏ်းစတားတစ်ယောက်ရဲ့ အသိုင်းဝိုင်းကြားမှာ သူ့ လုပ်ငန်းတွေကို သာမန်ရဲစုံထောက် တစ်ယောက်အနေနဲ့ လွယ်လွယ်တော့ ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
ဒါပေမယ့် နာကျည်းစိတ်တွေပါလာရင်တော့ ...
ရုပ်ရှင်အညွှန်း - Aries Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 836 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 53 mins
[Translate By]:……………………..:) Gurelia
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 Gangster Squad
(2013) on IMDb




Download  
836 MB
G-Drive HD Large

The Kick (2011)



ခြေကန်ကစ်တွေကို မှ သဘောကျတဲ့ သိုင်းလောကသားတွေ အတွက် တိုက်ကွမ်ဒိုကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ 
ကိုရီးယားနဲ့ ထိုင်း တွဲရိုက်ထားတာဖြစ်ပြီး  ONE BAK ထိုင်းကားရဲ့ ဒါရိုက်တာ Prachya Pinkaew ဖြစ်ပါတယ်။ သိုင်းချခန်းတွေ အပြင် ဟာသ ပါ ရောနှောထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ကိုရီးယား တိုက်ကွမ်ဒို သင်တန်းကျောင်းမိသားစုမှာ သားတစ်ယောက်ရှိတယ်။ Olympic မှာ တိုက်ကွမ်ဒို ရွှေတံဆိပ်ရဖို့အထိ မျှော်မှန်းထားပေမဲ့ သူကိုယ်တိုင်ကတော့ Hip Hop အဆိုတော် ဖြစ်ဖို့ ဝါသနာပါသူပါ။ တိုက်ကွမ်ဒို သင်တန်းကျောင်းကို ထိုင်းနိုင်ငံမှာဖွင့်ထားပြီး အဲဒီမှာ သူဌေးသား လူဆိုးတစ်ယောက်ရဲ့ လုပ်ရပ်တစ်ခုမှာ ပတ်သတ်မိပြီး နှစ်ဖက်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပါ။ လက်စားချေမှုတွေကို အခြေခံပြီး သုံးတဲ့တိုက်ကွက်တွေကလည်း အရမ်းကို အဆင့်မြင့်ပါတယ် လို့ အာရှ ရုပ်ရှင်ဝေဖန်းရေး Blog တစ်ခုက ချီးကျူးပြောဆိုထားပါတယ်။
သိုင်းလောကသားတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါကြောင်း...
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Sport
[FILE SIZE]:…………………….….:) 800 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 34 mins
[Translate By]:……………………..:) လယ်ဝေးသားလေး ကျော်မျိုးသူ
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 The Kick
(2011) on IMDb



Download  
800 MB
G-Drive HD Large

Friday, August 4, 2017

The Terminator (1984)



ဒီနေ့ခေတ်မှာ Time Travel အကြောင်းသိပ်ပြီး မပြောဆိုကြတော့ပေမယ့် Time Travel အယူအဆနဲ့ အကြောင်းအရာကို စာအုပ်ရေးသား အောင်မြင်တဲ့ အချိန်ကာလကတော့ ၁၇၇၁ ခုနှစ်ဝန်းကျင်က ဖြစ်ပြီး ပြင်သစ်စာရေးဆရာ Louis-Sébastien Mercier က ရေးခဲ့တာပါ။ အဲဒီထက်စောပြီး Time Traveller (ရောက်ချင်တဲ့ အချိန်ကို သွားနိုင်တဲ့သူ) အကြောင်းအရာများ ပေါ်ထွက်ခဲ့ပါသေးတယ်။
အချို့က အတိတ်ကို သွားလည်ရုံသာ ရပေမယ့် အချို့ကတော့ ဖြစ်ရပ်တွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကမ္ဘာကြီး တစ်ခုလုံးကိုတောင် ပြုပြင်ပြောင်းလဲချင်ရင် ကြိုးစားလုပ်ယူလို့ ရကြောင်းတောင် ဆိုပါတယ်။
ရူပဗေဒ ပညာအရလည်း အချိန်တစ်ခုနဲ့ တစ်ခုအခြား ခရီးသွားလို့ရအောင် သံလိုက်စက်ဝိုင်းများ ဖန်တီးနိုင်ကြောင်း ဆိုပြီး ယနေ့တိုင် ကြိုးစားတီထွင်နေသူများလည်း ရှိပါတယ်။
နည်းပညာနဲ့ စိတ်ကူးယဉ်မှုကို ပေါင်းစပ်ထားတဲ့ ယုံကြည်မှုတစ်မျိုးပါ။

အခု Terminator ဇာတ်ကားမှာ အချိန်ခရီးသွားခြင်း နည်းပညာနဲ့ စက်ရုပ်တို့ကမ္ဘာဖြစ်နေတဲ့ ၂၀၂၉ ကနေ ၁၉၈၄ ကို ပြန်သွားပြီး စက်ရုပ်တွေရဲ့အုပ်စိုးမှုကို ဖျက်ဆီးနိုင်တဲ့သူ မမွေးဖွားလာအောင် တားဆီးတဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ပြီး ရိုက်ကူးထားပါတယ်။
ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ သူတွေ အများကြီး ရှိနိုင်ပါတယ်။ မင်းသားကြီး အာနိုးရဲ့ ပိုစတာတွေ ဝယ်ပြီး အိမ်နံရံမှာကပ်ခဲ့တဲ့အထိ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်ကားထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ 
ဒါရိုက်တာ James Cameron ရဲ့လက်ရာဖြစ်တာကြောင့် ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်သိပ်မထူးဆန်းပေမယ့် တကယ့်ကို ဆန်းသစ်တဲ့ ဇာတ်လမ်းတည်ဆောက်ပုံနဲ့ နည်းပညာအယူအဆ ဖြစ်ခဲ့တာကတော့ အထူးပြောစရာမလိုတော့ပါဘူး။
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Sci-Fi
[FILE SIZE]:…………………….….:) 800 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 47 mins
[Translate By]:……………………..:) Con Pike
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)


 The Terminator
(1984) on IMDb



Download  
800 MB
G-Drive HD Large

Thursday, August 3, 2017

Poseidon (2006)




Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်မှာ ဖြစ်တောင့်ဖြစ်ခဲ ဒီရေကြောင့်ဖြစ်လာတဲ့ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ 
အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ 
သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ 
ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလား ... 
ဒီရုပ်ရှင်မှာ လူသားဆန်မှု တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .........

ရုပ်ရှင်အညွှန်း - Aries Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action,Adventure,Drama
[FILE SIZE]:…………………….….:) 600 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 38 mins
[Translate By]:……………………..:) Sithu Htet
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)

 Poseidon
(2006) on IMDb



Download  
600 MB
G-Drive HD Large

Heart of a Dragon (1985)


ဒီဇာတ်ကားက Jackie Chan နဲ့ Sammo Kam-Bo Hung (ဖက်တီးမင်းသား) တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ Sammo Kam- Bo Hung ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းဖြစ်တဲ့ အပြင် ဟာသဇာတ်ရုပ်ကို ပီပြင်အောင် ဖော်ပြနိုင်တဲ့  သရုပ်ဆောင်ချက်တွေကို တွေ့ရမှာပါ။

ဇာတ်လမ်း အကျဉ်းကတော့ ရဲစုံထောက်ဖြစ်တဲ့ Ted ဟာ သင်္ဘောတစ်စီးနဲ့ ရွက်လွှင့်ချင်တဲ့ စိတ်ရှိပေမယ့် စိတ်ဝေဒနာ ခံစားနေရတဲ့ အစ်ကိုဖြစ်သူ Danny ကို ပြုစုနေရပါတယ်။ Danny ဟာ ရတနာတွေခိုးယူတယ်ဆိုပြီး ဒုက္ခရောက်ချိန်မှာတော့ Ted ဟာ ကယ်ဖို့အတွက် အစွမ်းကုန် ကြိုးစားပါတော့တယ်။

ဇာတ်လမ်းအကျဉ်းနဲ့ ဝေဖန်ရေး တစ်ခုက ပြောထားတာက သူတို့နှစ်ယောက်အတွဲဟာ ဟောင်ကောင် အက်ရှင်ရဲ့ သားကောင်းရတနာတွေဖြစ်ကြောင်း၊ ဒီဇာတ်ကားမှာ ညီအစ်ကိုသံယောဇဉ်ကို ဖော်ပြထားပြီး အက်ရှင်ခန်းကို အနည်းငယ်ပဲ ထည့်ထားပါတယ်တဲ့။ ဇာတ်လမ်းစပြီး မိနစ် ၅၀ ကြာမှ အက်ရှင်တိုက်ခိုက်ခန်းတွေကို စမြင်ရပေမယ့် ကြည့်တဲ့သူကို ရယ်မြူးအောင် ကြေကွဲအောင် လုပ်ဆောင်နိုင်တဲ့ ကားကောင်းဖြစ်ပါတယ်လို့ ပြောထားပါတယ်။ 
ထူးထူးခြားခြား ဒီဇာတ်ကားထဲက Sui Hoh Seung Yi" ('Who Could Be Dependent') ဆိုတဲ့ ဇာတ်ဝင်တေးက ဟောင်ကောင် ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်သီချင်းဆုကို ဆွတ်ခူးခဲ့ပါတယ်။
#flim2mm

FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Comedy, Crime
[FILE SIZE]:…………………….….:) 814 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Translate By]:……………………..:) လယ်ဝေးသားလေး Kyaw Myo Thu
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)


 Heart of a Dragon
(1985) on IMDb



Download  
814 MB
G-Drive HD Large