ဒုတိယထွက်ခဲ့တဲ့ Terminator 2: Judgement Day ပြီးနောက် တတိယကား Terminator 3: Rise of The Machines ထွက်လာဖို့အတွက် အချိန် ၁၂ နှစ်ကြာသွားခဲ့ပါတယ်။ အဓိက သရုပ်ဆောင်ကြီး ဖြစ်တဲ့ မင်းသား အာနိုးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ခန္ဓာကိုယ် အလေးချိန်နဲ့ အချိုးအစားမျိုးအတိအကျ ရအောင် အချိန် ၆ လပေးပြီး တစ်နေ့ ၃ နာရီ လေ့ကျင့်ယူခဲ့ရပါတယ်။
သူ ကိုယ်တိုင်ကလည်း စိုးရိမ်နေတာက စစချင်း အဝတ်ဗလာနဲ့ အခန်းမှာ အရင်ဇာတ်ကားတွေထဲက ခန္ဓာကိုယ်မျိုးမဟုတ်မှာကို ပရိတ်သတ် သတိထားမိပြီး ဝေဖန်မှာကို ကြောက်တဲ့ အသက် ၅၆ နှစ်အရွယ် ဖြစ်နေခဲ့လို့ပါ။
ဒီဇာတ်လမ်းမှာ John Connor ဆိုတဲ့ကောင်လေးက အရွယ်ရောက်နေတဲ့သူဖြစ်နေပါပြီ။ သူ့ကို လုပ်ကြံမဲ့ အစီအစဉ်ကို Skynet အဖွဲ့အစည်းက လက်မလျော့ သေးတဲ့အတွက် အရင်ပို့ခဲ့တဲ့ T-1000 စက်ရုပ်ထက် ပိုပြီး ရက်စက်ကြမ်းတမ်းတဲ့ T-X ကို လွှတ်လိုက်ပါတယ်။ တစ်ဖက်ကလည်း ကာကွယ်ပေးမဲ့ CSM-101 အမျိုးအစား စက်ရုပ်ကို စေလွှတ်လိုက်ပါတယ်။ ကွန်ပြူတာ ဗိုင်းရပ်စ်တစ်မျိုးနဲ့ မြို့ပြ ထိန်းချုပ်ရေးစနစ်ကို ထိန်းချုပ်ပြီး လုပ်ကြံတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ပါတော့တယ်။ အဲဒီဗိုင်းရပ်စ်ဟာ စစ်ဖက်ဆိုင်ရာ အချက်အလက်တွေကိုပါ ထိန်းချုပ်မိတဲ့အခါမှာတော့ နျူးကလီယား စစ်ပွဲဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
အဲဒီအခါမှာ......
ဘာဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့ဗျာ.....
#flim2mm
[GENRE]:……………………….… .:) Action, Sci-Fi, Thriller
[FILE SIZE]:…………………….….:) 801 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 49 mins
[Translate By]:……………………..:) Con Pike
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)
No comments:
Post a Comment