Thursday, August 17, 2017

Top Gun (1986)


Top Gun ဇာတ်ကားအောင်မြင်ချက်က U.S Navy ရဲ့တပ်သားသစ်စုဆောင်းရေးဌာနက သူတို့ရဲ့သင်တန်းအသစ် ခေါ်တဲ့ ပိုစတာတွေကို ရုပ်ရှင်ရုံကြီးတွေမှာ သွားထောင်ထားတဲ့အထိပါပဲ။ 
အဲလိုလုပ်ခဲ့လို့ တပ်ထဲကိုဝင်တဲ့ အရေအတွက် ၅၀၀ ရာခိုင်နှုန်းအထိ တိုးသွားခဲ့ပါတယ်။အဲဒီကာလမှာ တပ်ထဲဝင်ရောက်ခဲ့တဲ့သူတွေကလည်း အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ကြပါတယ်တဲ့။

အရပ် ၅' ၇" ရှိတဲ့ ခေါင်းဆောင်မင်းသား Tom Cruise အနေနဲ့ အရပ် ၅' ၁၀" ဖြစ်အောင် ဖိနပ်မှာ ၃" အမြင့်ထည့်ပြီး စီးခဲ့ရပါသေးတယ်။ ပိုင့်လော့ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီပေါ့။ သူ့ရဲ့ဇာတ်ရုပ်ကို အတွက် Tom Cruise ဟာ F-14 Tomcat အမျိုးအစားလေယာဉ်ကို သုံးကြိမ်လိုက်ပါစီးနင်းခဲ့ပြီး ပထမဆုံးစီးတဲ့အခေါက်မှာ မူးဝေပြီး အန်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမတိုင်ခင်ထိ သူဟာ ဆိုင်ကယ်မမောင်းဖူးပါဘူး။ စီးတဲ့ဆိုင်ကယ်ကလည်း Kawasaki Ninja 900/GPz900R အမျိုးအစားဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ကမ္ဘာမှာ အမြန်ဆုံးဆိုင်ကယ်ပါပဲတဲ့။

ရိုက်ကူးရေးကာလမှာ လေယာဉ်စတန့်သမား Art Scholl ဟာ ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျပြီး သေဆုံးခဲ့ပါတယ်။ အလောင်းရော လေယာဉ်ပျက်ပါ ရှာမတွေ့ခဲ့ပါဘူး။ ဒီဇာတ်ကားဟာ သူ့ကိုအမှတ်ရစေဖို့ ဖြစ်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံး ဖြစ်ခဲ့တဲ့အပြင် Oscar  ၁ ဆုနဲ့ အခြား ဆု ၁၀ ဆုကို ဆွတ်ခူးခဲ့ပါတယ်။
Take My Breath Away သီချင်းက Oscar ဆုရခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းက Top Gun သင်တန်းသား ဘဝကတည်းက ထူးချွန်တဲ့ Maverick ဟာ တကယ့်စစ်မြေပြင်ဝင်ရာမှာ အတော်ဆုံးဖြစ်ဖို့အတွက်လည်း ရုန်းကန်ခဲ့ပါတယ်။

သူ့အဖေသေဆုံးခဲ့တဲ့ အမှားအယွင်းမျိုး ထပ်မကြုံရအောင် ဘယ်လိုကြိုးစားသလဲ...
 ခေါင်းမာတက်တဲ့ အကျင့်ကြောင့် အဆင်မပြေမှုတွေကို ဘယ်လိုရင်ဆိုင်သလဲ...

သူသဘောကျတဲ့ သင်တန်းပို့ချသူလေးနဲ့ ဇာတ်လမ်း.....

ကြည့်ပြီးသား ပြန်ကြည့်လည်း မရိုးနိုင်တဲ့ ဇာတ်ကားကောင်းဖြစ်ပါကြောင်း......

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Drama, Romance
[FILE SIZE]:…………………….….:) 751 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 50 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut (အလွမ်းသံစဉ်)



 Top Gun
(1986) on IMDb 

 

Download  
751 MB
G-Drive HD 

1 comment:

  1. Hey I know this is off topic but I was wondering if you knew of any widgets I could add to my blog that automatically tweet my newest twitter updates. I've been looking for a plug-in like this for quite some time and was hoping maybe you would have some experience with something like this. Please let me know if you run into anything. I truly enjoy reading your blog and I look forward to your new updates. hotmail sign in email

    ReplyDelete