Friday, September 8, 2017

Disturbia (2007)

ကေးလ် ဆိုတဲ့ လူငယ်တစ်ယောက် ကျောင်းပိတ်ရက်မှာ သူ့အဖေနဲ့ ငါးသွားမျှားပြီးပြန်လာတော့ လမ်းမှာ ကားမတော်တဆမှုဖြစ်ပြီး အဖေ ဖြစ်သူဆုံးသွားတယ် ။ ကျောင်းတွေပြန်ဖွင့်တော့ စပိန်စကားပြောသင်တန်းဆရာက ကေးလ်ကို သူ့အဖေပတ်သက်ပြီး ပြောဆိုလိုက်တယ် ။ သူ့အဖေကို စော်ကားလို့ ကေးလ်က ကျောင်းဆရာကို လက်ရောက်မှု ကျူးလွန်လိုက်တယ် ။ အဲဒိလက်ရောက်မှုအတွက် ကေးလ်ကို တရားရုံးက နေအိမ်ခြေချုပ် သုံးလ ချလိုက်တယ် ။ ကေးလ်ဆိုတဲ့ကောင်လေးဟာ ဘယ်မှ မထွက်ရပဲ နေအိမ်ထဲမှာပဲ သုံးလ နေရတော့တယ် ။ ဒါပေမယ့် သူဟာ အိမ်ထဲမှာ ငြိမ်ငြိမ်မနေပါဘူး ။ မှန်ပြောင်းတစ်လက်နဲ့ ပတ်ဝန်းကျင်အိမ်တွေကို လိုက်ပြီး လေ့လာနေပါတော့တယ် ။ ဒီလိုနဲ့ တစ်ညမှာ ရောဘက် တာနာ ဆိုသူက သူ့အိမ်ကို ကလပ်က မိန်းမလှလေးတစ်ယောက်ကို ခေါ်လာတယ် ။ အိမ်ထဲမှာ မိန်းမလှလေးနဲ့ ရောဘတ် တာနာတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ကေးလ် တွေ့လိုက်ရတယ် ။ ကေးလ် သတိထားကြည့်မိတယ် …. မိန်းမလှလေးဟာ ဘယ်တော့မှ ရောဘတ် တာနာအိမ်က ပြန်ထွက်မလာတော့ပါဘူး ။ ကေးလ်ဆိုတဲ့ကောင်လေး ထင်တာက ရောဘတ်တာနာဟာ တက္ကဆပ်ပြည်နယ်က ပြောင်းလာတဲ့ မိန်းမလှလူသတ်သမားပေါ့ ၊ အဲဒိတော့ ကေးလ်ဟာ သူ့သူငယ်ချင်းကိုခေါ်ပြီး ရောဘတ်တာနာရဲ့အိမ်ကို အပြင်းအထန်လေ့လာပါတော့တယ် ။ ဒီတော့က …. ရောဘတ်တာနာဟာ တကယ်ပဲ လူသတ်သမားလား ၊ ကေးလ်ကပဲ နေအိမ်ခြေချုပ်ကြောင့် အထင်လွဲတာလား ၊ ဇာတ်ကား အစ အဆုံး အသည်းတအေးအေးနဲ့ ကြည့်ရှုကြပါလို့ တိုက်တွန်းချင်ပါတယ်။

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Mystery
[FILE SIZE]:…………………….….:) 652 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 45 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut

 Disturbia
(2007) on IMDb 

 
Download
652 MB
G-Drive HD

No comments:

Post a Comment