Tuesday, September 12, 2017

The Protector (2005)


Ong-Bak မင်းသားလို့ သိကြတဲ့ Tony Jaa ရဲ့ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိက ထူးခြားချက်က ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာ ရပ်နားခြင်းမရှိ ဆက်တိုက်ရိုက်ကူးတဲ့ အကြာဆုံးတိုက်ခိုက်ခန်း တစ်ခန်းပါရှိတယ်ဆိုတဲ့ အချက်ပါပဲ။ တိုက်ခိုက်ခန်း အားလုံးကလည်း ကြာချိန် ၄ မိနစ်နဲ့ အထက်ရိုက်ကူးထားပါတယ်။ ပထမ Ong Bak တုန်းကလိုပဲ ကြိုးမသုံးပဲ စတန့်လူစားမထည့်ပဲ ရိုက်ကူးခဲ့ပါတယ်။
Tony Jaa ဟာ မွေထိုင်းကိုယ်ခံပညာကို ဖွံ့ဖြိုးအောင်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဆင်ရဲ့ လှုပ်ရှားမှုပုံစံကို အခြေခံပြီး "throw, stamp on, grab, break" ဆိုတဲ့ စနစ်ကို ဖော်ထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ ထူးထူးခြားခြား Tony Jaa's Idol စံနမူနာထားရတဲ့ ပုဂ္ဂိုလ် ၃ ဦး ကို လျှပ်တပြတ် အနေအထားနဲ့ ထည့်ထားပါတယ်။ ပထမ တစ်ဦးကတော့ Tony Jaa ရဲ့ ဖခင်ဖြစ်ပါတယ်။ ဒုတိယတစ်ဦးကတော့ Jackie Chan ဖြစ်ပြီး တတိယတစ်ဦးကတော့ ထိုင်းနိုင်ငံရဲ့ Rock Star- Sek Loso တို့ ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ American Box Office မှာ ပထမဆုံးစာရင်းဝင်ခဲ့တဲ့ ထိုင်းကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့
Australia ကို အပို့ခံလိုက်ရတဲ့ ဆင်ကို လိုက်ရှာတဲ့ ဇာတ်လမ်းပါ။ ထိုင်းလူမျိုး Australia ရဲဝန်ထမ်း Kham ရဲ့အကူအညီနဲ့ လူဆိုးဂိုဏ်းကို ဖြိုခွင်းပြီး ဆင်ကို ကယ်ဆယ်နိုင်ပါ့မလားဆိုတာကတော့ မျက်တောင်မခက်တမ်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime, Drama
[FILE SIZE]:…………………….….:) 701 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 51 mins
[Translated By]:……………………..:) Kyaw Myo Thu (လယ်ဝေးသားလေး)
[Encoded By]:...................... :) Nyi Htut



 The Protector
(2005) on IMDb 


Download
701 MB
G-Drive HD

No comments:

Post a Comment