Saturday, October 28, 2017

The Matrix 1,2 & 3






 ဒါရိုက်တာတွေဖြစ်တဲ့ Wachowski တို့ဟာ Matrix ရုပ်ရှင်ရဲ့ Idea နဲ့အတူ Warner Bros. ကို ချဉ်းကပ်ခဲ့စဉ်က ရုပ်ရှင်အတွက် Budget $80 million ကိုတောင်းခဲ့ပါတယ်။ သို့ပေမဲ့ Warner က $10 million ပဲပေးခဲ့ပါတယ်။ ဒါနဲ့ပဲ Wachowski တို့ဟာ ပေးတဲ့ $10 million ကိုယူပြီး အဲငွေတွေနဲ့ပဲ The Matrix ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းဖြစ်တဲ့ Carrie-Anne Moss ရဲ့ ဆယ်မိနစ်ကြာ Action ခန်းကိုရိုက်ကူးခဲ့ပြီး Warner ကိုသွားပြပါတယ်။ အဲတော့မှ Warner က တာဝန်ရှိသူတွေက သဘောကျသွားပြီး တောင်းထားတဲ့ Budget ကိုထုတ်ပေးခဲ့ပါတယ်။ အဲဒီ ပထမဆုံး ဇာတ်ဝင်ခန်းဟာလည်း ရိုက်ကူးဖို့ (၆) လလောက် လေ့ကျင့်ခဲ့ရပြီး ၄ ရက်ကြာ ရိုက်ခဲ့ပေမဲ့ ရုပ်ရှင်ထဲမှာတော့ ဆယ်မိနစ်သာကြာပါတယ်။

သိုင်းပညာရှင် Woo-Ping Yuen ဟာ The Matrix မှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပြီး သူ့ကို Wachowskis တို့က ထပ်မခေါ်အောင်ဆိုပြီး ငွေပိုတောင်းပါတယ်။ ဒါကိုလည်း သူ့ကိုရုပ်ရှင်မှာပါဖို့ ခေါ်နေတုန်းပါ။ ဒါကြောင့် Yuen ဟာ ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုမှုလို့ ထင်ရတဲ့ “ဇာတ်လမ်းပါ သရုပ်ဆောင်တွေကို ၄ လကြာ သိုင်းသင်ပေးပြီး တိုက်ပုံခိုက်ပုံတွေအကုန်လုံးကို ထိန်းချုပ်ခွင့်ပေးမှ လုပ်ပေးမယ်” လို့ပြောခဲ့ပါတယ်။ Wachowskis တို့က လက်ခံခဲ့ပါတယ်။The Matrix ဇာတ်ဝင်ခန်းတွေထဲက Matrix ထဲမှာဖြစ်ပျက်နေသမျှအားလုံးကို အစိမ်းရောင်ဖျော့ဖျော့ထည့်ထားပါတယ်။ ဆိုတော့ ကြည့်နေရသူဟာ ကွန်ပျူတာ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရသလိုဖြစ်အောင်ပါ။ အပြင်လောကမှာဖြစ်နေတဲ့ဟာတွေဆိုရင် အပြာရောင်ဖျော့ဖျော့ သုံးတယ်ဆိုရုံ သုံးထားပါတယ်။

Morpheus နဲ့ Neo တို့နှစ်ယောက် တိုက်တဲ့အခန်းကတော့ Matrix မှာရော အပြင်လောကမှာရော မဟုတ်တဲ့အတွက် အဝါရောင်ဖျော့ဖျော့သုံးထားပါတယ်။အဝတ်အစား ဒီဇိုင်နာ Kym Barrett အဆိုအရ ဇာတ်ကောင် Trinity ရဲ့ ဝတ်စုံဟာ ဈေးကြီးဝတ်စုံမဟုတ်ပါဘူး။ Budget အတွက် ဈေးပေါတဲ့ PVC သားနဲ့လုပ်ထားတာပါ။ အဲလိုပဲ Neo ရဲ့ coat ကလည်း တစ်ကိုက်ကို ၃ ဒေါ်လာပဲပေးရတဲ့ အစနဲ့လုပ်ထားတာပါ။ဇာတ်လမ်းရဲ့ ပထမဆုံး ၄၅ မိနစ်အတွင်း Neo ဟာ Dialogue အကြောင်း ၈၀ ခန့်ပြောပါတယ်။ အဲထဲက တစ်ဝက်ကျော် ဖြစ်တဲ့ ၄၄ ကြောင်းက မေးခွန်းတွေမို့လို့ စကားတစ်ခွန်းကို မေးခွန်းတစ်ပုဒ်နှုန်းဖြစ်နေပါတယ်။ရုပ်ရှင်စစချင်းက Phone trace program မှာပါတဲ့ နေ့စွဲက 19.2.98 ဖြစ်ပြီး ဇာတ်သိမ်းမှာပါတဲ့ နေ့စွဲက 18.9.88 မို့လို့ ရုပ်ရှင်ထဲက အဖြစ်အပျက်တစ်ခုလုံးဟာ (၉) လ ကြတဲ့သဘောပါ။ဇာတ်လမ်းထဲက MetaCortex ရုံးခန်းပြင်ပမှာ ဖုန်းပြောတဲ့ ဇာတ်ဝင်ခန်းအတွက် မင်းသား Keanu Reeves ဟာ စတန့်မသုံးဘဲနဲ့ ၃၄ ထပ်မှာရှိတဲ့ ပြူတင်းပေါက်မှာ တက်ရိုက်ခဲ့တာပါ။

Neo နေရာမှာသရုပ်ဆောင်ဖို့ Will Smith ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမဲ့ Will Smith ဟာ Wild Wild West မှာသရုပ်ဆောင်ဖို့ရှိလို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း Will Smith က “ကျွန်တော်က အဲဒီတုန်းက မရင့်ကျက်သေးတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်သာ ရိုက်ဖြစ်ခဲ့ရင် တလွဲတွေဖြစ်ကုန်မှာ။ အဲအတွက် ကျွန်တော် မပါခဲ့ရတာ နောင်တမရပါဘူး။ Keanu က အင်မတန်ကောင်းတဲ့ Neo ပါ” လို့ပြောခဲ့ပါတယ်။ Nicolas Cage ကိုကမ်းလှမ်းခဲ့သေးပေမဲ့ မိသားစုကိစ္စတွေကြောင့် ငြင်းဆိုခဲ့ပါတယ်။ Tom Cruise ကိုလည်း ခေါ်ဖို့လုပ်ခဲ့ပါသေးတယ်။ရဟတ်ယာဉ်နဲ့ ဇာတ်ဝင်ခန်းကြောင့် ရုပ်ရှင်ရိုက်ကူးရေးတစ်ခုလုံး ဖျက်သိမ်းရမလိုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဘာလို့ဆို ရိုက်ကူးရေးက ရဟတ်ယာဉ်က Sydney က လေကြောင်းကန့်သတ် နယ်မြေအတွင်းမှာ ပျံခဲ့လို့ပါ။

ဒီလိုနဲ့ပဲ The Matrix ရုပ်ရှင်ဆက်ရိုက်နိုင်ဖို့ Australia ရဲ့ New South Wales ပြည်နယ် က စည်းမျဉ်းဥပဒေအချို့ကို ပြင်ဆင်ခဲ့ရပါတယ်။The Matrix ရုပ်ရှင်ထဲရဲ့ နာမည်ကျော် အမှတ်တံဆိပ်လို့ပြောလို့ရတဲ့ နေကာမျက်မှန်တွေရဲ့ အမှတ်တံဆိပ်ဟာ လက်လုပ်မျက်မှန်တွေရောင်းချတဲ့ Blinde ဖြစ်ပါတယ်။ အဲဒီနေကာမျက်မှန်ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ Richard Walker ဟာ ဒီရုပ်ရှင်မှာပါနိုင်ဖို့အတွက် တင်ဒါတင်တာမှာ တခြားကုမ္ပဏီကြီးတွေဖြစ်တဲ့ Ray-Ban နဲ့ Arnette တို့ကို ယှဉ်မရဖြစ်နေခဲ့ပါတယ်။ အဲဒါနဲ့ပဲ Walker ဟာ မျက်မှန် နှစ်လက်လောက်ကို Matrix ဇာတ်ကောင်တွေရဲ့ တမူထူးခြားနဲ့ နာမည်နဲ့လိုက်အောင် ကိုယ်တိုင်ဖန်တီးပြခဲ့ပါတယ်။ တင်ဒါအောင်သွားတယ်။ ဒါနဲ့ပဲ Walker ဟာ Matrix ရိုက်ကူးနေသမျှကာလပတ်လုံး Sydney မှာသွားရောက်နေထိုင်ပြီး ဇာတ်ကောင်တွေအတွက် မျက်မှန်တွေကို သီးသန့်ပြုလုပ်ပေးနေခဲ့ပါတယ်။The Matrix ရုပ်ရှင်ကို 2012 မှာတော့ U.S ကွန်ဂရက်စာကြည့်တိုက်က National Film Registry မှာသိမ်းဆည်းထားဖို့ ရွေးချယ်ခဲ့ပါတယ်။ရုပ်ရှင်တစ်ကားလုံးထဲက တိရစ္ဆာန်တွေအားလုံးဟာ CGI တွေလို့ဆိုပါတယ်။Morpheus ရဲ့ယာဉ်ပျံဖြစ်တဲ့ Nebuchadnezzar ဆိုတဲ့နာမည်ဟာ Daniel သမ္မာကျမ်းစာထဲက Babylon ဘုရင် Nebuchadrezzar II ကိုစွဲမှည့်ထားတာပါ။

ဘုရင်ကြီး Nebuchadrezzar the Great ဟာ ကျမ်းစာခေတ်ထဲမှာတော့ Israel ကိုသိမ်းပိုက်နိုင်ခဲ့မှုကြောင့် နာမည်ကျော်ကြားပြီး သူ့မိန်းမအတွက် ရှေးခေတ် World Wonder တစ်ခုဖြစ်တဲ့ Hanging Gardens of Babylon ကိုလည်း တည်ဆောက်ပေးခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်အတွက် လက်နက်ထောက်ပံ့ပေးထားတဲ့ John Bowring အဆိုအရ Keanu Reeves လက်နက်တိုက်ထဲရောက်သွားတဲ့ ဇာတ်ဝင်ခန်းထဲက သေနတ်တွေဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့သေနတ်တွေပါ။ MP5K တွေဟာ 150-200 gram ကြားပဲလေးပါတယ်။ ဆိုတော့ Keanu တစ်ယောက် ပေါ့ပေါ့ပါးပါးနဲ့ သယ်ယူလှုပ်ရှားနိုင်မှာပါ။ ကြမ်းပေါ်ကိုလွှတ်ချရမဲ့အခန်းတွေအတွက်တော့ လေးလံအောင်လုပ်ထားတဲ့ သေနတ်တွေလည်းရှိပါတယ်။Morpheus နေရာမှာသရုပ်ဆောင်ဖို့ အတွက် Gary Oldman နဲ့ Samuel L. Jackson တို့ကို စဉ်းစားခဲ့ပါသေးတယ်။Lana နဲ့ Andy တို့ဟာ Neo နေရာမှာ Johnny Depp ကိုသုံးဖို့ စဉ်းစားထားတာလို့ဆိုပါတယ်။ ဒါပေမဲ့ Warner က Brad Pitt သို့မဟုတ် Val Kilmer ကိုလိုချင်တယ်။ နှစ်ယောက်လုံးက No ဆိုတော့မှ Johnny Depp စဉ်းစားပေးပါတယ်။

ဒါနဲ့ Johnny Depp နဲ့ Warner က လိုချင်တဲ့ Keanu Reeves တို့နှစ်ယောက်ကို ရွေးကြတဲ့အခါမှာတော့ Keanu က ရုပ်ရှင်ရဲ့ concept ကို လုံးဝအံကိုက် သရုပ်ဆောင်နိုင်လို့ အရွေးခံခဲ့ရပါတယ်။ရုပ်ရှင်ထဲမှာသုံးကြတဲ့ cell phone တွေဟာ Nokia Stilleto’s သို့မဟုတ် 8110 တို့ဖြစ်ပါတယ်။ အဲဖုန်းတွေဟာ Europe နဲ့ Australia တို့မှာ ပဲရောင်းချပြီး အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ပါတယ်။ရုပ်ရှင်ရဲ့ 20% လောက်က Visual Effect တွေဖြစ်ပါတယ်။ရုပ်ရှင်သုံးကားလုံးမှာ Agent Smith တို့အဖွဲ့ ကိုင်တွယ်အသုံးပြုခဲ့တဲ့ သေနတ်ကတော့ Israel နိုင်ငံထုတ် Desert Eagle .50 ဖြစ်ပါတယ်။ (Counter Strike Gamer တွေအကြိုက်ပေါ့)ရုပ်ရှင်ရိုက်ကူးရေးမှာ နောက်ဆုံးရိုက်တဲ့အခန်းကတော့ Neo တစ်ယောက် ပလပ်စကျွတ်ပြီး pod ထဲက နိုးထလာတဲ့အခန်းပါ။ အဲအခန်းရိုက်ဖို့အတွက်လည်း Keanu Reeves ဟာ ၁၅ ပေါင် ဝတ်ချခဲ့ရပြီး တစ်ကိုယ်လုံးက အမွှေးအမျှင်တွေ ရိတ်ခဲ့ရပါတယ်။Sandra Bullock ဟာ Trinity နေရာကသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပေမဲ့ အဲအချိန်တုန်းက Neo အဖြစ်ရွေးမယ်ပြောထားတဲ့ မင်းသားနဲ့ တွဲပြီး သရုပ်မဆောင်တာ အဆင်မပြေလောက်ဘူးဆိုပြီး ငြင်းဆိုခဲ့ပါတယ်။

အဲနောက်မှ Keanu Reeves ကို Neo အဖြစ်ရွေးဖြစ်ခဲ့လေတော့ Bullock တစ်ယောက် နောင်တရခဲ့တယ်လို့ဆိုပါတယ်။မြေအောက် ရထားဘူတာမှာ ချကြတဲ့အခန်းရိုက်တာမှာ အစကတော့ တကယ့် ဘူတာမှာသွားရိုက်မလို့ပါ။ သို့ပေမဲ့ ရိုက်ရမဲ့ ဇာတ်ကွက်တွေ၊ သိုင်းကွက်တွေ၊ သရုပ်ဆောင်တွေကို ကြိုးတွေဆင်ရမှာတွေကများလို့ set မှာပဲရိုက်ဖြစ်ခဲ့ပါတယ်။ Set ဟာလည်း ရထားသိုလှောင်ရုံဟောင်းကြီးမှာ သွားဆောက်ထားတာဖြစ်ပြီး အဲမှာ တကယ့်ရထားသံလမ်းတွေရှိပါသေးတယ်။Trilogy တစ်ခုလုံးမှာ Neo သေနတ်ကိုင်တဲ့ တစ်ကားတည်းသော ရုပ်ရှင်ဖြစ်ပါတယ်။ကဲပရိတ်သတ်ကြီးအတွက်  ၃ကားလုံးကိုတင်ဆက်ပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်း - DatShin.com 

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Sci-Fi
[FILE SIZE]:…………………….….:) 879 MB/ 892 MB/ 787 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:)  2,h 16 mins, 2h 18 mins ,2h 9 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B



The Matrix(1999)
 The Matrix
(1999) on IMDb 

The Matrix Reloaded (2003)
 The Matrix Reloaded
(2003) on IMDb 

Matrix Revolutions (2003)
 Matrix Revolutions
(2003) on IMDb

Download
879 MB
G-Drive HD



Download
892 MB
G-Drive HD



Download
787 MB
G-Drive HD


Tuesday, October 24, 2017

Deja Vu (2006)




ဒီရုပ်ရှင်ကို ပထမဆုံး ကြည့်ဖူးတုန်းက
သိပ်တော့ နားမလည်ခဲ့ဘူး ၊ ဒုတိယအကြိမ် ပြန်ကြည့်မှသာ နားလည်လာခဲ့တယ် ။ ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေက အဓိက အချိန်နဲ့ ပတ်သက်တဲ့ သီအိုရီတွေ ၊ ယူဆချက်တွေနဲ့မို့ တော်တန် ချက်ချင်းမသိခဲ့ဘူး ။ ကျွန်တော်တို့ဟာ အချိန်ကို နောက်ပြန်ဆုတ်လို့ရရင် ဖြစ်ရပ်တစ်ချို့ကို ပြန်လည်ပြင်ဆင်နိုင်မယ်လို့ ထင်ကြတယ် ။ ဒါပေမယ့် ဒီရုပ်ရှင်မှာတော့ တစ်ချို့ဖြစ်ရပ်တွေကို ပြောင်းပစ်လို့မရဘူးဆိုတာ သိလာတယ် ။ အချိန်က နောက်ပြန်ဆုတ်လို့ရပေမယ့် ရှိနေကျ အရာတွေကတော့ ရှိနေဆဲပါပဲ ။


ဒီရုပ်ရှင်ကို ၂၀၀၆ ခုနှစ်​က ရုံတင်​ခဲ့ပြီး
ဒါရိုက်​တာ Tony Scottရိုက်​ကူးကာ နာမည်​ကြီး သရုပ်​​ဆောင်​​တွေဖြစ်​တဲ့ Denzel Washington, Val Kilmer,Paula Patton, Bruce Greenwood, Adam Goldberg နဲ့ Jim Caviezelတို့က သရုပ်​​ဆောင်​ထားပါတယ်​ ။ အ​မေရိကန်​​ဒေါ်လာ ၇၅သန်းအကုန်​ကျခံခဲ့ပြီး သန်း၁၈၀​ကျော်​ပြန်​ရထားတာမို့ Thrillerစိတ်​ဝင်​စားသူများ ​အထူးကြည့်​ရမဲ့ကားတစ်​ကားဖြစ်​ပါတယ် ။

အစိုးရပိုင် ရေကြောင်း ဖယ်ရီ တစ်ခုဖြစ်တဲ့
သဘောင်္တစ်ခုမှာ ကျောင်းသားတွေရော လူတော်တော်များများပါလိုက်ပါလာပါတယ် ။ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောင်္ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ် ။ သဘောင်္တစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို အသေအပျောက်ကလည်းရာချီပါတယ် ။ ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ ။

သူဟာ Time Machine နည်းပညာအကူအညီနဲ့
သဘောင်္ဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇ၀တ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ် ။

Rashly Nay Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Crime, Sci-Fi
[FILE SIZE]:…………………….….:) 631 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 6 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B


 Deja Vu
(2006) on IMDb

Download
631 MB
G-Drive HD


Monday, October 23, 2017

Sunshine (2007)




နေရဲ့ အလင်းဟာ ကမ္ဘာကိုရောက်ဖို့ ၈ မိနစ်ပဲကြာပါတယ် ...
ကျွန်တော်တို့ နေ့စဉ်နံနက်တိုင်း မြင်တွေ့နေရတဲ့ "နေ"ဟာ
သူ့ကိုယ်သူ လောင်ကျွမ်းပြီး သက်ရှိတွေအတွက် လိုအပ်တဲ့ အပူစွမ်းအား ပေးနေတာ နှစ်သန်းပေါင်း ဘီလီယံချီနေပါပြီ ။ ဘယ်အချိန်မှာ နေရဲ့ လောင်စာစွမ်းအင် ကုန်ဆုံးသွားမယ် ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်သေးပါဘူး ။ အကယ်၍သာ နေဟာ လောင်စာ ကုန်ဆုံးလို့ အပူစွမ်းအား မပေးတော့ရင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ ၈ မိနစ်အတွင်း အမှောင်ကျပြီး အေးခဲသွားနိုင်ပါတယ် ။ သက်ရှိမျိုးနွယ်တွေရဲ့ မျိုးတုန်းနိုင်တဲ့ အန္တရာယ်ကြီးပေါ့ .....


တစ်နေ့တော့ ......
နေဟာ သေလုနီးနီး ဖြစ်လာတယ် ။ လူသားတွေဟာ နေအသစ်ကို ဖန်တီးဖို့ကြိုးစားတယ် ။ လွန်ခဲ့တဲ့ ၇ နှစ်က အယ်ခရောဆိုတဲ့ မစ်ရှင်တစ်ခု နေကို စေလွှတ်လိုက်တယ် ။ အဲဒိအဖွဲ့ဟာ နေကိုမရောက်မှီ ပျောက်ဆုံးသွားခဲ့တယ် ။ လွန်ခဲ့တဲ့ ၁၆ လက ပေးလော့ဆိုတဲ့ မစ်ရှင် တစ်ခုကို ထပ်မံစေလွှတ်ပြန်တယ် ။ ပေးလော့မစ်ရှင်အဖွဲ့ဟာ မက်ဟန်တန်ကျွန်းနဲ့ ညီမျှတဲ့ စတီလာဗုံးကို သယ်ဆောင်ခဲ့ပါတယ် ။ စတီလာဗုံးဆိုတာ နေရဲ့ ကုန်ဆုံးသွားတဲ့ လောင်စာတွေကိုပြန်လည်ဖြည့်တင်းနိုင်တဲ့ ဗုံးပေါ့ ....


သူတို့ရဲ့ ရည်ရွယ်ချက်က
အပူစွမ်းအားကို အပူစွမ်းအားနဲ့ နောက်တစ်ကြိမ် နေကိုပြန်လည် ဖန်တီးဖို့ပေါ့ ....


သို့သော် ...
နေစီကို လွှတ်လိုက်တဲ့ စတီလာဗုံးနောက်မှာ အာကာသယာဉ်မှူး ၈ ဦး ပိတ်မိနေပါတယ် ။ သူတို့ ၈ ဦးဟာ နေစီကို သွားမယ့် ဗုံးကနေ လွတ်မြောက်အောင် ကြိုးစားနိုင်မလား ? နေကိုရော စွမ်းအင်ပြန်ရအောင် ဖန်တီးနိုင်မလား ? ဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှူရမှာ ဖြစ်ပါတယ် ။


ဒီရုပ်ရှင်ကို မီရှဲယိုနဲ့ အတူ
ကပ္ပတိန်အမေရီက မင်းသားတို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ။

Rashly Nay Win

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Adventure, Sci-Fi, Thriller
[FILE SIZE]:…………………….….:) 770 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 26 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B


 Sunshine
(2007) on IMDb

Download
770 MB
G-Drive HD


Saturday, October 21, 2017

A.I. Artificial Intelligence (2001)

His Love is Real ,but he is not.

ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် ရေခဲတောင်တွေ အရည်ပျော်သွားပြီး နှစ်ပေါင်းများစွာအကြာ..
သမုဒ္ဒရာရေမျက်နှာပြင်တွေ မြင့်တက်လာပြီး ကမ္ဘာတစ်လွှားက ကမ်းခြေတွေ မြို့တွေ
နစ်မြုပ်ခဲ့တဲ့နှစ်တွေ အမ်စတာဒမ် ဗင်းနစ် နယူးယောက်မြို့တွေ..
ထာဝရပျောက်ကွယ်သွားခဲ့တယ်။
လူသန်းပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ကြတယ်။ ရာသီဥတုက ကစဥ့်ကလျားဖြစ်လာတယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ လူသန်းချီ ငတ်မွတ်နေကြတယ်။
တခြားနေရာတွေမှာတော့ အပူချိန်တွေမြင့်တက်လာပြီး ဖွံဖြိုးပြီးနိုင်ငံအများစုက အစိုးရတွေက
ကိုယ်ဝန်ဆောင်မှုကို ဥပဒေအရ တင်းတင်းကျပ်ကျပ်တားမြစ်လိုက်တဲ့အတွက်..
လူမှုပတ်ဝန်းကျင်မှာ စီးပွားရေးချိတ်ဆက်မှုအရ ဘယ်တော့မှ ဆာလောင်ခြင်းမရှိတဲ့
စတင်ထုတ်လုပ်ချိန် ကုန်ကျတဲ့ စွမ်းအင်ရင်းမြစ်ထက်ပိုပြီး  စားသုံးမှုမရှိတဲ့ စက်ရုပ်တွေဟာ
မရှိမဖြစ်အရေးပါလာခဲ့တယ်။

စက်ရုပ်ရဲ့လက်ကို အပ်နဲ့ထိုးပြီး မင်း ဘယ်လိုခံစားရလဲလို့ မေးတော့ ရှင်ကျွန်မလက်ကိုပဲ နာအောင်လုပ်တာလေ ဆိုတဲ့ အဖြေက စက်ရုပ်တွေမှာ ခံစားချက် မထည့်ထားဘူးဆိုတာကို သက်သေပြနေပါတယ်။
သို့သော်.......

၂၀၀၁ ခုနှစ်မှာထွက်ခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပြီး IMDb 7.1 ရရှိထားတဲ့ သိပ္ပံ ဒရမ်မာ ကားကောင်းဖြစ်တာကြောင့် ကြည့်ရှုအားပေးလိုက်ကြပါဦး။
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Adventure, Drama, Sci-Fi
[FILE SIZE]:…………………….….:) 888 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 26 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) R!B


 A.I. Artificial Intelligence
(2001) on IMDb

Download
888 MB
G-Drive HD


Friday, October 20, 2017

Flight (2012)


Forrest Gump နဲ့ Cast Away ဆိုတဲ့ Academy Awarded ဇာတ်ကားများ ကို ဖန်တီးခဲ့သူ ဒါရိုက်တာ Robert Zemeckis ရဲ့ လက်ရာတစ်ခု ဖြစ်ပါတယ်။ IMDb 7.3 ရရှိထားပြီး နိုင်ငံတကာဆု ၁၆ ခု ရရှိထားပါတယ်။ R-rated ဖြစ်တဲ့အတွက် ကြည့်ရှုနိုင်သည့် အသက်အရွယ် ကန့်သတ်ထားပါတယ်။
 
Whip Whitaker ဆိုတဲ့ လေယာဉ်မောင်းသူ အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ အရက်၊ ဘိန်း၊ လိင်ကိစ္စတွေနဲ့ ရှုပ်ထွေးလှတဲ့ Whip ဟာ သူမောင်းနှင်တဲ့ ခရီးစဉ်တစ်ခုမှာ လေယာဉ်က ချို့ယွင်းမှုတစ်ခုကြောင့် ပျက်ကျခဲ့ပေမဲ့ အထိအခိုက်နည်းသမျှနည်းအောင် ကြိုးစားဆင်းသက်ခဲ့ပါတယ်။ 
လေယာဉ်မတော်တဆမှုကြောင့် ဆေးရုံးတက်နေတုန်း သူ့ကို ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတာကတော့......

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Thirller
[FILE SIZE]:…………………….….:) 844 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 18 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) R!B



 Flight
(2012) on IMDb 


Download
844 MB
G-Drive HD


Monday, October 16, 2017

A Beautiful Mind (2001)


ဒီတစ်​​ခေါက်​ တင်​ဆက်​​ပေးချင်​တဲ့ ဇာတ်​ကားက​တော့ IMDb 8.1 ရရှိထားတဲ့ A Beautiful Mind (2001) ဖြစ်​ပါတယ်​။
ငယ်​ငယ်​ကတည်းက သင်္ချာဘာသာရပ်​ကို ​ကြောက်​သူများ မလွတ်​တမ်း ကြည့်​သင့်​တဲ့ ဇာတ်​ကားပါ။ :D
ဇာတ်​လမ်းအကျဉ်းက​တော့
John Nash ဟာ Wheeler လို့​ခေါ်တဲ့ ကာကွယ်​​ရေး ဝန်​ကြီးလက်​​အောက်​က အဖွဲ့ထဲဝင်​​ရောက်​ဖို့အတွက်​ Princeton တက္ကသိုလ်​ကို ပါရဂူဘွဲ့ယူဖို့ ​ရောက်​ရှိလာပါတယ်​။ အရာရာတိုင်းကို သင်္ချာ အမြင်​နဲ့ ကြည့်​ကာ တွက်​ချက်​​ပြောဆိုတက်​ပြီး လိုရင်းကို တဲ့တိုး​ပြောတက်​တဲ့အတွက်​​ကြောင့်​ လူမှုဆက်​ဆံ​ရေးမှာ အဆင်​မ​ပြေမှု​တွေ ဖြစ်​ခဲ့ပါတယ်​။

ဒါ​ပေမဲ့ နှစ်​​ပေါင်း ၁၅၀​ကျော်​ကြာ လက်​ခံထားတဲ့ Adam Smith ရဲ့ စီးပွား​ရေးသီအိုရီကို ဖြည့်စွက် ​​ထောက်​ပြနိုင်​တဲ့ သု​တေသနစာတမ်းကို ​ရေးနိုင်​ခဲ့ပြီး Wheeler Project မှာ ပါဝင်​ပြီး ​ခေါင်း​ဆောင်​ဖြစ်​လာခဲ့ပါတယ်​။

Cryptographer သို့မဟုတ် Code Breaker လို့ခေါ်တဲ့ လျို့ဝှက်သင်္ကေတဖော်သူတွေထဲမှာ John Nash ဟာ အထင်ကရ လူတစ်ဦး ဖြစ်လာတဲ့အခါမှာ လျို့ဝှက်စီမံကိန်းတစ်ခုအတွက် တာဝန်ပေးခံရပါတယ်။ သူကလည်း စိတ်ဝင်တစားနဲ့ လုပ်ဆောင်နေရင်း ကြုံလာတဲ့အဖြစ်အပျက်တွေက အဆိုးကို ဦးတည်သွားတဲ့ အခါမှာတော့.....

ဒီကားထဲက အကြိုက်ဆုံးစကားလုံးကတော့
"အတန်းတက်ရတာက စိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီးပစ်တယ်လေ"

Oscar ၄ ဆုကို သိမ်းပိုက်ပြီးအောင်မြင်ခဲ့တဲ့ သင်္ချာပညာရှင် John Nash (1928–2015) ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်လို့ အားပေးလိုက်ကြပါဦး။


#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Biography, Drama
[FILE SIZE]:…………………….….:) 873 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 15 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) R!B


 A Beautiful Mind
(2001) on IMDb


Download
873 MB
G-Drive HD


Wednesday, October 4, 2017

Reservoir Dogs (1992)


Five Total Strangers 
Team up For The Perfect Crime.
They Don't Know Each Other's Name.
But They've Got Each Other's Number.

Mr. White, Mr. Orange, Mr. Blonde, Mr. Pink, Mr. Blue, Mr. Brown တစ်ယောက်နောက်ကြောင်း တစ်ယောက်မသိအောင် လျှို့ဝှက်နာမည်တွေပေးထားတဲ့ ဒုစရိုက်သားတွေ စုပြီး ရတနာဆိုင်ကို ဓားပြတိုက်ခဲ့ကြပါတယ်။ အစီအစဉ်က ဟာကွက်မရှိဖြစ်ခဲ့ပေမဲ့ သူတို့ထဲမှာ ရဲသတင်းပေးတစ်ယောက်ပါနေတယ်လို့ သိလိုက်တဲ့ အခါမှာတော့....
Imdb မှာ 8.3 ရရှိထားတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းဖြစ်ပါကြောင်း ထပ်လောင်းတင်ဆက်လိုက်ပါတယ်။
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Crime, Drama, Thriller
[FILE SIZE]:…………………….….:) 641 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 39 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut




 Reservoir Dogs
(1992) on IMDb

Download
641 MB
G-Drive HD


Indiana Jones and the Last Crusade (1989)


ဒီဇာတ်ကားတွေကို မသိတဲ့ လူမရှိသလောက်မို့အညွှန်းကိုထွေထွေထူးထူးမိတ်ဆက်မပေးတော့ပါဘူး…
Action/Adventure ဇာတ်ကားမျိုးပါ…
မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေနဲ့
ဟာသဆန်ဆန် ဖျော်ဖြေမှုရသနဲ့ ရင်သပ်ရှုမောဖွယ်ရသကိုပေးစွမ်းထားနိုင်ပါတယ်။
IMDb Rating (8.3/10) ရရှိထားပါတယ်။

ဒီ The Last Crusade ဇာတ်ကားမှာတော့ Jones ရဲ့ စွန့်စားခန်းအပြင် မင်းသားကြီး Sean Connery ရဲ့ ဟာသဆန်တဲ့ သရုပ်ဆောင်ချက်တွေကိုပါ မြင်ရမှာဖြစ်ပါတယ်။ Jones ဟာ သခင်ယေရှုနောက်ဆုံးသောညစာ စားစဉ်က အသုံးပြုခဲ့တဲ့ ရေခွက် ကို လိုက်ရှာဖို့ဖြစ်ပါတယ်။ ဒီ သန့်ရှင်းသော ရေခွက်ကို ရှာဖွေရင်း ပျောက်ဆုံးခဲ့တဲ့ သမိုင်းပညာရှင်တစ်ဦးကိုလည်း အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။ သူကတော့ Jones ရဲ့ဖခင်အရင်း ဖြစ်နေပါတယ်။ ဒီခွက်ရဲ့ အကျိုးအာနိသင်ကလည်း ထူးဆန်းအံသြဖွယ်ကောင်းလို့ လိုချင်နေသူတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ....
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Adventure
[FILE SIZE]:…………………….….:) 803 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 7 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut



 Indiana Jones and the Last Crusade
(1989) on IMDb



Download
803 MB
G-Drive HD


Indiana Jones and the Temple of Doom (1984)

ဒီဇာတ်ကားတွေကို မသိတဲ့ လူမရှိသလောက်မို့အညွှန်းကိုထွေထွေထူးထူးမိတ်ဆက်မပေးတော့ပါဘူး…
Action/Adventure ဇာတ်ကားမျိုးပါ…
မင်းသားကြီး Harrison Ford ရဲ့သရုပ်ဆောင်ချက် ကောင်းကောင်းလေးတွေနဲ့
ဟာသဆန်ဆန် ဖျော်ဖြေမှုရသနဲ့ ရင်သပ်ရှုမောဖွယ်ရသကိုပေးစွမ်းထားနိုင်ပါတယ်။
IMDb Rating (7.6/10)  ရရှိထားပါတယ်။

ဒီ Temple of Doom မှာတော့ အိန္ဒိယကို ရောက်သွားတဲ့ Indiana Jones ဟာ နိုက်ကလပ်အဆိုတော်တစ်ယောက်နဲ့အတူ တရုတ်ကလေးတစ်ယောက်နဲ့ အဖွဲ့ ဖွဲ့မိသွားပါတယ်။ ရောက်တဲ့ရွာလေးမှာ ကလေးဆိုလို့ တစ်ယောက်မှကို မတွေ့ရတာက စပြီး ထူးဆန်းနေတာပါပဲ။ ရွာကလူတွေ ယုံကြည်တာက သူတို့ရွာရဲ့ လျို့ဝှက်ဆန်းကြယ်လှသော ကျောက်တုံး ပျောက်ဆုံးပြီးကတည်းက ရွာက ကလေးတွေ စပြီးပျောက်ဆုံးကုန်တာပါဆိုတော့ Jones အနေနဲ့ အဖြေရှာဖို့ အကြောင်းဖန်လာပါတယ်။ ဒီကိစ္စကို စုံစမ်းဖို့ နန်းတော်ဟောင်းတစ်ခုကို ရောက်သွားတဲ့ အခါမှာတော့ ......
#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Adventure
[FILE SIZE]:…………………….….:) 802 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 58 mins
[Fixed By]:……………………..:) Wai Lin Kyaw
[Encoded By]:...................... :) Nyi Htut


 Indiana Jones and the Temple of Doom
(1984) on IMDb 


 


Download
802 MB
G-Drive HD