Thursday, November 30, 2017

Robert and the Toymaker (2017)


နာဇီပါတီ ပါတီရဲ့ အဓိပတိကြီး ဟစ်တလာဟာ ဂမ္ဘီရပစ္စည်းတွေကို စိတ်ဝင်စားတာ စာဖတ်သူအပေါင်းလည်း သိပြီးသားဖြစ်မှာပါ ။

ဂျာမဏီမှာ နာဇီပါတီ အာဏာရချိန် အာဏာရှင် အဓိပတိကြီး ဟစ်တလာရဲ့ ပစ္စည်းတွေထဲကမှ ထူးခြားဆန်းကြယ်တဲ့ ဂမ္ဘီရစာအုပ် အခိုးခံလိုက်ရတယ် ။ 

စာအုပ်ခိုးသူဟာ ပြေးရင်း မိသားစုတစ်စု ရှိတဲ့ အိမ်ကို ရောက်သွားပါတယ် ။ အိမ်ရှင်တွေက သူ့ကိုဝှက်ပေးထားပေမယ့် ဂတ်စ်တာပိုလ်တွေ ဖမ်းမိသွားအခါမှာ ဂျာမန်အရာရှိတွေက အိမ်ရှင်တွေကိုပါ သတ်ပစ်လိုက်ပါတော့တယ် ။ 

သို့သော် အိမ်ရှင်ရဲ့ သမီးက စာအုပ်နဲ့ အတူ လွတ်မြှောက်သွားပါတယ် ။ စာအုပ်က ဘယ်လို လျှူို့ဝှက် စာအုပ်လဲ ၊ ဘယ်လို ဂမ္ဘီရစာအုပ်မျိုးလဲ ၊ ဘာတွေမှော်ဝင်နေလို့လဲဆိုတာတော့ သည်းထိတ်ရင်ဖို ကြည့်ရှုလိုက်ကြပါလို့ ပြောရင်း ..... 

ရုပ်ရှင်အညွှန်း - Rashly Nay Win

[FORMAT]:………………………….:) BRRip / 1280p HD
[GENRE]:……………………….… .:) Horror
[FILE SIZE]:…………………….….:) 604 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 24 mins
[Translated By]:………….........:) Kyaw Swar
[Encoded By]:...................... :) R!B



 Robert and the Toymaker
(2017) on IMDb


Download
604 MB
G-Drive HD




Download
604 MB
Openload HD

Wednesday, November 29, 2017

Up (2009)



ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine’s Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။

Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်း ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ UP ကတော့ ဇာတ်လမ်း အစမှာထဲက တင်ဆက်ပုံကောင်းကောင်းနဲ့ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းလေးကတော့ Carl ဆိုတဲ့ကောင်လေးနဲ့ Ellie ဆိုတဲ့ကောင်မလေးက explorer Charles F. Muntz ဆိုတဲ့ ပုဂ္ဂိုလ်ကို လေးစားအားကျသူတွေဖြစ်ပါတယ်။ ဒါပေမယ့် Charles က Paradise Fall မှာ ရှိတဲ့ ရှားပါးတဲ့ ငှက်ကြီးတစ်ကောင်ကို သူဖမ်းမိဟန်ဆောင်ပြီး အဲ့ဒီငှက်ရဲ့ အရိုးစုကို အတုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လူတွေက အတုမှန်းသိသွားပြီး အရှက်ရသွားတဲ့ နောက် Paradise Fall ကို ပြန်သွားပြီး အဲ့ဒီငှက်ကို မမိမချင်း ပြန်မလာဘူးဆိုပြီး ထွက်သွားပါတယ်။ Charles အကြောင်းကို ပြပြီးတဲ့နောက်မှာ Carl နဲ့ Ellie တို့ ကလေးဘ၀နဲ့ တွေ့ကြပုံက စပြီး သူတို့ ရဲ့ လူငယ်ဘ၀ ချစ်သူတွေဖြစ်သွားပုံ၊ လူလတ်ပိုင်း လက်ထပ်ကြပုံ၊ အိမ်ထောင်သည်ဘ၀ ချစ်ကြည်နူးကြပုံ၊ ကလေးမရနိုင်တဲ့အကြောင်း ကစလို့ အသက်ကြီးသွားပြီး Ellie တစ်ယောက် လူလောကကို စွန့်ခွာသွားပုံ ကို တင်ဆက်ထားတဲ့ ဇာတ်ဝင်ခန်းလေးက ပညာသားပါပြီး လက်ရှိအချိန်ထိ ရုပ်ရှင်လောကရဲ့ အထင်ရှားဆုံးနဲ့ လူကြိုက်အများ ဆုံး ဇာတ်ဝင်ခန်းလေး ဖြစ်နေပါတယ်။

ဇာတ်လမ်းက အခုမှစတာဖြစ်ပြီး လူငယ်ဘ၀ က Paradise Fall ကို သွားဖို့ ပိုက်ဆံစုခဲ့၊ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့်မရောက်ဖြစ်ခဲ့ပါဘူး။ Ellie မရှိတော့တဲ့အချိန်ကြမှ သူ့မိန်းမရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အတွက် သူတို့ရဲ့ အိမ်ကြီးကို မိုးပျံပူပေါင်းတွေ နဲ့ ဆင်ပြီး ဘယ်သူနဲ့မှ မတူနဲ့ ပုံစံနဲ့ ခရီးထွက်ဖြစ်ရာကနေ Adventure စတင်ပါတော့တယ်။ အဘိုးအို Carl နဲ့အတူ လူငယ် Explorer တစ်ယောက်၊ Carl ရဲ့ လူငယ်ဘ၀ က လေးစားအားကျခဲ့တဲ့ Charles F. Muntz နဲ့ သူ့ရဲ့ လူစကားပြော တတ်တဲ့ လည်ပတ်တွေဝတ်ဆင်ထားတဲ့ ခွေးတွေရယ်၊ Giant Bird ရယ်၊ ဆုံတွေ့ကြတဲ့အခါမှာတော့၊ Carl တစ်ယောက် သူထင်ထားသလို ဖြစ်မလာတဲ့ Adventure ကို စိတ်ဝင်စားစရာ တင်ဆက်ထားပါတယ်။
ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ လူ့ဘ၀ ရဲ့ ဖြစ်ပျက်ပြောင်းလည်းမှု မြန်ဆန်ပုံကို သတိတရားရစေပါတယ်။ အနားမှာရှိနေတဲ့ အရာတွေ၊ လူတွေကို တန်ဖိုးထားတတ်လာအောင် ကိုယ့်ကို ချစ်တဲ့သူတွေက ကိုယ့်နားမှာအမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သံဝေဃရလာအောင် နှိုးဆော်ထားနိုင်ပါတယ်။ Don’t Take People for granted ဆိုတဲ့ စကားအတိုင်း ကိုယ်ချစ်တဲ့လူတွေကို တန်ဖိုးထားပါ။ ဘ၀ကို မနက်ဖြန်ဆိုတာ မရှိတော့ဘူးလို့ သဘောထားပြီး လက်ရှိအချိန်မှာ အရာရာကို တန်ဖိုးထားပြီး နေသင့်ပါတယ်။

ကာတွန်းကားဖြစ်လို့ အထင်မသေးသင့်ပဲ မကြည့်ရသေးရင် ကြည့်သင့်ပါတယ်။ မိသားစုကားကောင်းလေးတစ်ကားပါ။ Pixar ရဲ့ ကာတွန်းကားဖြစ်လို့ ဘယ်လောက်ကောင်းတယ်ဆိုတာ ညွှန်းနေဖို့တောင်မလိုတော့ပါဘူး။ ကြည့်ဖြစ်အောင်ကြည့်ကြပါ။

ရုပ်ရှင်အညွှန်း - #Sololay (http://yoteshinmatesat.blogspot.com)

[FORMAT]:………………………….:) BRRip / 1280p HD
[GENRE]:……………………….… .:) Animation, Adventure, Comedy
[FILE SIZE]:…………………….….:) 689 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 36 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Up
(2009) on IMDb


Download
689 MB
G-Drive HD




Download
689 MB
Openload HD

Monday, November 27, 2017

Surrogates (2009)


လုပ်စရာတွေများလွန်းလို့ ၁၀ ကိုယ်လောက် ခွဲထားချင်တယ်လို့ ညည်းတွားဖူးတဲ့သူတွေကို တွေ့ဖူးမှာပါ။ ကိုယ်တိုင်သွားလုပ်စရာမလိုဘဲ ကိုယ်စားဆောင်ရွက်ပေးမယ်သူတွေနဲ့သာဆိုရင် အလုပ်ပိုမိုတွင်ကျယ်မှာပါ။ သို့သော် ဒီဇာတ်ကားလေးကြည့်ပြီးရင် ကိုယ်စား၊ ကိုယ်ပွားတွေနဲ့ လုပ်လို့မရတဲ့အရာတွေ ရှိတယ်ဆိုတာ သိရမှာပါ။ 

၁၄ နှစ်အတွင်း အဆင့်ဆင့်တိုးတက်လာတဲ့ နည်းပညာတွေက လူတွေကို အထောက်အကူအများကြီး ဖြစ်လာသလို တစ်ဖက်ကလည်း တိုးတက်လာတဲ့ နည်းပညာကို လက်မခံတဲ့သူတွေ ရှိနေပါတယ်။ အိမ်ကနေပြီး အပြင်ကို ထွက်စရာမလိုပဲ ကိုယ်စားစက်ရုပ်တစ်ခုနဲ့ အလုပ်တွေကို ပြီးမြောက်အောင် လုပ်နိုင်လာတဲ့အထိ ဖြစ်နေတဲ့အချိန်မှာ အရာရာဟာ အစစ်အမှန်မရှိသလောက်ပါပဲ။ 

ဒါတွေအားလုံးရပ်တန့်သွားမယ် အခြေအနေတစ်ခု ဖြစ်လာပါတယ်။ ကိုယ်စားစက်ရုပ်ကို သတ်တာနဲ့ ထိန်းချုပ်သူပါ သေဆုံးသွားတဲ့ အမှုတစ်ခုကို အဖြေရှာရင်း ဘာတွေဖြစ်လာမလဲဆိုတာကတော့.......

#flim2mm

[FORMAT]:………………………….:) BRRip / 1280p HD
[GENRE]:……………………….… .:) Action, Sci-Fi, Thriller
[FILE SIZE]:…………………….….:) 634 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 29 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Surrogates
(2009) on IMDb


Download
634 MB
G-Drive HD




Download
634 MB
Openload HD

Saturday, November 25, 2017

Bruce Almighty (2003)


God ကို အပြစ်တင်ဖူးတယ်ဆိုရင်တော့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။

High-Concept Comedy ကားလေးတစ်ကားဖြစ်တဲ့ Bruce Almightyနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ရယ်မောအပန်း ဖြေနိုင်သလို ပညာပေးလေးလည်း ဖြစ်တဲ့ ကားကောင်းတစ်ကားပါ။ ဒီကားမှာ Jim Carrey (The Mask, Ace Ventura), Morgan Freeman (Shawshank Redemption), Jennifer Aniston (We're the Miller) တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းကတော့ Bruce Nolan (Jim Carrey) နဲ့ Grace Connelly (Jennifer) တို့က အတူနေ ချစ်သူတွေဖြစ်ပြီး Bruce က Reporter တစ်ယောက်ဖြစ်ပြီး၊ သတင်းကြေငြာသူအဖြစ် ရာထူးတိုးဖို့ ကြိုးစား မျှော်လင့်နေသူဖြစ်ပါတယ်။ သူနဲ့ အပြိုင် Evan (Steve Carell) က သတင်းကြေငြာ သူဖြစ်သွားတဲ့ အခါမှာတော့ စိတ်မထိန်းနိုင်ပဲ၊ Live News မှာ ထပေါက်ကွဲလို့ အလုပ်က ထုတ်ခံရပါတယ်။ Bruce က သူ့ဘ၀မှ အဆင်မပြေတာ တွေ ကြုံလာတိုင်း God ကိုပဲအပြစ်တင်လေ့ရှိပြီး ဒီတစ်ခါမှာလည်း God က အလုပ်ကို ကောင်းကောင်းမလုပ်သလို၊ Evan ကို ပဲ ကြည့်ရှုစောင်မနေပြီး၊ သူ့ကို တော့ လျစ်လျူရှုထားတယ်လို့ ဒေါသတကြီး အပြစ်တင်ဝေဖန်ပါတယ်။

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ Pager က ဖုန်းဝင်လာပြီး ဖုန်နံပါတ် 555-0123 လို့ပေါ်နေပါတယ်။ နောက်တစ်နေ့မနက်ရောက်တဲ့အထိ Pager မှာ ၀င်နေတာ ဖြစ်လို့ ဖုန်းပြန်ခေါ်လိုက်တဲ့အခါမှာ သူ့ကို အလုပ် ခန့်မှာဖြစ်လို့ အရောက်လာဖို့ချိန်းဆိုပါတယ်။ သူရောက်သွားတဲ့အခါမှာတော့ ထင်ထားသလို ဖြစ်မနေပဲ သူ့ကိုအလုပ်ခန့်ဖို့ခေါ်လိုက်တာကတော့ God ကိုယ်တိုင်ဖြစ်နေတာ ကို တွေ့လိုက် ရပါတယ်။ God က သူ့ကို ခဏခဏအပြစ်တင်နေတဲ့ Bruce ကို သူ့ရဲ့ ပါဝါတွေ အကုန်လွှဲပေးပြီး God ရဲ့အလုပ်ကို လုပ်ခိုင်းပါတယ်။ သူ့ထက်ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုရင် လုပ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

God ရဲ့စွမ်းအားတွေရသွားတဲ့ Bruce တစ်ယောက် စိတ်တိုင်းကျ လျှောက်လုပ်ရင်း ဖြစ်လာတာတွေကို ဟာသနှောပြီး တင်ဆက်ထားသလို နောက်ဆုံးမှာ လိုချင်တာရှိရင် ရအောင် ဖြစ်ချင်တာကိုဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့၊ အရာအားလုံး ဆုတောင်းနေရုံနဲ့ဖြစ်မလာ နိုင်ဘူးဆိုတာကို သိသွားတဲ့ Bruce တစ်ယောက် အမြင်မှန်ရသွားပုံကို စိတ်ကူးကောင်းကောင်းနဲ့တင်ဆက်ထားပါတယ်။

ဟာသဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး၊ Jim Carrey ရဲ့ အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။ Morgan Freeman ကလည်း Hollywood မှာ သူ မလုပ်ဖူးတဲ့ ဇာတ်ရုပ်မရှိသလောက် လို့ဆိုရအောင် ဖန်ဆင်းရှင် ဘုရားအဖြစ်နဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားပါတယ်။ ပညာသားပါပါရိုက်ကူးထားပြီး၊ ဇာတ်လမ်းကလည်း ကောင်းမွန်ပါတယ်။ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ရိုက်ကူးထားပြီး၊ လူငယ်တွေအတုယူနိုင်အောင် တင်ဆက်ထားပါတယ်။ Be the Miracle ဆိုတဲ့ဆောင်ပုဒ်လေးက ဒီကားရဲ့ အမှတ်ရစရာ စကားလေးအဖြစ် ကျန်နေခဲ့မှာပါ။

မိသားစုတူတူကြည့်နိုင်ပြီး Rated PG-13 ပါ။ (No Nudity)ပါ။ sex scene တစ်ခန်း ပါတယ်ဆိုပေမယ့် ဟာသအဖြစ်တင်ဆက်ထားတာပါ။
ရုပ်ရှင်အညွှန်း - Sololay (www.yoteshinmatesat.com)

[FORMAT]:………………………….:) BRRip / 1280p HD
[GENRE]:……………………….… .:) Comedy, Drama, Fantasay
[FILE SIZE]:…………………….….:) 796 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 41 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Bruce Almighty
(2003) on IMDb


Download
796 MB
G-Drive HD




Download
796 MB
Openload HD

Thursday, November 23, 2017

Captain America: 1+2+3



Captain America က ၁၉၄၁ မှာ စပေါ်ခဲ့တာပါ။ WWII အတွင်းက ဖက်စစ်နိုင်ငံတွေဖြစ်တဲ့ German, Japan တို့ကို ဝါဒဖြန့်၊ သရော်တဲ့ပုံစံမျိုးနဲ့လည်း စလုပ်ခဲ့တာပါ။ Captain America ကို စလုပ်တုန်းက မျိုးချစ်စိတ်အပြည့်ရှိတဲ့ Superhero တစ်ယောက်အနေနဲ့ စလုပ်ခဲ့တာဖြစ်ပြီး Super American လို့ နာမည်ပေးခဲ့ပါသေးတယ်။ ပြီးမှ Super ဆိုတာတွေ များနေလို့ဆိုပြီး နာမည်ပြန်ပြောင်းခဲ့တာပါ။ WWII အတွင်းနဲ့ စစ်ပြီးကာစ ကာလတစ်ခုအထိ Timely Comics (Marvel Comics အရင်နာမည်) ရဲ့ Superhero character တွေရဲ့ ခေါင်းဆောင်အဖြစ် နာမည်ကျော်ခဲ့ပါတယ်။

သူ့ဇာတ်လမ်းကတော့ ရုပ်ရှင်ထဲကလိုပါပဲ။ Steven Rogers က ငယ်ငယ်တုန်းက ပိန်ပိန်ရှည်ရှည်နဲ့ အနုပညာ ဝါသနာပါတဲ့ ပန်းချီကာတွန်း ဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ စစ်ဖြစ်တော့ Nazi တွေကို တိုက်ဖို့အတွက် တပ်ထဲဝင်ခဲ့ပေမဲ့ ကျန်းမာရေးကြောင့် အပယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ Project Rebirth ဆိုပြီး Super Soldier တွေလုပ်ဖို့ ပြင်နေတဲ့ General Chester Phillips က သတိထားမိပြီး ခေါ်ခဲ့တယ်။ Abraham Erskine ရဲ့ serum နဲ့ လုပ်မှာပါ။ Serum ကြောင့် Steven Rogers ဟာ super soldier ဖြစ်ခဲ့ပြီး လူတွေရဲ့ standard နဲ့ဆို အထွတ်အထိပ်ကို ရောက်နေတဲ့ stamina, strength နဲ့ intelligence တို့ကို ရခဲ့တယ်။ ပညာရှင် Erskine ဟာ serum formula နဲ့ပတ်သက်ပြီး အရေးကြီးအချက်တွေကို လျှို့ဝှက်ဖို့အတွက် ချမရေးခဲ့ပါဘူး။ အဲဒါကြောင့် Nazi Spy တစ်ယောက်က Erskine ကို လုပ်ကြံခဲ့တဲ့အခါ super soldier ဇာတ်လမ်းက ပျက်သွားခဲ့ပါတယ်။

Project Rebirth ကို ဖုံကွယ်ချင်တဲ့အတွက် US အစိုးရက Steve Rogers ကို Captain America ဆိုတဲ့ Codename ပေးခဲ့တယ်။ Nazi Villain ကြီးဖြစ်တဲ့ Redskull ကို ပြန်တိုက်ဖို့အတွက်ပါ။ Cap ကို သူ့ကိုယ်ပိုင် ဒီဇိုင်းနဲ့ Uniform ပေးတယ်၊ ကျည်ကာဒိုင်း၊ sidearm (pistol) တစ်လက်တို့ကိုပေးခဲ့တယ်။ ဒါပေမဲ့ တပ်တွင်းမှာတော့ clumsy ဖြစ်နေတဲ့ စစ်သားတစ်ယောက်လိုပဲ နေပါတယ်။ ဒီလိုနဲ့ တပ်ထဲမှာ teenager တစ်ယောက်ဖြစ်တဲ့ Bucky Barnes နဲ့ ခင်ခဲ့တယ်။ နောက်ပိုင်းမှာ Steven Rogers က Captain မှန်း Bucky သိသွားပြီး သူ့ Secret Identity ကို လျှို့ဝှက်ပေးစေချင်ရင် သူ (Bucky) ကို Captain ရဲ့ sidekick လုပ်ပေးရမယ်ဆိုပြီးလုပ်ပါတယ်။

နောက်ပိုင်းမှာ သမ္မတ Franklin Roosevelt က Cap ကို vibranium နဲ့ steel ရောတဲ့ သတ္တုစပ်နဲ့ လုပ်ထားတဲ့ ဒိုင်းတစ်လက်ကို လက်ဆောင်ပေးခဲ့တယ်။ ဒိုင်းက ကောင်းအားကြီးလို့ Cap က သူ့သေနတ်တောင် မသုံးတော့ပါဘူး။

Cap နဲ့ Bucky တို့အဖွဲ့ Villain ကြီး Baron Zemo ကို လိုက်ဖမ်းကြရင်း Baron ရဲ့ စမ်းသပ်ဆဲ Drone ယာဉ်ပေါ်ကဗုံးကို ဖြုတ်ဖို့လုပ်ကြရပါတယ်။ လေယာဉ်ပျံတက်တက်ချင်း နှစ်ယောက်လုံး လေယာဉ်ပေါ် ပါသွားတယ်။ Bucky က ဗုံးဖြုတ်တုန်း လေထဲမှာတင် ထ ပေါက်လို့ Bucky လည်း အစပျောက်၊ Rogers လည်း ရေခဲတဲ့အထိ အေးတဲ့ ပင်လယ်ထဲ ကျသွားပြီး သေကုန်တယ်လို့ မှတ်ယူကြပါတယ်။ သိကြမဲ့အတိုင်း နှစ်ယောက်လုံး မသေပါဘူး။ နောက်ပိုင်းမှာ Avengers အဖွဲ့က Cap body ကို ပြန်တွေ့လို့ ပြန်အသက်သွင်းနိုင်ခဲ့တယ်။ ပြန်ထလာတဲ့အခါကျတော့လည်း Avengers အဖွဲ့ထဲ ဝင်ပြီး mission တွေ လုပ်ခဲ့ပါတယ်။

Captain America ဦးဆောင်တဲ့ superhero comic တွေက စစ်အတွင်းမှာ အရမ်းအောင်မြင်ခဲ့ပေမဲ့ စစ်ပြီးတော့ အရှိန်ကျလာခဲ့တယ်။ Cap ကို ၁၉၅၀ လောက်မှာ ရပ်ခဲ့ပြီး ၁၉၆၄ ကျမှ သေချာ ပြန်အသက်သွင်းခဲ့တယ်။ အစက ဒီအတိုင်း ရပ်ခဲ့ပေမဲ့ ၆၄ မှာ ပြန်စတော့မှ Cap နဲ့ Bucky တို့က drone ပေါ်မှာ ဗုံးဖြုတ်ရင်း သေတယ်လို့ ဖြစ်သွားတာ ခုမှ Avengers အဖွဲက Cap body ပြန်တွေ့ ပြန်အသက်သွင်းလို့ ပြန်ထလာတယ်ဆိုပြီး ဇာတ်လမ်းပြန်စတာ ဖြစ်ပါတယ်။

ရုပ်ရှင်အညွှန်း - ဓါတ်ရှင် (www.datshin.com)

 
[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Sci-Fi
[FILE SIZE]:…………………….….:) 890 MB/ 973 MB/ 1 GB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 27 mins
[fixed By]:………………........…..:) Wai Linn Kyaw
[Encoded By]:...................... :) R!B





Captain America: The First Avenger (2011)
 Captain America: The First Avenger
(2011) on IMDb 
 
Captain America: The Winter Soldier (2014)
 Captain America: The Winter Soldier
(2014) on IMDb 
 
Captain America: Civil War (2016)
 Captain America: Civil War
(2016) on IMDb 

 


Captain America: The First Avenger (2011)
Download
890 MB
G-Drive HD



Captain America: The Winter Soldier (2014)
Download
973 MB
G-Drive HD



Captain America: Civil War (2016)
Download
1 GB
G-Drive HD

Wednesday, November 22, 2017

Brave (2012)


Animation ကားတွေမှာ အရေးပါဆုံးဆုလို့ပြောလို့ရတဲ့ Best Animated Feature ဆုကို ၂၀၁၃ Oscar ပေးပွဲမှာ ချီးမြှင့်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်တဲ့အပြင် IMDb 7.2 ရထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

ရှေးခေတ် စကော့တလန်ရဲ့ ဒဏ္ဍာရီကာလဆီက 
မင်းသမီးလေ Merida ရဲ့စွန့်စားခန်းတွေကို ရှုစားရင်း....

#flim2mm

[FORMAT]:………………………….:) BRRip / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Comedy
[FILE SIZE]:…………………….….:) 671 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 33 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Brave
(2012) on IMDb


Download
671 MB
G-Drive HD




Download
671 MB
Openload HD

Armageddon (1998)


NASA က တရားဝင် ထုတ်ပြန်ချက်အရ ကမ္ဘာမြေဟာ...
နေ့စဉ် စကြာဝဋ္ဌာထဲက သဲဖုန်မှုန့် ကျရောက်မှုပမာဏ တန် ၁၀၀ ခန့် ရှိပါတယ်။
နှစ်တိုင်း လေထုမျက်နှာပြင်ကို ကားတစီးအရွယ် အစိုင်အခဲများ ထိမိခိုက်မိပါတယ်။
နှစ် ၂၀၀၀ တိုင်းမှာ ဘောလုံးကွင်းတစ်ကွင်းစာအရွယ်ရှိ ဂြိုလ်သိမ်ဂြိုလ်မွှားနဲ့ ထိမိနိုင်ပါတယ်။

Harry Stamper တို့ ရေနံတူးဖော်တဲ့အဖွဲ့ဟာ လူဂွစာအဖွဲ့ပါ။ သူတို့မှာ သူမတူတဲ့ အရည်အချင်းတွေလဲ ရှိပါတယ်။ သူတို့ရဲ့အရေးပါပုံကို ကမ္ဘာကြီးကယ်တင်ဖို့လိုလာတဲ့အခါမှာ သိရပါတော့မယ်။ ဖြစ်ပုံက ကမ္ဘာမြေကို ၁၈ ရက်နေ့အတွင်း ဝင်ရောက်ထိခိုက် ပျက်စီးစေနိုင်တဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခုကို ဖျက်စီးပစ်ဖို့ပါပဲ။

NASA အနေနဲ့က ကာကွယ်မဲ့အစီအစဉ်ကောင်းကောင်းမရှိ၊ စစ်ဖက်ဆိုင်ရာကလည်း နျူးကလီယားနဲ့ ထုပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်လုပ်မယ်ဆိုတဲ့အချိန်မှာ လူဂွစာအဖွဲ့ ဘာတွေ ဘယ်လိုလုပ်ပြီး ကမ္ဘာမြေကို ကယ်တင်မလဲ ဆိုတာကတော့.....

#flim2mm

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Sci-Fi
[FILE SIZE]:…………………….….:) 973 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Armageddon
(1998) on IMDb


Download
973 MB
G-Drive HD





Download
649 MB
Openload HD


Tuesday, November 21, 2017

Iron Man 1+2+3



တစ်စုတစ်စည်းထဲ ပြန်ပေါင်းထုပ်ထားပါသည်။ (Google Drive+Openload)

Stark Industries ရဲ့ သူဌေးကြီး Howard Stark ရဲ့ သား Anthony Stark က ငယ်ငယ်တည်းက အရမ်းထက်တယ်။ ၁၅ နှစ်နဲ့ MIT ဝင်တယ်။ Electrical Engineering နဲ့ Physics တို့မှာ Master ရခဲ့တယ်။ နောက်ပိုင်း မိဘတွေ ယာဉ်မတော်တဆမှုနဲ့ ဆုံးသွားတော့ သူ့အဖေနေရာ ယူပြီး Stark Industries ကို ဦးဆောင်ခဲ့တယ်။ တစ်ရက်မှာ Tony ဟာ လူဆိုး Wong Chu ရဲ့အဖွဲ့ရဲ့ ချုံခိုတိုက် ဖမ်းတာခံရပြီး ဒဏ်ရာရခဲ့တယ်။ ဒဏ်ရာကြောင့် ရင်ဘတ်မှာရခဲ့တဲ့ ဗုံးစတွေက သူ့နှလုံးဆီကို တဖြည်းဖြည်းရွေ့ပြီးသွားနေတယ်။ ဒါ့ကြောင့် လူဆိုးစခန်းမှာရှိတဲ့ Tony အရင်က အရမ်းလေးစားခဲ့ရတဲ့ Nobel ဆုရ ပညာရှင်ကြီး Ho Yinsen က Tony ရဲ့ ရင်ဘတ်မှာ သံလိုက်ပြားတစ်ပြားပတ်ထားပေးရတယ်။ Wong Chu က Tony ကို လက်နက်တွေ လုပ်ပေးဖို့ပြောတယ်။ ဒါပေမဲ့ Tony နဲ့ Yinsen တို့နှစ်ယောက်က စက်ရုပ်ဝတ်စုံ Armour တစ်ခုကို ထွင်ပြီး ထွက်ပြေးကြတယ်။ Tony တစ်ယောက် ရင်ဘတ်က သံပြားကို အားပြန်သွင်းနေတဲ့အချိန်မှာ လူဆိုးတွေကို မျှားခေါ်ပြီး အချိန်ဆွဲပေးခဲ့တဲ့ Yinsen တစ်ယောက် အသတ်ခံရတယ်။ Tony ကလည်း စခန်းကို Yinsen အတွက် လက်စားချေခဲ့ပြီး US စစ်တပ်ဆီပြန်ခဲ့တယ်။ လမ်းမှာ ဒဏ်ရာရနေတဲ့ ရေတပ် လေယာဉ်မှူး James Rhodes နဲ့ တွေ့ခဲ့တယ်။

အိမ်ပြန်ရောက်လာတော့ Tony တစ်ယောက်သိရတာက သူ့ရင်ဘတ်က ဗုံးစတွေကို သူအသက်အသေမခံဘဲ ထုတ်ပစ်လို့မရဘူးဆိုတာပါ။ ဒါကြောင့် နေ့တိုင်း သူ့မှာ ရင်ဘတ်က သံလိုက်ပြားကို အားပြန်သွင်းရပါတယ်။ Media နဲ့ လူတွေကိုပြောထားတာကလည်း Iron Armour (Iron Man) ကြီးက သူ့ body guard တစ်ယောက်ဆိုပြီးတော့ပါ။ နောက်ပိုင်းမှာလည်း သူ့ကုမ္ပဏီရဲ့ ရန်သူတွေဖြစ်တဲ့ ကွန်မြူနစ်တို့ ဖက်စစ်တို့နဲ့ကိုလည်း ဝတ်စုံသုံးပြီး လိုက်နှိမ်နှင်းခဲ့ပါတယ်။ သူ့ရဲ့ မကုန်မခန်းနိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို သုံးပြီး သူကိုယ်တိုင်အတွက် ဝတ်စုံ လက်နက်တွေ လုပ်ခဲ့သလို S.H.I.E.L.D. အဖွဲ့အတွက်လည်း Quinjet တို့ လေယာဉ် ကိရိယာ လက်နက်တွေ လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ S.H.I.E.L.D ရဲ့ ခေါင်းဆောင်ဖြစ်လာသလို US အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ခဲ့တယ်။ 

Stark က ပြသနာတွေလည်း တော်တော်စုံခဲ့ပါတယ်။ သူ့ဝတ်စုံနဲ့ chestplate သုံးတဲ့အတွက်ကြောင့် အာရုံကြောနဲ့ပတ်သက်တဲ့ ပြသနာတွေ ခဏခဏတက်တယ်။ ဦးနောက်ထဲမှာလည်း chip တွေ ထည့်ခဲ့ရတယ်။ Civil War အတွင်းမှာလည်း အစိုးရရဲ့ Superhuman Registration Act ကို ထောက်ခံပြီး မထောက်ခံတဲ့ မြေအောက် superhero အဖွဲ့တွေနဲ့ စစ်ဖြစ်ခဲ့တယ်။ နောက်ဆုံး Captain America အသတ်ခံရတဲ့အခါကျမှ ဖြစ်ခဲ့သမျှ ဘာမှ မတန်ဘူးဆိုပြီး နောင်တအကြီးအကျယ်ရခဲ့တယ်။ Skrull ဆိုတဲ့ alien invasion မှာလည်း ကမ္ဘာကို မကာကွယ်နိုင်ခဲ့တဲ့အပြင် သူ့ကာကွယ်ရေးစနစ်တွေလည်း ပျက်ခဲ့လို့ အစိုးရက S.H.I.E.L.D အဖွဲ့ခေါင်းဆောင်နေရာက ဖယ်ပစ်ခဲ့ပြီး Norman Osborn ကို ပေးခဲ့တယ်။ သိတဲ့အတိုင်း Villain ဖြစ်တဲ့ Norman Osborn ကို S.H.I.E.L.D အဖွဲ့တစ်ဖွဲ့လုံးကိုပေးလိုက်ရတဲ့အတွက် Stark က ရှိသမျှ server တွေမှာ သိမ်းထားတဲ့ Superhuman Registration Act ရဲ့ အချက်အလက်တွေနဲ့ အထဲမှာ ပါသမျှ Superhero တွေရဲ့ secret identity တွေပေါ်ကုန်မှာစိုးလို့ Virus တစ်ခုလွှင့်ပြီး အကုန်လိုက်ဖျက်တယ်။ နောက်ဆုံး သူ့ဦးနောက်မှာတပ်ထားတဲ့ chip က ဟာကိုပါဖျက်ဖို့လုပ်ရင်း brain damage ဖြစ်သွားလို့ ပြန်ထမလာတော့ပါဘူး။ Doctor Strange ကယ်လို့သာ ပြန်ထလာတာပါ။

Brain damage ဖြစ်ပြီးနောက် Tony ဟာ Arc reactor ကိုအမှီပြုပြီး အသက်ရှုတာ မျက်တောင်ခတ်တာ နှလုံးခုန်တာတွေ လုပ်နေခဲ့ရတယ်။ မှတ်ဥာဏ်တွေပျက်သွားပြီး chip မှာသိမ်းထားတဲ့ Backup data ကိုသုံးလာရတယ်။ Backup ကလည်း Civil War မတိုင်ခင်မှာလုပ်ထားတဲ့ဟာဆိုတော့ civil war အကြောင်းသူမမှတ်မိပါဘူး။ တခြား မှတ်ဥာဏ်တွေ လွတ်တာ ပျက်နေတာတွေလည်း ရှိပါတယ်။ 

ရုပ်ရှင်အညွှန်း - ဓါတ်ရှင်(www.datshin.com)

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Sci-Fi
[FILE SIZE]:…………………….….:) 903 MB/ 940 MB/ 945 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 10 mins
[fixed By]:………………........…..:) Wai Linn Kyaw
[Encoded By]:...................... :) R!B



Iron Man (2008)
 Iron Man
(2008) on IMDb 
 
Iron Man 2 (2010)
 Iron Man 2
(2010) on IMDb 
 
Iron Man 3 (2013)
 Iron Man 3
(2013) on IMDb


Iron Man (2008)
Download
903 MB
G-Drive HD



Iron Man (2008)
Download
903 MB
Openload HD



Iron Man 2 (2010)
Download
940 MB
G-Drive HD



Iron Man 2 (2010)
Download
940 MB
Openload HD



Iron Man 3 (2013)
Download
945 MB
G-Drive HD



Iron Man 3(2013)
Download
945 MB
Openload HD

Haider (2014)




ဒီကားလေးဟာဆိုရင် စာရေးဆရာကြီး ၀ီလီယံရှိတ်စပီးယားရဲ့ "Helmet" ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဆုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ Action/Crime အမျိုးအစားကားကောင်းလေးပဲ ဖြစ်ပါတယ် ။

ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကို အခြေပြုထားပါတယ် ။ လူငယ်လေးတစ်ယောက်သူ့ဖခင် ရုတ်တရက် ပျောက်ဆုံးသွားတဲ့အကြောင်း သိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှမီးယားဒေသကို သွားရောက်ခဲ့တာက စတင်ထားပါတယ် ။

ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်တချက်ပါပဲ ။ ဘာသာရေး အကြမ်းဖက်မှုတွေ ပဋိပက္ခ နယ်မြေက မိသားစုချစ်ခြင်းမေတ္တာတွေနဲ့ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်း ဆိုတာတော့ စိတ်ဝင်တစား ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ ။

ရုပ်ရှင်အညွှန်း - Rashly Nay Win

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action,Crime, Drama
[FILE SIZE]:…………………….….:) 1GB, 694 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B
 


 Haider
(2014) on IMDb


Download
1 GB
G-Drive HD





Download
694 MB
G-Drive SMALL





Download
694 MB
OPENLOAD SMALL


Monday, November 20, 2017

Flightplan (2005)


ဇာတ်လမ်းက အရမ်းကောင်းသလို Oscar ၂ ဆုရ မင်းသမီး Jodie Foster ရဲ့သရုပ်ဆောင်ချက်ကိုလည်း အပြည့်အဝခံစားရမှာပါ။
ဘာလင်ကနေ အမေရိကကို  သားအမိနှစ်ယောက်အတူပြန်လာချိန် ပေ ၃၀၀၀၀ အထက်မှာ ပျံသန်းနေတဲ့ လေယာဉ်ပျံပေါ်မှာ သမီးငယ်လေး ပျောက်သွားပါတယ်။လိုက်ရှာတော့တခြားလူတွေက လေယာဉ်ပေါ်စတက်ကတည်းက မတွေ့မိကြောင်း ပြောပါတယ်။ ဆန်းကြယ်စွာ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကတော့....

#flim2mm

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Drama, Mystery, Thriller
[FILE SIZE]:…………………….….:) 663 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 38 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Flightplan
(2005) on IMDb


Download
663 MB
G-Drive HD





Download
663 MB
Openload HD


Sunday, November 19, 2017

16 and Missing (2015)


မိသားစု ၃ ပုံမှာ ၁ ပုံသာ မိမိ ကလေးများကို ဂရုတစိုက်စောင့်ကြည့်ပြီး အင်တာနက်သုံးခွင့် ပိတ်ပင်ထားတာတွေ့ရပါတယ် လို့ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ် ။

လွန်ခဲ့တဲ့နှစ်က ကလေးသူငယ် ၃၃ ယောက်မှာ ၁ ယောက်ခန့်ဟာ လိင်အကြမ်းဖက်မှုခံနေရပါသည် လို့ အင်တာနက်စစ်တမ်းက ထုတ်ပြန်ထားသေးတယ် ။ အသက် ၁၄နှစ် အထက်ကို ၇၇ % အသက် ၁၀နှစ်နဲ့ ၁၃နှစ်ကို ၂၂ % ပစ်မှတ်ထားခံကြရပါတယ် လို့ ကလေးအကြမ်းဖက်မှုကာကွယ်ရေးကလည်း ထုတ်ပြန်ထားပါသေးတယ် ။

အခု ဒီဇာတ်ကားမှာ မိခင်နောက်အိမ်ထောင် ပထွေးနဲ့ နေရတဲ့ ဖတဆိုး သမီး အသက် ၁၆ နှစ် မိန်းကလေးတစ်ဦးက ဆိုရှယ်နက်ဝက်သုံးရင်း အသက်ကြီးကြီး လိင်မုဆိုးတစ်ယောက်နဲ့ တွေ့ဆုံတာကို ဇာတ်လမ်းဖွဲ့ထားတယ် ။ အင်တာနက်မှာတွေ့တယ် အပြင်မှာချိန်းတယ် ။ လိင်မုဆိုး ချိန်းတဲ့ နေရာကို တစ်ကိုယ်တည်း ကားမောင်းထွက်ခဲ့တယ် ။

မိဘ သားသမီး နဲ့ အွန်လိုင်းပေါ်က လိင်မုဆိုးတွေရဲ့ ကစားပွဲတစ်ခုပါပဲ ။ ကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ .....

ရုပ်ရှင်အညွှန်း - Rashly Nay Win

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Thriller
[FILE SIZE]:…………………….….:) 658 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 27 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B


 16 and Missing
(2015) on IMDb


Download
658 MB
G-Drive HD


Friday, November 17, 2017

Pirates of the Caribbean: 1+2+3+4+5






တစ်စုတစည်းထဲဖြစ်အောင် ၅ ကားစလုံး ပြန်ပေါင်းထုပ်ပေးပါတယ်။အညွှန်းကိုတော့ နောက်ဆုံးထွက်တဲ့ Pirates of the Caribbean: Dead Men Tell No Tales (2017) အတွက်ပဲ ဖော်ပြထားပါတယ်။

ဂျက်စ်ပဲရိုးဇာတ်ကားတွေရဲ့ ပဉ္စမမြောက်ဇာတ်လမ်းအဖြစ် ထွက်ရှိလာတာဖြစ်ပြီး ၂၀၁၅ မှာ ထွက်ဖို့ ရည်မှန်းထားပေမယ့် ကြန့်ကြာနေခဲ့ပြီး ဒီနှစ်မှပဲထွက် လာခဲ့တာပါ။ နောက်ဆုံးထွက်ခဲ့ တဲ့ဇာတ်လမ်းမှာ မပါခဲ့တဲ့ အော် လန်ဒိုဘလွန်းနဲ့ ကီရာနိုက်တလေ တို့လည်း အခုဇာတ်လမ်းမှာပြန် ပါလာမှာပါ။

ဒီတစ်ခါဇာတ်လမ်းမှာတော့ ကပ္ပတိန်ဂျက်စ်ပဲရိုးတစ်ယောက် လွတ်အောင်ရှောင်ပြေးရမယ့်သူ ကတော့ ကပ္ပတိန်အာမန်ဒိုဆလာ ဇာပဲဖြစ်ပါတယ်။ ဆလာဇာဟာ စပိန်ရေတပ်က ပင်လယ်ဓားပြ ဖမ်းမုဆိုးဖြစ်ပြီး ဘယ်တော့မှမ သေတဲ့သူတစ်ယောက်ပါ။

ဂျက်စ်ပဲရိုးနဲ့တော့ ကမ္ဘာ့ရန် သူဖြစ်ပြီး မရဏတြိဂံလို့ခေါ်တဲ့ ဘာမြူဒါတြိဂံဒေသမှာ ထောင် ချောက်မိနေသူဖြစ်ကာ အဲဒီအရပ်ကို လာသမျှပင်လယ်ဓားပြတွေကို သတ်ဖို့ ဆုံးဖြတ်ထားတာပါ။ ဆလာဇာနဲ့သူ့ရဲ့ သရဲသင်္ဘောသားတွေဟာ သူတို့ပိုင်နက်ထဲရောက်လာတဲ့ သင်္ဘောမှန်သမျှကို ဖျက်ဆီးပစ်ပြီး လက်စ ဖျောက်ရှင်းလင်းပါတော့တယ်။

ဆလာဇာဟာ မရဏတြိဂံ ဒေသကနေ လွတ်မြောက်လာပြီး တဲ့နောက် ရန်သူတော်ဂျက်စ်ပဲရိုး ကို ရှင်းပစ်ဖို့ ကြိုးစားနေခဲ့ပါ တယ်။ ဂျက်စ်ပဲရိုးအဖို့ ဆလာဇာ ရဲ့ရန်က လွတ်မယ်ဆိုရင် ပိုဆိုက် ဒန်ရဲ့ခက်ရင်းခွကသာ မျှော်လင့် ချက်တစ်ခုဖြစ်တာကြောင့် နက္ခတ် ဗေဒပညာရှင်မိန်းမချော ကာရီနာ စမစ်နဲ့ ဘုရင့်ရေတပ်က တစ်ဇွတ် ထိုး သင်္ဘောသားငယ်လေး ဟင်န ရီတာနာရဲ့ အကူအညီနဲ့ ခက်ရင်းခွရှာဖို့လုပ်ခဲ့ပါတယ်။ ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွဟာ ပင်လယ်သမုဒ္ဒရာတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်း ထက် လက်နက်တစ်ခု ဖြစ်ပါ တယ်။ သရဲကပ္ပတိန်ဆလာဇာက ဘာမူဒါဒေသကို ရောက်လာတဲ့ သင်္ဘောတွေကို ဘယ်လိုဒုက္ခတွေပေးမှာလဲ၊ ဂျက်စပဲရိုးတစ် ယောက် ဘယ်လို ပြဿနာတွေ ဖန်တီးဦးမှာလဲ၊ ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွက ဆလာဇာကို ထိန်းချုပ်နိုင်မှာလားဆိုတာ ဆက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ ဂျက်စ်ပဲရိုးနေရာက မင်း သား ဂျွန်နီဒက်ပ်က အဓိကပါဝင် သရုပ်ဆောင်ထားပြီး ဂျာဗီယာ ဘာဒမ်၊ ဘရန်တန်သ၀ိတ်စ်၊ ကာယာစကိုဒီလာရီယို၊ အော်လန်ဒိုဘလွန်း၊ ကီရာနိုက်တလေ၊ ကီဗင်မက်နယ်လီ စတဲ့နာမည်ကြီး သရုပ်ဆောင်ပေါင်းများစွာ အားဖြည့်ထားတာမို့ ပရိသတ်တွေ မြည်းစမ်းကြည့်လိုက်ပါဦးလို့။

ရုပ်ရှင်အညွှန်း - 7daydaily


[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Fantasy
[FILE SIZE]:…………………….….:) 958 MB/ 964 MB/ 1 GB/ 917 MB/ 1 GB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 09 mins
[fixed By]:………………........…..:) Wai Linn Kyaw
[Encoded By]:...................... :) R!B

Pirates of the Caribbean: The Curse of the Black Pearl (2003)
 Pirates of the Caribbean: The Curse of the Black Pearl
(2003) on IMDb 


Pirates of the Caribbean: Dead Man's Chest (2006)
 Pirates of the Caribbean: Dead Man's Chest
(2006) on IMDb 


Pirates of the Caribbean: At World's End (2007)
 Pirates of the Caribbean: At World's End
(2007) on IMDb 


Pirates of the Caribbean: On Stranger Tides (2011)
 Pirates of the Caribbean: On Stranger Tides
(2011) on IMDb 


Pirates of the Caribbean: Dead Men Tell No Tales (2017)
 Pirates of the Caribbean: Dead Men Tell No Tales
(2017) on IMDb 

 


Pirates of the Caribbean: The Curse of the Black Pearl (2003)
Download
958 MB
G-Drive HD




Pirates of the Caribbean: Dead Man's Chest (2006)
Download
964 MB
G-Drive HD



Pirates of the Caribbean: At World's End (2007)
Download
1 GB
G-Drive HD



Pirates of the Caribbean: On Stranger Tides (2011)
Download
917 MB
G-Drive HD



Pirates of the Caribbean: Dead Men Tell No Tales (2017)
Download
1 GB
G-Drive HD


Thursday, November 16, 2017

Thor : God of Thunder (2011) + The Dark World (2013)



လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြ၀ဠာတွင် အဖွဲ့ အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့ သော် Asgard က အနှီ ကျူးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီးဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။

Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း အင်မတန် တိုက်ခိုက်ချင်စိတ်များကာ မရင့်ကျက်သေးသည့် စစ်သားတစ်ယောက်ဖြစ်သည်။ Thor ကို တစ်ရက် ဘုရင်ကြီး အိုဒင် က ထီးနန်းလွှဲပေးမည့် နေ့  ရက်ဖြစ်သည်။ သူတို့ လက်နက်တိုက်မှ Giant Frost မှ အရေးကြီးဆုံး လက်နက် ကို Giant Frost ထံမှ ဘက်တော်သားများက ခိုးယူဖို့  ကြံစည်သည်။ ဘုရင်ကြီးသိသွားကာ အစောင့်ကို တိုက်ခိုက်လိုက်သည်။ ထိုသို့  လာရောက်ကျူးကျော်မှုကို Thor က လက်မခံသော်လည်း ဘုရင်ကြီးက ဘာသိဘာသာနေဖို့  ပြောလိုက်သည်။

Thor မှ မခံချင်ပဲ သူ့ ညီငယ် Loki မြှောက်ပေးမှုနှင့် အတူ သူငယ်ချင်းများနှင့် Giant Frost တိုင်းပြည်ကိုသွားကာ ပြဿနာရှာသည်။ Giant Frost က မခံချင်အောင် ရန်စ ပြောဆိုသဖြင့် ပဋိပက္ခ ဖြစ်သည်။ သူတို့  ဘက်က အုပ်စုက ထွက်ပြေးလာကာ ပြေးပေါက် မရှိသည့် အချိန်တွင် ဘုရင်ကြီး လာရောက် ကယ်ဆယ်သည်။ ပြဿနာ အရင်းခံ Thor မှ ဖခင် ဘုရင်ကြီးကို မချေမငံ ပြန်လည် ပြောဆိုရာမှ ဘုရင်ကြီး အမျက်တော်ရှပြီး Thor ကို အစွမ်းသတ္တိများ သိမ်းယူပြီး ကမ္ဘာဘက်သို့  နယ်နှင်ဒဏ်ပေးလိုက်သည်။

Thor တစ်ယောက် မင်းသားဘ၀ကနေ ကမ္ဘာကြီးမှာ သာမာန်လူအဖြစ်နဲ့  ဘယ်လိုများ ဆက်လက် အသက်ရှင်မလည်း၊ Asgard ပြည်ကို ပြန်လည်ရောက်ရှိအုန်းမှာလည်း၊ သူမရှိပဲ Asgard တိုင်းပြည်ရေး အခြေအနေ ဘယ်လိုများ ပြောင်းလဲ သွားမလဲဆိုတာ…..

ရုပ်ရှင်အညွှန်း - Yatanarpon (http://news.yatanarpon.com.mm/entertainment/movie/international/thor )

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Fantasy
[FILE SIZE]:…………………….….:) 823 MB/ 843 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 55 mins / 1h 52 mins
[Translated By]:…………………..:) Lotus Black
[fixed By]:………………........…..:) Wai Linn Kyaw
[Encoded By]:...................... :) R!B

Thor : God of Thunder (2011)
 Thor
(2011) on IMDb

Thor : The Dark World (2013)
 Thor: The Dark World
(2013) on IMDb


God of Thunder (2011)
Download
823 MB
G-Drive HD




The Dark World (2013)
Download
843 MB
G-Drive HD


Wednesday, November 15, 2017

I Am Number Four (2011)


ဒီဇာတ်ကားက Pittacus Lore ရေးတဲ့ ဝတ္ထုအတွဲတွေထဲက ပထမဆုံး စာအုပ်ကို ဇာတ်ညွှန်းပြုပြီး ရိုက်ထားတာပါ။ တခြားစာအုပ်တွေဖြစ်တဲ့ "The Power of Six," "The Rise of Nine," "The Fall of Five," "The Revenge of Seven" နဲ့ "The Fate of Ten." စာအုပ်တွေကျန်ပါသေးတယ်။ ရုပ်ရှင်ထပ်ရိုက်မရိုက်တော့ မပြောတက်ဘူး။

ဇာတ်လမ်းအကျဉ်းကတော့
ကမ္ဘာမြေမှာ လာရောက်နေထိုင်နေတဲ့ ဂြိုလ်သား ၉ ယောက်နဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ ကို လိုက်ရှင်းနေတဲ့ Mogadorian တွေကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ နံပါတ် ၁/၂ /၃ အသတ်ခံရပြီးနောက် ၄ ယောက်မြောက် အလှည့်မှာတော့.....

#flim2mm

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Adventure, Sci-Fi
[FILE SIZE]:…………………….….:) 863 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 49 mins
[Fixed By]:………………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B


 I Am Number Four
(2011) on IMDb


Download
863 MB
G-Drive HD


Tuesday, November 14, 2017

Blade of the Immortal (2017)


မန်ဂျီ ဆိုတဲ့ ဆာမူရိုင်းက မသေနိုင်တဲ့အစွမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအစွမ်းကို ကြာတော့ စိတ်ပျက်လာတယ်။ သေခြင်းတရားကို လွန်ဆန်နိုင်သွားတဲ့သူတွေမှာလည်း အခက်အခဲရှိကြောင်း၊ မေတ္တာအနှောင်အဖွဲ့သာမရှိရင် အသက်ရှင်နေတာ ဘာအဓိပ္ပာယ်မှ မရှိကြောင်း ဖော်ညွှန်းထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ဆာမူရိုင်းကားတွေရဲ့ ထုံးစံအတိုင်း သွေးသံရဲရဲဓားခုတ်ချက်တွေကလည်း တစ်လှေကြီးပါဝင်ပါတယ်။ ဒါရိုက်တာ Takashi Miike ရဲ့ ဇာတ်ကား ၁၀၀ပြည့် အမှတ်တရလက်ရာဖြစ်ပြီး မူရင်းဇာတ်လမ်းက Manga အပေါ်အခြေခံထားတာ ဖြစ်ပါတယ်။

#flim2mm

[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action, Drama
[FILE SIZE]:…………………….….:) 999 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 20 mins
[Translated By]:…………………..:) Wai Linn Kyaw
[Encoded By]:...................... :) R!B


 Blade of the Immortal
(2017) on IMDb


Download
999 MB
G-Drive HD


The Villainess (2017)


- Non-Stop Action ဆိုတာကိုမှ ကြိုက်သူများအတွက်.....

- So Close တို့ Naked Weapon လို ဇာတ်ကားမျိုးကို စောင့်နေတာဆို သူတွေအတွက်.....

- Drama ဆိုရင်လည်း ကိုရီးယားမှ ဆိုတဲ့ K Fan တွေအတွက်......

IMDb မှာ 6.7 ရထားပြီး Best Cinematography ဆုနဲ့ Technical Award တွေ ရရှိထားပြီး
John Wick လိုမျိုးအက်ရှင်ကားမျိုးနဲ့ တန်းညီထားတဲ့
၂၀၁၇ ထွက် The Villainess ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းက ဘာဖြစ်မလဲဆိုတာ...
ဆိုဟီ ဆိုတဲ့ ကောင်မလေးရဲ့ လက်စားချေမှုကို ကြည့်ရှုအားပေးကြပါဦး....

#flim2mm


[FORMAT]:………………………….:) BluRay / 1280p HD
[GENRE]:……………………….… .:) Action
[FILE SIZE]:…………………….….:) 884 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 9 mins
[Translated By]:…………………..:) R!B
[Encoded By]:...................... :) R!B







 The Villainess
(2017) on IMDb 


Download
884 MB
G-Drive HD


Friday, November 10, 2017

The Vault (2017)





2017 ထွက် ဇာတ်ကားကောင်းတွေ အများကြီး ရှိရဲ့သားနဲ့ ဘာလို့ IMDb မှာ Rating မကောင်းတဲ့ကားကိုမှ တင်ရသလို့ မေးစရာရှိပါတယ်။ ဘာသာပြန်သူရဲ့အဆိုအရတော့ ဇာတ်လမ်းအချိုးအကွေ့ကို ဘာမှ မသိရလို့ ကြိုက်တာလို့ ပြောပါတယ်။
လူကြိုက်နည်းတဲ့ဇာတ်ကားဖြစ်ပေမယ့် မျှော်မှန်းထားတာထက် Popular ဖြစ်တာကတော့ အမှန်ပါပဲ။  James Franco, Taryn Manning, Francesca Eastwood တို့ရဲ့ သရုပ်ဆောင်ချက်တွေက ကြည့်သူကို ဆွဲဆောင်စေပါတယ်။

ဇာတ်လမ်းက ပြောပြရင် ပေါ့သွားမှာ စိုးလို့ ဇာတ်လမ်းထဲမှာ မပါတဲ့ နောက်ခံအကြောင်းအရင်းကိုပဲ ပြောပြပါမယ်။ 
အမြဲတကျက်ကျက်ဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်က သူတို့ရဲ့မောင်ဖြစ်သူကို ကယ်ဖို့အတွက် ဘဏ်ကို ဓားပြဝင်တိုက်ရပါတယ်။ ဒါပေမဲ့ သူတို့ ဝင်ဖောက်တဲ့ ဘဏ်က သာမန်ဘဏ်တစ်ခု မဟုတ်တဲ့အခါမှာတော့......

#flim2mm


[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Horror,Thriller
[FILE SIZE]:…………………….….:) 670 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 31 mins
[Translated By]:……………………..:) R!B
[Encoded By]:...................... :) R!B



 The Vault
(2017) on IMDb


Download
670 MB
G-Drive HD


Wednesday, November 8, 2017

Orphan (2009)


မပြောမဖြစ်ပြောရဦးမယ်ဗျာ
ဒီဇာတ်ကားမျိုးတွေက သည်းထိပ်ရင်ဖိုကောင်းလို့  R အဆင့် သတ်မှတ်ထားတဲ့ကားတွေပါ။ (ညဖက် သေးထမပေါက်ရဲတဲ့သူများ မကြည့်သင့်ပါကြောင်း) Fright Meter Award မှာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရထားကတည်းက စိတ်ခြောက်ခြားဖွယ် သရုပ်ဆောင်စွမ်းရည်ရှိတဲ့ Esther (Isabelle Fhurman) ကို တွေ့မြင်ရမှာပါ။ ဇာတ်ကားထုတ်လုပ်သူကလည်း မင်းသားကြီး Leonardo DiCaprio ဖြစ်တော့ ထူးခြားတာတော့ အမှန်ပါပဲ။

ဇာတ်လမ်းက သားတစ်ယောက် သမီးတစ်ယောက် ရှိပေမယ့် သမီးကြီးတစ်ယောက်ထပ်လိုချင်လို့ မိဘမဲ့ကလေးမလေး တစ်ယောက်ကို ခေါ်ယူမွေးစားရာကနေ စတာပါပဲ။ မိဘမဲ့လေး Esther ရဲ့ နောက်ကြောင်းကလည်း မရိုရှင်းမှန်းသိလိုက်ပြီး ထူးဆန်းပြီး ဥာဏ်ရည်ထက်တဲ့ ၉ နှစ်အရွယ် ကလေးမလေးနဲ့ ရင်ဆိုင်ရတဲ့ မိဘနှစ်ဦးရဲ့ထိပ်လန့်ဖွယ်အတွေ့အကြုံတွေကတော့.......

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Horror, Mystery, Thriller
[FILE SIZE]:…………………….….:) 882 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 3 mins
[Fixed By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 Orphan
(2009) on IMDb


Download
882 MB
G-Drive HD


Thursday, November 2, 2017

Stoker (2013)


သည်းထိပ်ရင်ဖိုဇာတ်ကားမျိုးကြည့်ချင်ရင် အာရှဖက် ရုပ်ရှင်တွေလည်း ရွေးချယ်ကြည့်ရတာ ခံစားချက်ပိုနီးစပ်တယ်လို့ ထင်မိပါတယ်။ အနောက်တိုင်း ရုပ်ရှင်တွေမှာလည်း သည်းထိပ်ရင်ဖိုစရာ ဖြစ်ပေမဲ့ တချို့Signs တွေ Culture တွေကျတော့ ကိုယ်နဲ့ သိပ်မရင်းနှီးတော့ ရင်ဖိုသင့်သလောက် မဖိုသလိုပဲ။

ဒီ Stoker ဆိုတဲ့ဇာတ်လမ်းကတော့ အာရှအရသာကိုပါထည့်ပေးနိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာက Park Chan-wook လို့ခေါ်တဲ့ အာရှသားဖြစ်နေလို့ပါပဲ။ Old boy တို့ The Handmaiden တို့ရဲ့ဖန်တီးသူလည်း ဖြစ်ပါတယ်။ သတ်တာ ဖြတ်တာတွေ ပါလို့ R-rated လုပ်ထားတဲ့ ဇာတ်ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။

မမျှော်လင့်ဘဲ ဖခင်ဆုံးသွားတဲ့ မိသားစုမှာ ဖရိုဖရဲဖြစ်တဲ့အပေါ် သမီးဖြစ်သူရဲ့ ထူးဆန်းတဲ့ တုန့်ပြန်မှုတွေက ဘယ်လောက်ထိ သည်းထိပ်ရင်ဖိုဖြစ်သွားမလဲ ဆိုတာကတော့.....

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Drama, Thriller
[FILE SIZE]:…………………….….:) 779 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 6 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B


 Stoker
(2013) on IMDb

Download
779 MB
G-Drive HD


The Hunt for Red October (1990)


ဂျိမ်းစ်ဘွန်း မင်းသားကြီး Sean Connery ဆိုလျှင် အက်ရှင်ရော ဒရာမာ ပါ ရတဲ့ မင်းသားကြီးဖြစ်ပါတယ်။ သူရဲ့ကားကောင်းတွေထဲမှာ ဒီဇာတ်ကားဟာလည်း IMDb မှာ 7.6 ရထားပါတယ်။ 

ဇာတ်လမ်းက ရေငုတ်သင်္ဘောဇာတ်လမ်းနဲ့ အက်ရှင်ကာရိုက်တာများကို ပေါင်းဖက်ထားလို့ တစ်မျိုးကြီးဖြစ်မယ်လို့ ထင်ရပေမယ့် လှုပ်ရှားမှုတိုင်းကို စိတ်ဝင်စားအောင် ရိုက်ပြထားပါတယ်။ အထူးသဖြင့် ရေအောက်ရိုက်ချက်တွေက မင်သက်စေပါတယ်။ ဒါကြောင့်လည်း Best Effects, Sound Effects Editing မှာ Oscar ဆု ရရှိခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်းက Nuclear သယ်လာတဲ့ ရုရှားရေငုတ်သင်္ဘောက စတာပါ။ အမေရိကားအထိကို သယ်လာတဲ့ ရုရှား ကပ္ပတိန်နဲ့ အမေရိကက တားဆီးတဲ့သူတွေအကြား ဇာတ်အိမ်ဖွဲ့ထားတာပါ။ စစ်အေးခေတ်ကာလရဲ့ အဖြစ်ဆိုးကို ဘယ်လိုရပ်တန့်ခဲ့လဲ ဆိုတာကတော့....

#flim2mm

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Action, Adventure, Thriller
[FILE SIZE]:…………………….….:) 872 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 15 mins
[Fixed By]:……………………..:) Wai Linn Kyaw
[Encoded By]:...................... :) R!B


 The Hunt for Red October
(1990) on IMDb

Download
872 MB
G-Drive HD


Wednesday, November 1, 2017

Mandela: Long Walk to Freedom (2013)







“လုပ်မပြီးသေးသရွေ့တော့ အဲဒီအရာဟာ မဖြစ်နိုင်ဘူးလို့ ထင်ရလေ့ရှိတယ်” နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။ သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။

၁။ သင့်ကိုယ်သင် သို့မဟုတ် သင့်ရဲ့ ရည်မှန်းချက်တွေကို လျှော့မတွက်ပါနဲ့ နည်းနည်းလေးပဲ မှန်းပြီး လုပ်ဖို့ဆိုတာ တည်ငြိမ်ပါတယ်၊ လွယ်ကူပါတယ်။ သေချာပါတယ်… အဲဒါက ပိုပြီးတော့တောင် လွယ်ကူပါလိမ့်မယ်၊ ရေတိုအတွက်ပဲဆိုရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သင်အမှန်တကယ်အလိုရှိတဲ့ အရာနောက်ကို လိုက်ဖို့ရာ အချိန်တွေ၊ အားထုတ်မှုတွေ၊ လမ်းခရီးတစ်လျှောက်မှာ တွေ့ကြုံနိုင်တဲ့ နာကျင်မှုတွေ အများကြီးကို လိုအပ်လို့ပါပဲ။ ဒါပေမယ့် အဲဒါကမှ သင်အမှန်တကယ် ကြီးထွားရာ၊ သင် အပြည့်အ၀ နေထိုင်ရာလည်း ဖြစ်ပါတယ်။ သေးသေးလေးကိုပဲ မှန်းပြီးလုပ်နေချိန်မှာ သင့်ရဲ့ ဦးခေါင်းအနောက်ဘက်မှာ ဒီလို အတွေးမျိုးတွေလည်း ပေါ်ပေါက်လာပါလိမ့်မယ် .. ” ဒါ အကုန်ပဲလား? ငါ ဒီထက်ပိုပြီး လုပ်နိုင်သလား?” ကြမ်းတမ်းတဲ့လမ်းကိုသွားတာကတော့ အမှန်တကယ် ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် အဲဒီလမ်းကသာ သင် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရဘူးတဲ့ အံ့သြဖွယ် အချိန်ကာလတွေ၊ အမှန်တကယ် နှစ်လိုဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို တွေ့ရစေမှာဖြစ်ပါတယ်။

 ၂။ သင် ကြောက်ရွံ့နေတဲ့အရာကို ရှေ့တိုးလုပ်ပါ “သတ္တိဆိုတာဟာ အကြောက်တရားမရှိခြင်း မဟုတ်ဘူး။ အကြောက်တရားကို အောင်နိုင်ခြင်းဖြစ်တယ်။ သတ္တိရှိတဲ့သူတစ်ယောက်ဟာ မကြောက်တဲ့သူမဟုတ်ဘူး၊ ဒါပေမယ့် အဲဒီကြောက်စိတ်ကို အောင်နိုင် တဲ့သူဖြစ်တယ်။” ဘ၀မှာ သင်အမှန်တကယ်လိုချင်တဲ့အရာဟာ အဲဒီနောက်ကိုလိုက်ဖို့ သင်အကြောက်ဆုံးအရာလည်း ဖြစ်နေတတ်ပါတယ်။ ကြောက်တဲ့အရာကို ရှေ့တိုးလုပ်ဖို့ဆိုတာ အများအားဖြင့် ကောင်းလေ့ရှိပါတယ်။ ဒါပေမယ့် ကြောက်စရာလည်းကောင်းတာပါပဲ။ သင့်ကို နောက်ပြန်ဆွဲနေတဲ့ ကြောက်စိတ်ကို သင်ဘယ်လိုကျော်လွှား အောင်မြင်နိုင်သလဲ? ဟောဒီမှာ အကြံဥာဏ်တစ်ချို့ရှိပါတယ်။ ကြောက်စိတ်ဆိုတာဟာ အကျိုးမပြုတဲ့ သတ်မှတ်ချက်တွေအပေါ်မှာ အခြေခံလေ့ရှိပါတယ်။ ကျနော်တို့ဟာ ပုံစံတွေကို ရှာဖွေကြတယ်။ ဒါပေမယ့် ပြဿနာက – ကျနော်တို့ဟာ အရင်က ကြုံတွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံ တစ်ခုနှစ်ခုအပေါ်ကို အခြေခံပြီး ကျနော်တို့ဘ၀အတွက် အကျိုးမပြုတဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ပုံစံတွေကိုသာ ရှာဖွေမိကြတာပါပဲ။ ဒါမှမဟုတ် အခြေအနေတွေအပေါ်မှာ လွဲမှားစွာ ဆုံးဖြတ်ချက်ချပြီးတော့ပေါ့။ ဒါမှမဟုတ် မိုက်မဲတဲ့သူတွေရဲ့ စကားတွေကတစ်ဆင့်ပေါ့။ သင်ဟာ သင့်ရဲ့ အတွေးတွေကို အလွန်အမင်း သတ်မှတ်ဆုံးဖြတ်တဲ့အခါ သင်ဟာ အဲဒီအတွေးတွေကပြောသမျှကို ယုံကြည်ပါတော့တယ်။ ပိုပြီး အကျိုးပြုနိုင်မယ့် အလေ့အကျင့်တစ်ခုကတော့ သင့်ရဲ့ အတွေးတွေကို အရမ်းကြီး မတင်းကြပ်မိစေဖို့ပါပဲ။ အချိန်အများစုမှာ သင့်ရဲ့ အတွေးတွေနဲ့ သင့်ရဲ့မှတ်ဥာဏ်တွေဟာ နည်းနည်းတော့ မမှန်ကန်တတ်ပါဘူး။ စူးစမ်းလိုစိတ် ရှိပါ။ သင်ဟာ ကြောက်စိတ်မှာ ညပ်မိနေတဲ့အခါ သင်ဟာ ပိတ်လှောင်ခံလိုက်ရပါပြီ။ သင်ဟာ သင့်ရဲ့ ကမ္ဘာကြီးနဲ့ သင့်ရဲ့စိတ်ကို တစ်ကွဲတစ်ပြားစီဖြစ်အောင် ခွဲခြားပါတော့မယ်။ သင်နဲ့ တခြားအရာ၊ တခြားလူတွေရဲ့ကြားမှာ အတားအဆီးတွေကို သင် ဖန်တီးပါတော့တယ်။ တစ်ဖက်မှာတော့ သိလိုစိတ်၊ စူးစမ်းလိုစိတ်ဟာ မျှော်လင့်ချက်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒါက သင့်ကို လွတ်မြောက်စေပါတယ်။ အဲဒီအခါ သင်ဟာ ကြောက်စိတ်ကို အာရုံစိုက်ရမယ့်အစား ပိုပြီး ပျော်စရာကောင်းတဲ့အရာတွေ ရရှိလာပါလိမ့်မယ်။ စူးစမ်းလိုစိတ်ဟာ သင့်ကို တစ်စုံတစ်ခုကို နားလည်မှုကိုလည်း ရရှိစေပါတယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့အရာတစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်သွားတဲ့အခါ မြူခိုးတွေနဲ့တူတဲ့ ကြောက်စိတ်တွေဟာလည်း ပျောက်ကွယ်သွားပါတယ်။ ဘေးကင်းမှုဆိုတဲ့ လှည့်ကွက်တွေကို ဆုပ်ကိုင်မထားပါနဲ့။ လူတွေဟာ ဘာကြောင့် သူတို့ရှိနေတဲ့နေရာမှာပဲ ထိုင်နေကြသလဲ? သူတို့ဟာ ကြောက်စိတ်နဲ့ လေဖြတ်နေကြလို့လား? မဟုတ်ပါဘူးလို့ ကျနော် ပြောချင်ပါတယ်။ လူတွေ သူတို့ရဲ့ ကြောက်စိတ်ကို ရင်မဆိုင်ရဲတဲ့ အကြောင်းအရင်းကြီးတစ်ခုက သူတို့ဟာ သူတို့ရှိနေတဲ့နေရာမှာ အန္တရာယ်ကင်းတယ်လို့ ထင်နေကြလို့ပါပဲ။ ဒါပေမယ့် အမှန်တရားက- အန္တာရယ်ကင်းတယ်ဆိုတာ စိတ်ထဲက ယုံကြည်နေမှုတစ်ခုသာ ဖြစ်တယ်ဆိုတာပါပဲ။ တကယ့်အပြင်မှာတော့ အန္တရာယ်ကင်းမှုဆိုတာ အမှန်တကယ်မရှိပါဘူး။ အဲဒါဟာ လုံးဝ မသေချာတဲ့၊ မသိနိုင်တဲ့ အရာတစ်ခုပါပဲ။ သင့်ရဲ့ အန္တရာယ်ကင်းတဲ့ဘ၀ကို ဆုပ်ကိုင်နေတာကို ရပ်လိုက်တဲ့အခါ ဘ၀ဟာ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပါတယ်။ ဒါဆို သင်ဟာ တစ်စုံတစ်ခုရဲ့ လှည့်စားမှုကို မခံရတော့ဘူး။ သင် ဘယ်လောက်လုပ်နိုင်ဆိုတာကို သင်ကိုယ်တိုင် သတ်မှတ်တာပဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်၊ ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုလည်း ဖန်တီးနိုင်ပါလိမ့်မယ်။

 ၃။ စိတ်ရှည်ပါ၊ ခံနိုင်ရည်ရှိပါ။ ” ကြီးမားတဲ့ တောင်တစ်ခုကို တက်ပြီးတဲ့အခါ၊ နောက်ထပ်တက်စရာ တောင်တွေ အများကြီးရှိနေသေးတယ်ဆိုတာကိုပဲ တွေ့ရလိမ့်မယ်” ကျနော်တို့ လိုချင်နေတဲ့ ဘယ်အရာကိုမဆို အခုချက်ချင်းရမယ်ဆိုရင် တကယ်ကောင်းလိမ့်မယ်။ အဲဒီလိုမျိုးကလည်း ဖြစ်မလာတတ်တာက များပါတယ်။ အောင်မြင်တဲ့သူတွေရဲ့ အမူအကျင့်တစ်ခု၊ သော့ချက်တစ်ခုကတော့ တခြားသူတွေ ရိုးရှင်းစွာပဲ လက်လျှော့ပြီး အိမ်ပြန်သွားတဲ့အချိန်မှာ သူတို့ဟာ စိတ်ရှည်ကြတယ်၊ ခံနိုင်ရည်ရှိကြတယ်ဆိုတာပါပဲ။ ပြဿနာက – အောင်မြင်မှုအတွက် ကျနော်တို့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ အချိန်ကာလ ဘောင်ဟာ နည်းနည်းတော့ အကောင်းမြင်ဆန်လွန်းနေပါတယ်။ ကြော်ငြာတွေက ကျနော်တို့ဟာ မြန်မြန်ဆန်ဆန်အောင်မြင်နိုင်တယ်လို့ ပြောနေကြတယ်။ မြန်ဆန်လွယ်ကူစွာအောင်မြင်ခြင်းဆိုတဲ့ အတွေးဟာ လူမှုဝန်းကျင်မှာ စိမ့်ဝင်နေတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ အဲဒီအတွေးကိုယ်တိုင်ဟာ ပျင်းရိနေတတ်ပြီး ဖြတ်လမ်းတွေကို လိုချင်နေတတ်ပါတယ်။ လူတွေကို သူတို့ရဲ့ ပြဿနာတွေ ဖြေရှင်းပေးမယ့် “မှော်ဆေးလုံး” ရောင်းဖို့ဆိုတာ လွယ်ကူပါတယ်။ အခု ကျနော်ပြောနေတာက သင်ဟာ တစ်ခါတစ်ရံမှာ အောင်မြင်မှုကြီးကြီးမားမားကို မြန်မြန်ဆန်ဆန်နဲ့ ရနိုင်တယ်လို့ ပြောနေတာမဟုတ်ပါဘူး။ အများအားဖြင့် အဲဒါက အချိန်ယူတတ်ပါတယ်။ သင် မျှော်လင့်ထားတာထက်ပိုပြီး အချိန်ကြာတတ်ပါတယ်။ ဒီတော့ ဖြစ်လာနိုင်တဲ့အတားအဆီးတွေကိုပါ ထည့်သွင်းထားတဲ့ အချိန်ကာလ ဘောင်တစ်ခုကို သင် ဘယ်လိုသတ်မှတ်နိုင်ပါသလဲ?

၎။ သင့်ကိုယ်သင် အသိပညာပေးပါ ” ပညာရေးဟာ ကမ္ဘာကြီးကိုပြောင်းလဲဖို့ သင်အသုံးပြုနိုင်တဲ့ စွမ်းအားအရှိဆုံး လက်နက်ပါပဲ” သင်လိုချင်တဲ့အရာ၊ သင်အောင်မြင်ချင်တဲ့အရာတစ်ခုနဲ့ ပတ်သက်ပြီး သိစရာရှိတာတွေကို သင့်ကိုယ်သင် အသိပညာပေးခြင်းအားဖြင့် သင်ဟာ စွမ်းအင်တွေအများကြီးကို ရရှိနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေဖတ်ပါ၊ Blog တွေဖတ်ပါ။ စာအုပ်ဆိုင်တွေမှာ စာအုပ်မ၀ယ်ခင် အညွှန်းကို အရင်ဖတ်ကြည့်ပါ။ သင်အမှန်တကယ်လုပ်ချင်တဲ့အရာတစ်ခုကို လုပ်ပြီးသွားတဲ့လူတွေကို သူတို့ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ မေးမြန်းပါ။ တစ်စုံတစ်ယောက်က သင့်ကို ကူညီခဲ့သလိုမျိုးပဲ တခြားတစ်ယောက်ယောက်ကို ကူညီဖို့ ကြိုးစားပါ။ အဲဒါဟာ သင်ပြုလုပ်နေတဲ့အရာနဲ့ပတ်သက်လို့ ပိုပြီး နားလည်လာဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ သင့်ကိုယ်သင် အသိပညာပေးခြင်းဟာ၊ စူးစမ်းလိုစိတ်လိုပါပဲ၊ မြူဖုံးနေတဲ့ ကြောက်ရွံ့စိတ်တွေကို ဖယ်ရှားပေးပါတယ်။ သင့်ကို လက်တွေ့မလုပ်ဆောင်ဖြစ်အောင်၊ သင်အမှန်တကယ်လိုချင်တဲ့အရာဆီကို မရောက်အောင် သင့်ကိုနောက်ပြန်ဆွဲနေတဲ့အရာတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၅။ ရန်သူကို မိတ်ဆွေဖွဲ့ပါ “သင်ဟာ သင့်ရန်သူနဲ့ ငြိမ်းချမ်းရေး ရယူချင်တယ်ဆိုရင်၊ သူနဲ့ အလုပ်တွဲလုပ်ရပါလိမ့်မယ်။ အဲဒီနောက်မှ သူဟာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်လာမှာပါ” ရန်သူတစ်ယောက် ဒါမှမဟုတ် ကျနော်တို့မနှစ်သက်တဲ့လူတစ်ယောက်ကို မိတ်ဆွေအဖြစ် ပြောင်းလဲဖို့ဆိုတာ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး တွေ့ကြုံမှုဟာ အင်အားကြီးမားလို့ပါပဲ။ ကျနော်တို့ ရှေ့ကိုဆက်ပြီး တွန်းမကြည့်ဘူး၊ မေးခွန်းတွေထုတ်မကြည့်ဘူး၊ ပြီးတော့ မစူးစမ်းကြည့်ဘူးဆိုရင် ကျနော်တို့ရဲ့လူတစ်ယောက်အပေါ်အမြင်ဟာ မူသေ ဖြစ်နေတတ်ပါတယ်။ သေချာတာပေါ့၊ သင့်ရဲ့ အတွင်းစိတ် အဇ္ဈတက သင်မှန်တယ်၊ အဲဒီလူဟာ မှားတယ်လို့ပြောနေတဲ့အတွက် တစ်စုံတစ်ယောက်နဲ့ပတ်သက်တဲ့ သင့်ရဲ့ အမြင်ကို ပြောင်းလဲဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ အဲဒီနည်းလမ်းကနေ လွတ်မြောက်ဖို့အတွက် သော့ချက်ကတော့ သင့်ရဲ့အတွေးတွေကို တစ်သမတ်တည်း ဆုပ်ကိုင်မထားဖို့ပါပဲ။ အတွေးတွေကို သင့်ကို လွှမ်းမိုးချုပ်ကိုင်လာစေမယ့်အစား သင်က အတွေးတွေရဲ့အပေါ်မှာ နေပါ။ ဒါက သင့်ရဲ့ စိတ်ကို ဖွင့်ပေးပါလိမ့်မယ်၊ တစ်စုံတစ်ယောက်နဲ့ ဆက်ဆံရေးကိုလည်း ပြောင်းလဲစေနိုင်ပါလိမ့်မယ်။ ကဲ.. အခု သင် အဲဒီလူကို ဘယ်လိုမျိုး မိတ်ဆွေဖွဲ့နိုင်သလဲ။ အမြန်ဆုံးအကြံပြုရရင်တော့ အဲဒီလူနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို ရှာဖွေကြည့်ပါ။

၆။ သင် အရှုံးမပေးသ၍ သင် မရှုံးသေးဘူး ” လွတ်လပ်ခြင်းကိုရောက်ဖို့ အလွယ်လမ်းဆိုတာ မရှိဘူး။ ကျနော်တို့ အလိုရှိရာ တောင်ထိပ်ကိုမရောက်ခင်မှာ သေမင်းအရိပ်တွေ ထင်ဟပ်နေတဲ့ တောင်ကြားတွေကိုလည်း ဖြတ်ကျော်ကြရလိမ့်မယ်” သင့်ရဲ့ အောင်မြင်ရေးခရီးလမ်းဟာ မင်ဒဲလားနဲ့ တောင်အာဖရိကက လူတွေရဲ့ အောင်မြင်ရေးခရီးလမ်းလောက် မဆိုးရွားနိုင်ပါဘူး။ ဒါပေမယ့် သင့်မှာလည်း ဆိုးရွားတဲ့အချိန်တွေ၊ အခက်အခဲနဲ့ နာကျင်မှုအချိန်တွေ ရှိမှာပါပဲ။ သင်ဟာ တစ်ခုခုကို စတင်လိုက်တဲ့အခါ၊ သင့်မှာ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေ ရှိလာပါတယ်။ တချို့နေရာတွေမှာတော့ ရှုပ်ထွေးမှုတွေ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ သင်အရှုံးပေးသင့်သလား? ဟုတ်ပါတယ်.. တစ်ခါတစ်လေမှာတော့ အဲဒီအချိန်ဟာ ရပ်ရမယ့်အချိန်ဖြစ်ပြီး အသစ်တစ်ခုကို ပြောင်းလုပ်ရမယ့်အချိန် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများအားဖြင့် ကမ္ဘာကြီးဟာ သင့်ကို စမ်းသပ်လေ့ရှိပါတယ်။ သင် အဲဒီအရာကို အမှန်တကယ်လိုချင်ရဲ့လားဆိုတာ ကမ္ဘာကြီးက သိချင်တယ်။ အဲဒီအချိန်ဟာ သင် အမှန်တကယ် ရှေ့ကို ဆက်သွားရမယ့်အချိန်၊ ဘယ်လိုအတားအဆီးတွေကမှ သင့်ကို ရပ်တန့်အောင်လုပ်ဖို့ ခွင့်မပြုရမယ့်အချိန်ပါပဲ။ ရှုံးနိမ့်တယ်ဆိုတာဟာ ပုံမှန်ပါပဲ။ အမှားတွေကို ပြုလုပ်တယ်ဆိုတာဟာလည်း ပုံမှန်ပါပဲ။ အအောင်မြင်ဆုံးဆိုတဲ့လူတွေဟာ ရှုံးနိမ့်မှုအများဆုံးလူတွေဖြစ်ခဲ့ကြတယ်။ သူတို့ဟာ အမှားတွေ၊ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူကြတယ်။ တခြားသူတွေ အရှုံးပေးနေချိန်မှာ သူတို့ဟာ ပိုပြီး ခွန်အားရှိလာကြတယ်၊ ပိုပြီး ပျော့ပြောင်းလာကြတယ်၊ ပိုပြီး ခံနိုင်ရည်ရှိလာကြပါတယ်။

၇။ အခု လုပ်ပါ ” ကျနော်တို့ဟာ အချိန်ကို ပညာရှိစွာ အသုံးချရမယ်၊ ပြီးတော့ မှန်တဲ့အရာကိုလုပ်ဖို့အတွက်ဆိုရင် အမြဲတမ်း အချိန်ကောင်းပဲဆိုတာကို သဘောပေါက်ကြရမယ်” အခြေအနေတွေဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လက်တွေ့စလုပ်ဖြစ်ဖို့အတွက် အရာရာ ပြီးပြည့်စုံတဲ့နေ့ကို စောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ တစ်ဘ၀လုံးကို စောင့်ဆိုင်းခြင်းနဲ့ပဲ ကုန်လွန်စေရပါလိမ့်မယ်။ အဲဒီလိုနေ့မျိုးဟာ ဘယ်တော့မှဖြစ်မလာတာ များတယ်လေ။ သင်ဟာ တစ်ခုခုကို ပြုလုပ်ချင်တယ်၊ ဒါပေမယ့် အနာဂတ်ကာလ တစ်နေ့နေ့မှာ လုပ်ဖြစ်လိမ့်မယ်ဆိုတဲ့ လူအများစု ကြုံတွေ့နေရတဲ့ ထောင်ချောက်ထဲကို မ၀င်မိပါစေနဲ့။ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့အတွက် မှန်ကန်တဲ့အချိန်ဟာ အများအားဖြင့်တော့ အခုလက်ရှိအချိန်ပါပဲ။ အကယ်၍ သင်ဟာ အဲဒီအရာကို မလုပ်ချင်သေးဘူး၊ မစချင်သေးဘူးဆိုရင်လည်း သင့်ရဲ့ အတွင်းထဲက ခုခံမှုတွေကို လက်မခံပါနဲ့။ သင့်ရဲ့ အတွေးတွေနဲ့ စိတ်ခံစားမှုတွေက ဘာကိုပဲပြောနေပြောနေ သင်ဟာ တစ်ခုခုကို စလုပ်နိုင်ပါတယ်။

၈။ ရွေ့နေတာကို အခု မရပ်လိုက်ပါနဲ့ ” ရေ စတင် ဆူပွက်လာချိန်မှာ အပူပေးနေတာကို ရပ်လိုက်ခြင်းဟာ ရူးမိုက်တာပါပဲ” ဒါကို လူအတော်များများ သတိမထားမိကြဘူးလို့ ကျနော် ထင်ပါတယ်။ အောင်မြင်မှုတစ်ခုကို ရပြီးတဲ့အခါ သင် ဘာလုပ်သလဲ? အများအားဖြင့် လုပ်ဆောင်နေကြတာကတော့ အေးအေးဆေးဆေး လဲလျောင်းပြီး အောင်မြင်မှုကို ကျေနပ်နှစ်သက်နေကြတာပါပဲ။ အဲဒါနဲ့ပတ်သက်လို့ ဘာမှ မမှားပါဘူး။ ဒါပေမယ့် သင်ဟာ အကြာကြီး နားလိုက်တဲ့အခါ သင့်ရဲ့ အရှိန်ကို ဆုံးရှုံးသွားပါတယ်။ အဲဒီနောက် သင်ဟာ အသစ်တစ်ဖန် ပြန်စရပါလိမ့်မယ်။ အောင်မြင်မှုတစ်ချို့ကို တွေ့မြင်ရတဲ့အခါ သင် ရပ်မနေသင့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်ဟာ သင့်ရဲ့ အောင်မြင်မှုကို ကျေနပ်ခံစားရမယ့်အချိန်ဖြစ်သလို သင် ဖန်တီးခဲ့ရလာဒ်တွေ၊ လုပ်ဆောင်မှုတွေ၊ အရှိန်အဟုန်တွေနဲ့ ရှေ့ကို ဆက်သွားရမယ့်အချိန်လည်း ဖြစ်ပါတယ်။

၉။ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာကို နားလည်ပါ ” သင်ဟာ နတ်ဘုရားတစ်ပိုင်းအဖြစ် အဆင့်တိုးမြင့်သွားပြီဆိုရင် သင်ဟာ လူသားတစ်ယောက် မဟုတ်တော့ပါဘူး။ ကျနော့်ကို မင်ဒဲလားအဖြစ်ပဲ သိကြစေချင်ပါတယ်၊ အခြေခံကျတဲ့ အားနည်းချက်တွေနဲ့ လူသားတစ်ယောက်၊ ထောင်သွင်း အကျဉ်းချခံရဖူးတဲ့ လူသားတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်” သင်ဟာ လူတွေနဲ့ ပတ်သက်လို့ ဒဏ္ဍာရီတွေကို ဖန်တီးတဲ့အခါ – သူတို့ဟာ ပုံမှန်ထက်ပိုတဲ့ ရလာဒ်တွေကို ပြုလုပ်နိုင်ခဲ့ရင် သင်လည်း သူတို့လိုအရာတွေကို မပြုလုပ်နိုင်ဘူး၊ သူတို့ဟာ သင်နဲ့ မတူဘူးလို့ ခံစားလာရပါလိမ့်မယ်။ သူတို့တွေဟာ ဘယ်သူတွေပဲဖြစ်နေဖြစ်နေ လူတိုင်းလူတိုင်းဟာ လူသားတွေပဲဖြစ်တယ်ဆိုတာ စိတ်ထဲမှာ သိနေဖို့ အရေးကြီးပါတယ်။ ကျနော်တို့အားလုံးဟာ လူသားတွေပဲဖြစ်တယ်၊ အမှားတွေကို ကျူးလွန်မိတတ်ကြတယ်ဆိုတာကို သတိရဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်။ လူတွေနဲ့ ပတ်သက်ပြီး ကျိုးကြောင်းမဆီလျော်တဲ့ စံသတ်မှတ်ချက်တွေကို ဖန်တီးလိုက်တဲ့အခါ သင့်ကိုယ်သင် အဆိုးမြင်အတွေးတွေ ၀င်လာနိုင်ပါတယ်။ ဘားရက်ခ် အိုဘားမား (Barack Obama)ဟာ သူ့ရဲ့ သမ္မတခရီးကို စတင်ခဲ့တုန်းကလို စိတ်မျိုး ရှိဖို့လိုပါလိမ့်မယ်။ ပြီးတော့ သင်လုပ်ခဲ့တဲ့ အမှားတွေအတွက် သင့်ကိုယ်သင် ဒဏ်ခတ်အပြစ်ပေးတာလိုမျိုး အသုံးမ၀င်တဲ့ အလေ့အကျင့်တွေကိုလည်း ရှောင်ကျဉ်ဖို့ အရေးကြီးပါတယ်။ အဲဒီအစား- သင် ဘယ်နေရာမှာ မှားသွားတယ်၊ သင့်ရဲ့ အမှားကနေ ဘာတွေ သင်ယူနိုင်တယ်ဆိုတာကို ရှင်းလင်းစွာ ကြည့်ပါ။ အဲဒီနောက် တစ်ဖန်ထပ်ကြိုးစားပါ။

credit - Thet Lwin (thetlwin007.blogspot.com)

[FORMAT]:………………………….:) BluRay / 720p HD
[GENRE]:……………………….… .:) Biography, Drama, History
[FILE SIZE]:…………………….….:) 981 MB
[RESOLUTION]:……………….….:) 1280x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 21 mins
[Fixed By]:……………………..:) Lotus Black
[Encoded By]:...................... :) R!B


 Mandela: Long Walk to Freedom
(2013) on IMDb


Download
981 MB
G-Drive HD