Tuesday, December 26, 2017

The Lovely Bones (2009)



ဒီရုပ်ရှင်ဟာ အညွှန်းရေးပြဖို့ တကယ်ခက်ခဲတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ ။ ကြည့်ချင်အောင် ရေးပြရရင် ကြည့်ချင်မှာ မဟုတ်တဲ့ အတွက် သဘောရိုးလောက်ပဲ ပြောပြပါရစေ ...

ရင်ထဲမှာ တကယ်ခံစားလာရရင် စာအဖြစ် ချရေးပြရမှာ ခက်သလိုပဲပေါ့ ......

၁၉၇၃ ခု ဒီဇင်ဘာ ၆ ရက်နေ့မှာ ဆူဇီဆယ်လ်မန် ဆိုတဲ့ မိန်းကလေး အိမ်ကနေ ပျောက်ဆုံးသွားတယ် ။ ဆူဇီပျောက်ဆုံးမှုနဲ့ အတူ ဆူဇီအဖေဟာ အိမ်နီးနားချင်း ဂျော့ဟာဘီကို မသင်္ကာဖြစ်မိတယ် ။ ရဲတွေကရော လူသတ်သမားကို ဖော်ထုတ်နိုင်မှာလား ၊ ဆူဇီ အဖေကရော သူ့သမီး သေဆုံးသွားတာကို ဖော်ထုတ်နိုင်မှာလား ။

နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg နဲ့ Rachel Weisz သရုပ်ဆောင်ထားတယ် ဆိုပေမယ့် ဇာတ်လမ်းပုံစံက တစ်မျိုးပါပဲ ၊ ပုံမှန် သမာရိုးကျ ဇာတ်လမ်းကနေ ခွဲထွက်ပြီး သေခြင်းရဲ့ အခြားတစ်ဘက် ဆက်ကူးမတ်ကူးကာလမှာ လွင့်မြောနေရင်းကနေ အကြိမ်ကြိမ် စိတ်ထဲကနေ ပြောပြနေသလိုမျိုးလေး ဇာတ်လမ်းကို စီစဉ်ထားတယ် ။

ဖခင်တစ်ယောက်က သူ့သမီးအပေါ် ထားတဲ့ ချစ်ခြင်းတွေ မျှော်လင့်ချက်တွေနဲ့ အိမ်ထောင်တွင်း စိတ်ပူပင်မှုတွေကို အဓိကထားပြီး လွမ်းလွမ်းဆွေးဆွေး ဖြစ်အောင် ရိုက်ပြသွားနိုင်တယ် ။ အခုတစ်လော ဖြစ်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေလိုပါပဲ စိတ်ကိုခိုင်ခိုင်ထားပြီး ကြည့်သင့်ပြီး ပညာယူလေ့လာသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ ။


ရုပ်ရှင်အညွှန်း - Wai Linn Kyaw

[FORMAT]:………………………….:) BRRip / 1080p HD
[GENRE]:……………………….… .:) Drama, Fantasy, Thriller
[FILE SIZE]:…………………….….:) 917 MB
[RESOLUTION]:……………….….:) 1080x720
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 15 mins
[Translated By]:………….........:) Wai Linn Kyaw
[Encoded By]:...................... :) R!B



 The Lovely Bones
(2009) on IMDb


Download
917 MB
G-Drive HD




Download
917 MB
Openload HD

No comments:

Post a Comment