Monday, January 30, 2017

Sully (2016)


အမေရိကန်ကိုယ်ရေးအတ္ထုပ္ပတ္တိ ဒရာမာဇာတ်ကားဖြစ်တဲ့ Sully ဟာ အမေရိကန် လေကြောင်း လိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ကြုံခဲ့ရတဲ့ ၂၀၀၉ က အဖြစ်အ ပျက်နဲ့ လေယာဉ်မှူး ကပ္ပတိန် ချက်စလေစယ်လီဆယ်လန်ဘာ ဂျာရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ထားတာပါ။
ဒီဇာတ်ကားကို ဝါနာဘရား သားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိတာဖြစ်ပြီး မင်းသားကြီး ကလင့်အိစ်ဝုဒ်က စီစဉ်ရိုက်ကူး ကာ အဓိကသရုပ်ဆောင် ကပ္ပတိန်ဆာလီနေရာက မင်းသားကြီး တော်မ်ဟန့်စ်နဲ့အတူ အေရွန် အက်ဟာ့တ်၊ လော်ရာလင်နီ၊ အန်နာဂန်း၊ အော်တမ်ရီဆာ စသူ တွေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
၂၀၀၉ ဇန်နဝါရီ ၁၅ ရက်က အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ဟာ လေယာဉ်မှူး ကပ္ပတိန်ချက်စလေ စယ်လီဆယ်လန်ဘာဂျာနဲ့ အရာရှိဂျက်ဖ်စကီလက်စ်တို့ရဲ့ မောင်းနှင်မှုနဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မြောက်ပိုင်းက လာဂါဒီယာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ပျံတက်ပြီး သုံးမိနစ် လောက်အကြာမှာပဲ ပြသနာလာပါတော့တယ်။ လေယာဉ်ကြီးဟာ ကနေဒါ ငန်းအုပ်နဲ့တိုက်မိပြီး အင်ဂျင်နှစ် လုံးစလုံး အလုပ်မလုပ်တော့ပါ ဘူး။ အင်ဂျင်တွေက အလုပ် မလုပ်တော့သလို အရေးပေါ်ဆင်းသက်စရာ လေယာဉ်ကွင်းလည်း မရှိတဲ့အခြေအနေမှာ လေယာဉ်မှူးကြီး စယ်လီဟာ ရွေးစရာနည်း လမ်းမရှိတော့ဘဲ ဟက်ဒ်ဆန်မြစ် ထဲကို အရေးပေါ်ဆင်းသက်ဖို့ကို ပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

လေယာဉ်ပေါ်မှာပါရှိတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစု ပေါင်း ၁၅၅ ယောက် ဘေးမသီ ရန်မခစေဖို့အတွက် စယ်လီဟာ ကြိုးစားပမ်းစားနဲ့ လေယာဉ်ကြီး ကို မြစ်ထဲဆင်းသက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆူလီနဲ့ လက်ထာက်လေယာဉ်မှူး ဂျက်ဖ်တို့ဟာ လေယာဉ်ပေါ်ပါသူတွေအကုန်လုံးကို  အသက်အန္တရာယ်ကင်းအောင် ဆင်းသက်ပေးနိုင်ခဲ့ပါ တယ်။ လေယာဉ်အမှတ် (၁၅၄၉)က လေယာဉ်မှူး ကပ္ပတိန်စယ်လီ နှင့်တကွ လေယာဉ်ဝန်ထမ်းတွေ အကုန်လုံး သူရဲကောင်းဆုရခဲ့ကြ ပြီး ကပ္ပတိန်စယ်လီအဖို့တော့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းခံရသလို ဝေဖန်ပြောကြားမှုတွေလည်း ခံခဲ့ရပါတယ်။

ဖြစ်ရပ်မှန်အကြောင်းအရာ ကို ဇာတ်အိမ်တည်ရိုက်ကူးထား တာမို့ အဲဒီအခြေအနေကြုံခဲ့ရစဉ် က အဖြစ်အပျက်တွေကို ကွက် ကွက်ကွင်းကွင်း သိမြင်ပြီး ပြေး မလွတ်တဲ့ အသက်ဘေး ကြုံရ တော့မယ့် ခံစားမှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ရာနဲ့ချီတဲ့ ခရီးသည်တွေရဲ့ အသက်ကို လက်ထဲရောက်နေချိန်မှာ လေယာဉ် ပေါ်မှာ တာဝန်အရှိဆုံးလူရဲ့ ဆုံးဖတ်ချက်နဲ့ တာဝန်ယူမှုတွေကို ကိုယ်တိုင်ခံစားကြည့်ကြပါဦးလို့။

အညွှန်း - 7DayDaily

IMDB rating ကောင်းနေဆဲ မင်းသားကြီး Tom Hanks ဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Kyaw Zaya ဖြစ်ပါတယ်ခင်ဗျာ။

[FORMAT]:………………………….:[ 720p HDRip x264 MP4
[GENRE]:………………………… .:[ Biography, Drama
[FILE SIZE]:……………………….:[ 700 MB
[RESOLUTION]:………………….:[ 720x300
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 36mins
[Translate By]:……………………..:[ Kyaw Zaya

 Sully
(2016) on IMDb

Download
700 MB
Sully (2016)

Saturday, January 28, 2017

Merantau (2009)


လယ်ဝေးသားလေး Kyaw Myo Thu ဘာသာပြန်ထားတဲ့ ဒုတိယမြောက်ဇာတ်ကားကတော့ အင်ဒိုနီးရှား အက်ရှင်ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ဒါရိုက်တာကတော့ အာရှကိုစိတ်ဝင်စားပြီး အင်ဒိုနီးရှားမှာ ဇာတ်ကားတွေရိုက်ကူးနေတဲ့ အနောက်တိုင်းသားတယောက်ဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ အဓိကမင်းသားကတော့ ပရိသတ်နဲ့ သိပ်မစိမ်းပါဘူး။ The Raid (2011), The Raid 2 (2014) တို့မှာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့တဲ့ မင်းသား Iko Uwais ဖြစ်ပါတယ်။ Iko ဟာ ဆယ်နှစ်သားကတည်းက ဆီးလက် (အင်ဒိုရိုးရာ ကိုယ်ခံပညာ) ဆရာကြီးဖြစ်တဲ့ သူ့အဖိုးဆီက ပညာအမွေခံခဲ့တာဖြစ်ပြီး ဇာတ်လမ်းထဲက သတ်ခန်းပုတ်ခန်းတွေကလည်း ဆီးလက်အကွက်တွေကိုပဲ အခြေခံ ရိုက်ကူးခဲ့တာကြောင့် သဘာဝကျပြီး ကြည့်ရတာအားရပါးရရှိလှပါတယ်။ မွေ့ထိုင်းမင်းသား Tony Jaa (Ong Bak မင်းသား) ပရိသတ်တွေဆိုရင်တော့ ဒီဇာတ်ကားကို အကြိုက်တွေ့မှာ ကျိန်းသေပါတယ်။

အင်ဒိုနီးရှားနိုင်ငံ စုမုတြားကျွန်း အနောက်ပိုင်းမှာနေထိုင်ကြတဲ့ Minangkabau ဆိုတဲ့မျိုးနွယ်တွေမှာ ယောက်ျားလေးတယောက်ဟာ အရွယ်ရောက်ရင် မိသားစုနဲ့ခွဲခွါပြီး မိမိဘဝတက်လမ်းကိုရှာဖွေရမယ်၊ ကိုယ့်အစွမ်းအစနဲ့ မိသားစုဂုဏ်၊ မျိုးနွယ်ဂုဏ်တက်အောင် ကြိုးစားရမယ်ဆိုတဲ့ ထုံးတမ်းအစဉ်အလာရှိပါတယ်။

ယုဒါ ဆိုတဲ့ လူငယ်လေးကလည်း အိမ်ကိုစွန့်ပြီး မြို့တော်ဂျက်ကာတာ ကိုတက်ခဲ့ပါတယ်။ မြို့တော်ကိုရောက်ပေမယ့်လည်း သူနဲ့ဆက်သွယ်ရမယ့်သူတွေကို ဆက်သွယ်လို့မရလို့ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာပဲ မောင်နှမနှစ်ယောက်တဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီမောင်နှမဟာ ယုဒါအနေနဲ့ အခုမှတွေ့တဲ့ သူစိမ်းတွေဆိုပေမယ့် သူ့မျိုးရိုးထုံးတမ်းအရ အားနည်းသူကိုကူညီပြီး ခေါင်းမရှောင်ပဲ အဆုံးထိတိုက်ပွဲဝင်သွားခဲ့ပါတော့တယ်။သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိပေမယ့်လည်း ယုဒါဟာ ရိုးရိုးသားသားနဲ့ သူတို့အပေါ်မှာရှိတဲ့ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေကို သူတတ်မြောက်ထားတဲ့ ဆီးလက်ပညာနဲ့ ကာကွယ်ပေးရင်း ဘယ်လောက်အထိ အန္ဒရာယ်တောထဲရောက်သွားမလဲဆိုတာကိုတော့....

[FORMAT]:………………………….:[ 720p HDRip x264 MP4/ 640 SDx246 MP4
[GENRE]:………………………… .:[ Action, Drama
[FILE SIZE]:……………………….:[ 1 GB / 457 MB
[RESOLUTION]:………………….:[ 720x400 / 640x360
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 14mins
[Translate By]:……………………..:[ လယ်ဝေးသားလေး Kyaw Myo Thu


 Merantau
(2009) on IMDb

Download
1 GB
Merantau (2009)

Download
457 MB
Merantau (2009)

Friday, January 27, 2017

The Viral Factor (2012)


နာမည်ကြီး ဟောင်ကောင်အက်ရှင်ဇာတ်ကြမ်းတကား တင်ပေးချင်ပါတယ်။ မင်းသားကတော့ ထိုင်ဝမ်နာမည်ကြီး အဆိုတော် Jay Chou ပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကတော့ မြန်မာပရိသတ်တွေကြိုက်တဲ့ဇာတ်အိမ်မျိုးပါ၊ မလေးရှားနိုင်ငံ KL မြိုထဲမှာတည်ထားပြီး အက်ရှင်ခန်းတွေကို ခပ်ကြမ်းကြမ်းရိုက်ကူးထားတာကြောင့် အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ။ အက်ရှင်ကားကောင်းတွေကိုဘာသာပြန်နေကျဖြစ်တဲ့  စိုင်းလင်းမြတ် မြန်မာဘာသာပြန်ဆိုပေးထားတာပါ။

အပြည်ပြည်ဆိုင်ရာ အထူးလုံခြုံရေးအဖွဲ့မှ တပ်ဖွဲမှုးဖြစ်တဲ့ ဂျွန်ဟာ ရာဇဝတ်ကောင် ရောဂါဗေဒပညာရှင်တယောက်ကို တခြားနိုင်ငံကိုလွှဲပြောင်းဖို့ လမ်းကြောင်းမှာ လုံခြုံရေးတာဝန်ယူရပါတယ်။ လမ်းမှာ အတိုက်အခိုက်ခံရကာ ပညာရှင်ကို အခြားတဖွဲ့က ပြန်ပေးဆွဲသွားပြီး၊ ဂျွန်လည်းဒဏ်ရာရာခဲ့ပါတယ်။
သူသတိပြန်ရတဲ့အချိန်မှာ ဆေးရုံမှာဖြစ်ပြီး သူ့ဦးနှောက်ထဲမှာကျည်ဆံဝင်နေပြီး လုံးဝထုတ်ယူလို့မရနိုင်ဘူးဆိုတာသိရပါတယ်။ သူလည်းအနားယူဖို့ လိုအပ်တယ်ဆိုပြီး အိမ်ပြန်ကာ သူ့အမေနဲ့တူတူနေပါတော့တယ်။ သူ့အမေပြောပြတော့မှ သူ့မှာ အစ်ကိုတယောက်ရှိကြောင်း၊ သူ့အမေက သူ့အဖေလောင်းကစားလုပ်တာကို သည်းမခံနိုင်းတော့လို့ ဂျွန်ကိုခေါ်ပြီး အိမ်ပေါ်ကဆင်းကာ အစ်ကိုဖြစ်သူကို အဖေနဲ့ထားခဲ့ကြောင်း စတဲ့အချက်တွေကို သိပြီးတဲ့နောက်မှာတော့ ဂျွန်တယောက် သူ့ရဲ့အစ်ကိုကို ရှာဖို့ မလေးရှားကို ထွက်ခွာလာပါတော့တယ်။
တဖက်ကသူ့အစ်ကိုဆိုသူမှာလည်း လူဆိုးဂိုဏ်းတွေနဲ့ဆက်နွယ်နေပြီး ယခုလည်း ပညာရှင်ကို ပြန်ပေးဆွဲကိစ္စမှာ ပါဝင်ပါတ်သတ်နေတော့ ဂျွန်တို့ညီအစ်ကိုတွေ့ဆုံမှုက ဘယ်လောက်ထိကြမ်းတမ်းမလဲ၊ ဘယ်လိုတွေနူးညံ့မှုတွေရှိုမလဲဆိုတာကိုတော့......

[FORMAT]:………………………….:[ 720p HDRip x264 MP4/ 640 SDx246 MP4
[GENRE]:………………………… .:[ Action, Drama, Thriller
[FILE SIZE]:……………………….:[ 934 MB / 497 MB
[RESOLUTION]:………………….:[ 720x320 / 640x270
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 2mins
[Translate By]:……………………..:[ စိုင်းလင်းမြတ်

 The Viral Factor
(2012) on IMDb

Download
934 MB
HD Large

Download
497 MB
SD Small

Wednesday, January 25, 2017

The Accidental Spy (2001)


ဂျက်ကီးချန်းဇာတ်လမ်းတပုဒ်တင်ဆက်ပေးလိုက်ပါပြီး၊ သွက်သွက်လက်လက် အက်ရှင်ခန်းတွေနဲ့ ဇာတ်လမ်းမြှုပ်ကွက်လေးတွေကြောင့် စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းမှာပါ။ ဒီဇာတ်ကားကို ဘာသာပြန်ပေးတဲ့သူကတော့ လယ်ဝေးသားလေး Kyaw Myo Thu ဖြစ်ပါတယ်ခင်ဗျား။

အညွှန်း

"ဘက်" ဆိုတဲ့ သာမာန်အရောင်းဝန်ထမ်းတယောက်ဟာ ဟောင်ကောင်ကအရောင်းစာရေးလေးတယောက်ဖြစ်ပါတယ်။ တရက် ကွန်ဖူးတတ်တဲ့ ဘက်မှာ ကုန်တိုက်တခုက ဘဏ်ဓါးပြတိုက်မှုကို အစီအစဉ်ပျက်အောင် မွှေနှောက်ခဲ့ပြီး သာမညသူရဲကောင်းလေးဖြစ်လာပါတယ်။

ဘက်ဟာ မိဘမဲ့ကျောင်းမှာကြီးပြင်းလာတာဖြစ်ပြီး သူ့မိဘတွေကိုတွေ့ဖို့ အမြဲစဉ်းစားနေသူတယောက်ပါ။ တရက်မှာ သူ့အဖေလို့ထင်ရသူကိုတွေ့ဖို့ ကိုရီးယားကိုသွားဖြစ်ပါတယ်။ သေအံ့ဆဲဆဲ သူ့အဖေဟာ သူ့ကို ထူးဆန်းတဲ့ သဲလွန်စတွေပေးပြီ်းသေဆုံးသွားပါတယ်။

အဲ့ဒီသဲလွန်စတွေကို ဘယ်လိုအသုံးချမလဲ၊ သူ့အဖေက စပိုင်တယောက်လား၊ သူကိုယ်တိုင်လည်း ဘယ်လိုစပိုင်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုခံစားပေးပါဦး။

[FORMAT]:………………………….:[ 1280p HDRip x264 MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 979 MB
[RESOLUTION]:………………….:[ 1280x544
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 27mins
[Translate By]:……………………..:[ လယ်ဝေးသားလေး Kyaw Myo Thu

 The Accidental Spy
(2001) on IMDb

Download
979 MB
The Accidental Spy (2001)

Monday, January 23, 2017

Run the Tide (2016)


ဒီနေ့တော့ ဇာတ်လမ်းအေးလေး တွေကြိုက်တဲ့ပရိသတ်တွေအကြိုခံစားဖို့အတွက် ဒရာမာ ဇာတ်ကားသစ်လေးအကြောင်း ဖော်ပြ ပေးလိုက်ပါတယ်။

ရေမွန်ဟိုက်တာဝါမှာ အိုလီ ဗာဆိုတဲ့ (၁၀)နှစ်အရွယ် ညီငယ် တစ်ယောက်ရှိပြီး သူတို့အမေဟာ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေတဲ့ အတွက် ရေမွန် က စောင့်ရှောက် နေခဲ့တာပါ။ သူတို့အဖေနဲ့ အမေ က ကွဲနေတာဖြစ်ပြီး ငဆိုးလေး အငယ်ကောင်ကို စောင့်ရှောက် ရင်း ညီအစ်ကိုနှစ်ယောက် အတူ နေကြတာပါ။

တစ်ရက်မှာတော့ သူတို့ အမေရှိတဲ့ ထောင်ကို ညီအစ်ကို နှစ်ယောက် သွားတွေ့ခဲ့ပြီး မကြာခင်မှာ လွတ်တော့မယ့် သူ့အမေက အငယ်လေး ကို ခေါ်ထားမယ့်အကြောင်း ရေမွန်ကို ပြောရင်း သားအမိနှစ်ယောက် အချေအ တင်တွေ ဖြစ်ပါတော့တယ်။

ရေမွန်တို့ ညီအစ်ကိုဟာ သိပ်မတည့်ပေမယ့်လည်း ညီဖြစ်သူ ကို သူ့အမေက အပြီးခေါ်သွားမယ်ဆိုတော့လည်း မိသားစု စုစုစည်းစည်း ဖြစ်ချင်တဲ့ ရေ မွန်တစ် ယောက် လက်မခံချင်ခဲ့ပါဘူး။ သူ့ ညီကို သူ့အမေခေါ်သွားမှာစိုးတဲ့ အတွက် အိုလီဗာကိုခေါ်ပြီး ညီ အစ်ကိုနှစ်ယောက်သား ကယ်လီ ဖိုးနီးယား ကမ်းရိုးတန်းဘက်ကို ထွက်သွားခဲ့ကြပါတယ်။

သူတို့အမေ ထောင်ကလွတ် တဲ့အချိန်မှာ သူတို့အဖေနဲ့အတူ အိမ်ကိုလာ ရှာပေမယ့် ညီအစ်ကို နှစ်ယောက်စလုံး မရှိတာတွေ့ခဲ့ ပြီး ကယ်လီဖိုးနီးယား ကမ်းရိုးတန်း ဘက်ကို ထွက်သွားတယ်ဆိုတာ သိခဲ့တာကြောင့် အဖေနဲ့ အမေ လိုက်သွားခဲ့ပါတယ်။

ရေမွန်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ စားလိုက်သောက်လိုက်နဲ့ သွား လာကြပြီး သူတို့မိဘတွေကလည်း သူတို့သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်သွားကြခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူတို့ညီအစ်ကိုရှိရာကို မိဘတွေ ရောက်လာခဲ့ကြပါတယ်။

ညီလေးနဲ့ မခွဲချင်ဘဲ မိသား စုဘဝလေး ပြန်တည်ဆောက်ချင် တဲ့ ရေမွန်ရဲ့ စိတ်ကူးမျှော်လင့် ချက်တွေ ဖြစ်လာပါ့မလား၊ မိဘ တွေရောက်လာပြီး ဘာတွေဆက် ဖြစ်မယ်ဆိုတာ ကြည့်လိုက်ကြဦး နော်။

မိသားစုဇာတ်လမ်းအေးအေးတွေ သဘောကျတဲ့ ပရိသတ်အတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ရေမွန် အဖြစ် တေလာလော့တ်နာ၊ အိုလီဗာအဖြစ် နီကော့စ်ခရစ္စတိုနဲ့အတူ ကွန်စတန့်စ်ဇင်မာ၊ ကန်နီဂျွန်ဆင်၊ ဂျို အန်နာဘရဒ်တို့ပဲ ဖြစ်ပါတယ်။

အညွှန်း- 7Days

[FORMAT]:…………………………:) 720p DVDRip
[GENRE]:………………………… .:) Drama
[FILE SIZE]:……………………….:) 889 MB
[RESOLUTION]:………………….:) 720x380
[SUBTITLES]:……………………..:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 1h 40mins
 Run the Tide
(2016) on IMDb

Download
889 MB
Run the Tide (2016)

Saturday, January 21, 2017

Hard Boiled (1992)



ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အညွှန်းရေးဖို့ အချက်အလက်လိုက်ရှာတော့ ထူးခြားတာတစ်ခုတွေ့တယ်။ Online စွယ်စုံကျမ်းကြီးဖြစ်တဲ့  Wikipedia မှာ History of crime fiction အကြောင်းအရာအောက်မှာ ဒီ Hard Boiled (1992) Lat sau san taam ဇာတ်ကားကို ထည့်သွင်းပြောထားတာ တွေ့ရပါတယ်။ Fiction ဇာတ်လမ်းဆိုပေမယ့် တကယ်လည်း ရှိခဲ့တဲ့အကြောင်းအရာတွေပါ ထည့်သွင်းထားတာကြောင့် နမူနာပေးခံရတာလည်း ဖြစ်ပါတယ်။

မူခင်းရုပ်ရှင်နဲ့ပတ်သတ်ရင် နိုင်ငံတကာရုပ်ရှင်ကားတွေ အမျိုးမျိုးရှိပါတယ်။ အဲဒီထဲကမှာ ဟောင်ကောင် ဒုစရိုက်သမိုင်းကို စိတ်ကူးဇာတ်လမ်းဖော်ထားတဲ့ နာမည်ကျော် ဒါရိုက်တာကြီး John Woo ရဲ့လက်ရာဖြစ်ပါတယ်။ ဟောင်ကောင် ရုပ်ရှင်ဆုပေးပွဲ နဲ့ Asia-Pacific Film Festival မှာ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ရရှိခဲ့တဲ့အပြင် ထုတ်လုပ်သူဆု လည်းရရှိခဲ့ပါတယ်။ ဇာတ်ပို့ဆု စကာတင်စာရင်းမှာလည်း Tony Leung Chiu Wai ပါဝင်ခဲ့ပါသေးတယ်။ Rating အပိုင်းကလည်း မြင့်တဲ့ကားကောင်းဖြစ်ပါတယ်။

Crime နဲ့ Drama ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ သရုပ်ဆောင်တိုင်းရဲ့အားထုတ်မှုကိုလည်း မြင်ရမှာပါ။ အထူးသဖြင့် Chow Yun Fat (ချောင်ရင်ဖတ် :P) ရဲ့ (သွားကြားထိုးတံလား၊ မီးခြစ်ဆံ ပါးစပ်မှာကိုက်ပြီး မထိတထိပြုံးတဲ့) စတိုင်က အခုထက်ထိ မျက်လုံးထဲစွဲနေပါတယ်။ မျက်ရည်ချူတဲ့ ကားကောင်းထဲမှာလည်းပါ ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မပြောတော့ဘူး။ ကြည့်ပြီးသားဆိုရင်လည်း ပြန်ကြည့်ဖို့သင့်တဲ့ကားတစ်ကားပါလို့ ပြောပါရစေ။ ဟုတ်ကဲ့....မြန်မာဘာသာပြန်ပေးသူကတော့ စိုင်းလင်းမြတ် ဖြစ်ပါတယ်။

အညွှန်း - R!B

[FORMAT]:…………………………:) 720p HDRip
[GENRE]:………………………… .:) Action,Crime,Drama
[FILE SIZE]:……………………….:) 608 MB
[RESOLUTION]:………………….:) 854x460
[SUBTITLES]:……………………..:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 2h 8mins
[iMDB RATING]:………………....:) 7.9/10

 Hard Boiled
(1992) on IMDb


Download
608 MB
Hard Boiled (1992)

Friday, January 20, 2017

Paper Towns (2015)


ဒီတစ်ကားကတော့ အချစ် နဲ့ လျို့ဝှက်နဲနက်ရှာဖွေတာကို ကြည့်ချင်တဲ့သူတွေအတွက် သင့်လျှော်ပါတယ်။
ဆယ်ကျော်သက်လူငယ်တွေရဲ့ခံစားမှုအတက်အကျတွေကို မြင်ရမှာပါ။ Htoo Htoo က ဘာသာပြန်ဆိုထားပါတယ်။

စာရေးဆရာ John Green ရဲ့ ရောင်းအားအကောင်းဆုံးသော နာမည်ကြီးဝတ္ထုကို အခြေခံပြီး အသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ် Quentin ဆိုတဲ့ ကောင်လေးဟာ အိမ်နီးချင်းဖြစ်တဲ့ Margo ဆိုတဲ့ ခပ်ချောချောကောင်မလေးကို တိတ်တခိုးကြိတ်ကြိုက် နေပါတယ်။ Quentin ဟာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ နေထိုင်နေရသူဖြစ်ပေမယ့် Margo ကတော့ သူနှင့်မတူပါဘူး။ တစ်ညမှာ Margo ဟာ Quentin ကို သူ့ရဲ့ တစ်ညတာစွန်းစားခန်းကို ပါဝင်ဖို့လာခေါ်ပါတယ်။ သူမဟာ ဘောင်တွေ ဟန်ဆောင်မှုတွေပြည့်နှက်နေတဲ့ ခံစားချက်တွေကင်းတဲ့ တစ်ညတာကို Quentin ကို ပြခဲ့ပါတယ်။ သူတို့နေထိုင်နေတဲ့ မြို့ကြီးဟာ တကယ်တော့ Paper Towns စက္ကူချပ်တွေလိုပဲ ဟန်ဆောင်ခြင်းတွေ   ပြည့်နှက်နေတာ ဖြစ်ပေမယ့် ဖြူစင်တဲ့ အဖြစ်အပျက်တွေကိုမှတ်ထားတဲ့ အသိဥာဏ်တွေကတော့ ပျောက်ပျက်သွားမှာမဟုတ်ကြောင်း Quentin ကို ပြောကြားရင်း တစ်ညတာကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်တနေ့စပြီး Margo တစ်ယောက် ပျောက်ချင်းမလှ ပျောက်ဆုံးသွားကြောင်း သိခဲ့ပြီးတဲ့နောက် သူမကို Quentin တို့သူငယ်ချင်းတစ်စု ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စည်းကမ်းတွေကြားထဲမှာ နေနေရတဲ့ Quentin တစ်ယောက် ဘောင်တွေကိုကျော်ပြီး စွန့်စားခန်းတွေကို ဖြတ်ကျော်ဖို့အတွက် Margo က Quentin တစ်ယောက်ထဲ နားလည်နိုင်မယ့် သဲလွန်စတွေကို ထားခဲ့ပါတယ်။ စွန့်စားခန်းတွေကို လွတ်လပ်စွာ ဖြတ်သန်းပြီး စစ်မှန်တဲ့ မိတ်ဆွေဘ၀၊ ချစ်ခြင်းတရားတွေနှင့် Margo ကို ရှာတွေ့နိုင်မလားဆိုတာ စောင့်မျှော်ခံစား ကြည့် ကြရအောင်လား။

အညွှန်း - http://www.allyouths.com

[FORMAT]:………………………….:[ 720p.BluRay.x264
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 459 MB
[RESOLUTION]:………………….:[ 640x280
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 49mins
[iMDB RATING]:……………………..:[ 6.4/10

 Paper Towns
(2015) on IMDb
            

Download
459 MB
small File


Tuesday, January 17, 2017

Fantastic Beasts and Where to Find Them (2016)



လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး HDrip version ကို တင်ဆက်လိုက်ပါပြီ။ (Cam Version ကို ၂၀၁၆ ဒီဇင်ဘာ ၁၁ ရက်နေ့က Flim2mm ကတင်ခဲ့ပြီးပါပြီ။)
r@bp!G

အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ဓါတ်ရှင်

ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။

မဇ္ဈိမ

[FORMAT]:………………………….:[ 720p HDrip MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 933 MB / 498 MB
[RESOLUTION]:………………….:[ 1280x536 / 640x280
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

 Fantastic Beasts and Where to Find Them
(2016) on IMDb



Download
933 MB
Large File
Download
498 MB
Small File

Saturday, January 14, 2017

Saving Private Ryan (1998)



ဒီတစ်ခေါက်ကတော့ ၁၉၉၈ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ နာမည်ကျော် Saving Private Ryan ဇာတ်ကားဖြစ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks (Catch me if you can), Matt Damon (Bourne Trilogy), Vin Diesel (Fast & Furious Series) တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင် ချက်၊ ဇာတ်လမ်း ကပြောစရာမရှိသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg (Jurassic Park, Catch me if you can) ဖြစ်လို့ ပြောစရာမလိုပါဘူး။အော်စကာဆု ၅ခုကို ဆွတ်ခူးနိုင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိုင်ခဲ့ပါတယ်။ IMDBမှာလဲ Rating 8.6အထိတောင် ရထားပါတယ်။ ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Marshal Nay Win ပဲဖြစ်ပါတယ်။

ရုပ်ရှင်နဲ့ပတ်သတ်တဲ့ အချက်အလက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

*Saving Private Ryan ရဲ့ German အတွက်လုပ်ထားတဲ့ရုပ်ရှင် version ထဲမှာ နော်မန်ဒီ ကမ်းခြေတိုက်ပွဲတွင်းမှာပါခဲ့ဖူးတဲ့ ဂျာမန်စစ်ပြန်တစ်ယောက် ပါဝင်သရုပ်ဆောင်ခဲ့ပေမဲ့ ရုပ်ရှင်ရဲ့ ပီပြင်လွန်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာလို့ ရိုက်ကူးရင်းတန်းလန်း နှုတ်ထွက်ခဲ့ပါတယ်။

*ရုပ်ရှင်စရိုက်တော့ Spielberg က Private Ryan နေရာမှာ Matt Damon ကိုထည့်သွင်းခဲ့တာက နာမည်မကြီး လူသိပ်မသိတဲ့ အမေရိကန်ဆန်ဆန် သရုပ်ဆောင်ကိုသုံးချင်လို့ပါ။ ဒါပေမဲ့ Saving Private Ryan ရုပ်ရှင်မထွက်ခင် တစ်နှစ်အလိုမှာ Matt Damon က Good Will Hunting ရုပ်ရှင်နဲ့ Oscar ရခဲ့ပြီး နာမည်ကျော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

*ဇာတ်ဝင်ခန်းတစ်ခန်းမှာ လက်နက်ချ အညံ့ခံတဲ့ German စစ်သားနှစ်ယောက်ကို ပစ်သတ်တဲ့အခန်းပါပါတယ်။ အဲအခန်းမှာ ဂျာမန်စစ်သားတွေပြောတဲ့စကားက “မပစ်ပါနဲ့။ ကျွန်တော်တို့က ဂျာမန်လူမျိုးမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်း မသတ်ထားပါဘူး။ ကျွန်တော်တို့က ချက် Czech လူမျိုးတွေပါ” ဖြစ်ပါတယ်။ အဲဒီ Czech လူမျိုး ဂျာမန်စစ်သားတွေဟာ ဂျာမန်အခေါ်အဝေါ်နဲ့ဆို အရှေ့ပိုင်း တပ်ဖွဲ့လို့ခေါ်ပြီး ဂျာမန်တွေ ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ ဥရောပနိုင်ငံတွေကလူတွေကို အတင်းဖမ်းပြီး စစ်တပ်ထဲထည့်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

*Saving Private Ryan ရုပ်ရှင်ဟာ အရမ်းကြမ်းတမ်းလွန်းလို့ အိန္ဒိယနိုင်ငံ ရဲ့ ဆင်ဆာအဖွဲ့က သူတို့ဆီမှာပြခွင့်မပြုပဲ ပြချင်ရင် ပြန်တည်းဖြတ်တာ အခန်းဖြတ်ပစ်တာတွေလုပ်ဖို့ပြောပါတယ်။ သို့ပေမဲ့ Spielberg က ပြန်မပြင် မဖြတ်ဘဲ India မှာမပြတော့ဘူးဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ India ရဲ့ Home Minister ကိုယ်တိုင် ရုပ်ရှင်ကိုကြည့်မိတဲ့အခါမှာ သဘောကျသွားလို့ မပြုပြင်စေဘဲ မူရင်းအတိုင်း ပြခွင့်ပေးခဲ့ပါတယ်။ သို့ပေမဲ့ အထက်ပါ အကြောင်းပြချက်တွေကြောင့်ပဲ မလေးရှားမှာတော့ ပြသခွင့်မရခဲ့ပါဘူး။

*Omaha ကမ်းခြေကိုစီးနင်းတိုက်ခိုက်တဲ့ နာမည်ကျော် ဇာတ်ဝင်ခန်းကြီးကိုရိုက်တာ အဲခေတ်က $11 million ကုန်ပါတယ်။ Extra သရုပ်ဆောင်ပေါင်း ထောင်ကျော်ပါဝင်ခဲ့ရပြီး အများစုက Irish စစ်တပ်ကဖြစ်ပါတယ်။ အယောက် ၂၀-၃၀ လောက်က ခြေလက် စသည်တို့ဆုံးရှုံးထားတဲ့ စစ်ပြန်တွေဖြစ်ပြီး ဇာတ်ဝင်ခန်းမှာ စစ်သားတွေ ခြေလက် စတာတွေ ပြတ်ထွက်တဲ့အခန်းရိုက်တဲ့အခါမှာ ခြေတုလက်တုတွေ သုံးပြီးပါဝင်ခဲ့ပါတယ်။ အစက UK မှာရိုက်ဖို့လုပ်ပေမဲ့ England ကာကွယ်ရေးဝန်ကြီးဌာနက Spielberg တောင်းဆိုတဲ့ စစ်သားထောင်ဂဏန်းမပေးနိုင်လို့ Ireland မှာပြောင်းရိုက်ခဲ့ပါတယ်။ Irish စစ်သား ၂၅၀၀ လောက် ထောက်ပံ့ပေးခဲ့ပြီး England က ၂၀၀ လောက်ပေးခဲ့တယ်ဆိုပါတယ်။

*ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ Camera shake တွေများတာ သတိပြုမိမှာပါ။ အဲ camera shake တွေအတွက် Spielberg က ကင်မရာတွေဘေးမှာ နံရံဖောက်တဲ့ လွန်သွား Drill တွေတပ်ထားပါတယ်။ လိုအပ်တဲ့အခါ တုန်ပစ်ပါတယ်။ အဲနည်းနဲ့ပဲ ရိုက်နေရင်းနဲ့မှ ရိုက်ကူးရေးအဖွဲ့က ဓာတ်ပုံဆရာက Spielberg ကို Camera shake အတွက် lens တွေရှိတယ်လို့ပြောပါတယ်။ Spielberg က သူဟာ ရုပ်ရှင်ရိုက်နည်းအသစ်တစ်ခုဖန်တီးလိုက်မိပြီလို့ ထင်မိခဲ့သေးတယ်လို့ အင်တာဗျူးတစ်ခုမှာပြောပါတယ်။

*ရုပ်ရှင်အတွက် သရုပ်ဆောင်တွေဟာ အင်မတန်ကြမ်းတမ်းတဲ့ စစ်သင်တန်းကို တစ်ပတ်ကြာ တက်ခဲ့ရပါတယ်။ သရုပ်ဆောင်တွေ အရမ်းပင်ပမ်းခဲ့ပေမဲ့ မင်းသား Tom Hanks ကတော့ သူ့ရဲ့ Forrest Gump ရုပ်ရှင်ထဲက Vietnam စစ်ပွဲဇာတ်ဝင်ခန်းတွေအတွက် သင်တန်းတက်ခဲ့ပြီးသားမို့လို့ စစ်သင်တန်း ကြမ်းကြောင်းသိပြီးသားမို့လို့ သိပ်ပြဿနာမရှိခဲ့ပါဘူး။ “တခြားသူတွေက ကျွန်တော်ထင်တယ်၊ စစ်သင်တန်းက တောထဲမှာ camping သွားတဲ့ပုံလို့ပဲ ထင်ထားကြမယ်နဲ့တူတယ်။ မီးပုံလေးနားထိုင်ရင်း သင်ရတာမျိုးနေမှာပေါ့” လို့ပြောခဲ့ပါတယ်။

*ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ ပြသခဲ့စဉ်တုန်းက အသံ volume ကိုမြှင့်ပြဖို့ ပြောခဲ့တယ်ဆိုပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်မှာ အသံကလည်း အဓိကနေရာမှာ ရှိနေလို့ပါတဲ့။

*ဇာတ်ကားထဲမှာ Sniper လုပ်တဲ့ Pvt. Jackson ဟာ ရန်သူ sniper ရဲ့ မှန်ပြောင်းကို ထုတ်ချင်းဖောက်ပစ်ပြီး သတ်ပစ်နိုင်တဲ့အခန်းပါပါတယ်။ အဲအဖြစ်အပျက်က အပြင်မှာရှိခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်မှာတော့မဟုတ်ပါဘူး။ ဗီယက်နမ် စစ်ပွဲအတွင်းမှာတုန်းက Marine Pvt. Carlos Hathcock ရဲ့ NVA Sniper ကိုပစ်သတ်ခဲ့တဲ့ အချက်ကို မှီထားတာပါ။ Pvt. Carlos Hathcock ဟာ အမေရိကန်စစ်သမိုင်းမှာ နာမည်အကြီးဆုံး sniper တွေထဲက တစ်ယောက်ဖြစ်တယ်လို့ဆိုပါတယ်။

*နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ Ramelle တိုက်ပွဲထဲက မြို့ပျက်ကြီးက မြို့ပျက်အစစ်မဟုတ်ဘဲ ရိုက်တော့မှ တည်ဆောက်ခဲ့တာပါ။အကောင်းအတိုင်း ဆောက်ပြီးသွားတော့မှ မြို့ကို လိုချင်တဲ့ပုံဖြစ်အောင် ဗုံးအမျိုးမျိုးဖောက်ပြီး ပြင်ဆင်ခဲ့ပါတယ်။ တံတားတစ်ဖက်တစ်ချက်က ဇာတ်ဝင်ခန်းတွေရိုက်ဖို့အတွက် မြစ်ပုံစံဖြစ်အောင် ရေကန်တူးပြီးမှ အပေါ်မှာ တံတားထိုး ရိုက်ခဲ့တာဖြစ်ပါတယ်။

*Saving Private Ryan ဟာ အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အနည်းအကျဥ်းအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ WWII ကာလအတွင်းတုန်းက Private Fritz Niland ရဲ့ အစ်ကိုနှစ်ယောက်က Normandy မှာ ကျခဲ့ပြီး တတိယတစ်ယောက်ကလည်း မြန်မာပြည်မှာ တိုက်ပွဲကျတယ်လို့ ယူဆရလို့ သူ့ကိုလိုက်ရှာဖို့ အမိန့်ကျပေမဲ့ သူဘယ်မှာမှန်း ဘယ်သူမှမသိလို့ လိုက်မရှာဖြစ်ခဲ့ပါဘူး။ နောက်တော့ မြန်မာပြည်မှာ တာဝန်ကျတဲ့သူ့အစ်ကိုက တိုက်ပွဲမကျခဲ့ပါဘူး။

ရုပ်ရှင်အညွှန်း : Datshin

[FORMAT]:………………………….:[ 720p BrRip x264 MP4
[GENRE]:………………………… .:[ Drama, War
[FILE SIZE]:……………………….:[ 1.3 GB / 566 MB
[RESOLUTION]:………………….:[ 888x480 / 640x350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 49mins
[Translate By]:……………………..:[ Marshal Nay Win

 Saving Private Ryan
(1998) on IMDb

Download
1.3 GB
Large File
Download
566 MB
Small File

Friday, January 13, 2017

The Romantic President (2002)


မြန်မာလိုခေါင်းစဉ်တပ်ရရင်တော့ သမ္မတကြီးရဲ့ အချစ်ဇာတ်လမ်းပေါ့။ ကိုရီးယားသမ္မတကြီးရဲ့ သမီးတက်တဲ့ကျောင်းမှာ စာသင်ရတဲ့ ဆရာမကို မုဆိုးဖိုကြီးသမ္မတက စိတ်ဝင်စားသွားပြီး နီးစပ်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ဇာတ်ကားမျိုးပါ။
ကိုရီးယားကားတွေ ခေတ်စားကစ အချိန်တုန်းက ကြည့်ခဲ့ဖူးပြီး ယခုအချိန်မှ Flim2mm Translator Group မှ ညီလေး  Htoo Htoo Zaw မှ ရှားရှားပါးပါး ပြန်လည်ရှာဖွေပြီး ဘာသာပြန်ပေးခဲ့တာပါ။ ဒီဇာတ်ကားဟာ  Htoo Htoo Zaw အတွက် ဒုတိယမြောက် ဘာသာပြန်ဇာတ်ကားဖြစ်ပြီး ပထမကားကတော့ ကိုရီးရား အက်ရှင်ဇာတ်ကားဖြစ်တဲ့ Man on High Heels (2014) ဖြစ်ပါတယ်။

[FORMAT]:………………………….:[ 640p SD MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 711 MB
[RESOLUTION]:………………….:[ 640 x 352
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 35mins
[Translate By]:……………………..:[ Htoo Htoo Zaw

 The Romantic President
(2002) on IMDb

Download
712 MB
The Romantic President (2002)

Monday, January 9, 2017

The Godfather I (1972)


တခုအရင်ပြောဦးမယ်ဗျာ IMDB မှာ rating အများဆုံးရတဲ့ဇာတ်ကားဆိုရင် လူတော်တော်များများက The Godfather လို့ပြောပါလိမ့်မယ်။ ဟုတ်ပါတယ် IMDB 9.2 နဲ့Top 1 နေရာကို ယူထားတာ နှစ်အတော်ကြာနေပါပြီ။ ကျွန်တော့်အနေနဲ့လည်း ဒီလိုကားမျိုးကို ပြန်ချင်လွန်းသော်လည်း  ၃နာရီနီးပါး ရှည်လျားသည်ကတကြောင်း၊ ပြန်စရာကားအသစ်များရှိနေခြင်းကတကြောင်းတို့ကြောင့် လုံးဝမလှည့်နိုင်ခဲ့ပါ။ ဒီလိုနဲ့ အဲ့ဒီ ဂန္တဝင်ဇာတ်ကားကြီးကို မျက်စောင်းခဲနေရင်း flim2mm translator group ထဲမှ ဝါသနာကြီးတဲ့ ညီငယ် Marshal Nay Win က သူ့ဆီမှာ God Father 1 ပြန်ပြီးသားရှိတဲ့အကြောင်း၊ တင်ချင်ရင်ပေးမယ့် အကြောင်းဆိုလာတော့ ဘိုပြောရမလဲပေါ့နော်.. တင်သည်ပေါ့... ။ ဆိုဒ်အကြီးနဲ့ ဆိုဒ်အသေးဆိုပြီး နှစ်ခုတင်ထားပေးပါတယ်။ The Godfather ဟာ ဇာတ်ကား သုံးပိုင်းရှိပြီး ဒီပထမဆုံးဇာတ်ကားကိုပင် အချိန်တလလောက်ယူပြီးပင်ပင်ပန်းပန်းပြန်ရသော Marshal Nay Win ကို ကျေးဇူးတင်ရှိပါကြောင်းပြောပါရစေ။ ဆက်လက်ပြီး The Godfather 2 နဲ့ 3 ကိုဆက်လက်ကြည့်ရှုလိုပါက ၄င်းအား ပူဆာနိုင်ပါကြောင်း....
r@bp!G

နိုင်ငံရေးသိပ္ပံနှင့် The Godfather ရုပ်ရှင်

The Godfather ရုပ်ရှင်ကို ယနေ့ ဥရောပ နိုင်ငံတချို့ရဲ့ စာသင် ကျောင်းတွေမှာ ၉-တန်း၊ ၁၀-တန်း ကျောင်းသားတွေအတွက် နိုင်ငံရေးသိပ္ပံ သင်ခန်းစာအတွင်း ထည့်သွင်း ဆွေးနွေးနေကြပါတယ်။
မြန်မာ ရုပ်ရှင်ကြည့် ပရိတ်သတ်အတွက်တော့ ဒီရုပ်ရှင်ကားဟာ မားဖီးယား ဒုစရိုက်ဂိုဏ်းကို မိသားစု အဆက်ဆက် လက်ဆင့်ကမ်း အာဏာယူတယ်လို့ အကြမ်းဖျဉ်း သတ်မှတ်တဲ့သူ များပါတယ်။
ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အပေါင်းအသင်း အချင်းချင်း သတ်ဖြတ်မှုတွေ ရုပ်ရှင် ဇာတ်လမ်းအတွင်း ပါဝင်လို့ ဘာသာတရား ကိုးကွယ်ယုံကြည်သူများကတော့ သဘော မကျဘူးလို့ ဆိုကြပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ကားဟာ
The Godfather Part I – 1972
The Godfather Part II – 1974
The Godfather Part III – 1990
တို့မှာ အမေရိကန် ရုပ်ရှင်လောက က ရိုက်ကူးခဲ့ပြီး ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ကြည့် ပရိတ်သတ်တွေရဲ့ အသဲစွဲ ရုပ်ရှင်ပါ။

ကမ္ဘာ့အရပ်ရပ်က နိုင်ငံရေးသမားတွေ၊ စီးပွားရေး အကျော်အမော် တွေ၊ ပညာရှင် တချို့ဆိုရင် ကိုယ်ပိုင်ခွေအဖြစ် ၀ယ်ယူ သိမ်းဆည်း ပြီး နှစ်ပတ် တစ်ကြိမ်၊ တစ်လ တစ်ကြိမ်လောက် ထပ်ခါတလဲလဲ ကြည့်
ရှုတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဒါဆိုရင် ဒီလောက် ရက်စက်မှုတွေပါဝင်တဲ့ ဒီရုပ်ရှင် ဇာတ်လမ်းအတွဲဟာ စာသင်ခန်းထဲကို ဘာကြောင့်များ ရောက်လာသလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။

အခြေခံပညာ အထက်တန်းကျောင်းတွေမှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သင်ကြားပေးတဲ့ ကျောင်းဆရာများရဲ့ အဖြေက … ဟုတ်ပါတယ်၊ ဒီဇာတ်လမ်းအတွင်း ရက်စက်မှုတွေ၊ ကြေကွဲမှုတွေ အပြည့်နီးပါး ပါဝင်ပါတယ်၊ ညီအကို အရင်းအခြာ အချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ ဘာသာရေးခေါင်းဆောင်တွေကို လက်နက်
အသုံးပြုပြီး မိမိအကျိုးစီးပွားအတွက် ဥပဒေဘောင်အပြင်ကနေ အကွက်ချ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ဒီရုပ်ရှင်မှာ ရှိပါတယ် …. သို့ပေမယ့် …. မိသားစုတစ်စုကို ဦးဆောင်သူ၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကို ဦးဆောင်ပြီး ဆုံးဖြတ်ရဲတဲ့ အတွေးအခေါ်တွေ၊ ရဲရင့်ပြီး ပြတ်သားတဲ့ စရိုက်လက္ခဏာတွေလည်း ဒီဇာတ်လမ်းမှာ ပါဝင်ပါတယ်၊အန္တရာယ် ဖြစ်လာစေမယ့် ပြိုင်ဖက်တွေ၊ သစ္စာဖောက်တွေ၊ ပြီးတော့ အလုပ်မှာ တာဝန်မကျေတဲ့ သွေးသားအရင်းအခြာတွေ အဖွဲ့အစည်း တွေကို ဘယ်လို ယှဉ်ပြိုင် အနိုင်ယူရမလဲဆိုတဲ့ အတွေးအခေါ်လည်း ပါဝင်ပါတယ်၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေနဲ့ တိုင်တာပြီး ဆုံးဖြတ်မယ် ဆိုရင်တော့ ဒီရုပ်ရှင်ဟာ ဆိုးဝါးမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးသိပ္ပံ သင်ခန်းစာအတွက်တော့ ဒီရုပ်ရှင်ဟာ တော်တော်ကိုး အသုံးဝင်ပါတယ် … လို့ ဆိုကြပါတယ်။

ယနေ့ အနောက်ကမ္ဘာရဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်သူ အရေအတွက် လျင်မြန်စွာ ကျဆင်းလာမှုတွေ အကြားစီးပွားရေး ရပ်တန့်နေမှုတွေ၊ စီးပွားရေး ရိုက်ခတ်မှုတွေကို နောင်အနာဂတ်မှာ ရင်ဆိုင် ဖြေရှင်းရမယ့် ကျောင်းသားလူငယ် တွေရဲ့ စာသင်ခန်းထဲမှာတော့ The Godfather ရုပ်ရှင်ဟာ မားမားမတ်မတ် အောင်ပွဲခံလျက် ရှိပါတယ်။

စာဖတ်သူ မိတ်ဆွေရော ဒီရုပ်ရှင် ဇာတ်လမ်းတွဲ (၃)ခွေကိုကြည့်ရှုပြီးတဲ့အခါ ဘယ်လိုများ ခံစားရပါသလဲ ….
-စစ်ငြိမ်းဒီရေ

[FORMAT]:………………………….:[ 720p BrRip x264 MP4
[GENRE]:………………………… .:[ Crime, Drama
[FILE SIZE]:……………………….:[ Large- 1 GB , Small- 591 MB
[RESOLUTION]:………………….:[ 1280 x 720, 640 x360
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 55mins
[Translate By]:……………………..:[ Marshal Nay Win

 The Godfather
(1972) on IMDb

Download
1 GB
Large File
Download
691 MB
Small File

Saturday, January 7, 2017

Ben-Hur (2016)



Ben-Hur ရုပ်ရှင်ကားဟာ 1959 က ထွက်ခဲ့ပီးသား oscar 11 ဆုရ Ben-Hur ကားကို ပုံစံ အသွင်​အပြင်​ အနည်းငယ်ကွဲလွဲထားပြီးပြန်လည်အသက်သွင်းထားခြင်းပါ။

အရှေ့အလယ်ပိုင်း ဂျေရုဆလင်မြို့ကို ရောမတွေအုပ်ချုပ်စဉ်ကာလမှာ ဂျူးလူမျိုး မင်းမျိုးမင်းနွယ် ဖြစ်တဲ့ Ben-Hur ဟာ Messala ဆိုတဲ့သူနဲ့ ငယ်သူငယ်ချင်းတွေပါ။
Messala ရောမစစ်တပ်မှာ အကြီးအကဲဖြစ်လာချိန်မှာ Ben-Hur ကိုလည်း ညီအစ်ကိုအဖြစ် တရားဝင်သတ်မှတ်ကာ နေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ Messala ဟာ အထင်လွဲပြီး Ben-Hur က သူ့ကိုလုပ်ကြံသတ်ဖြတ်တယ်လို့ ထင်ပြီး Ben-Hur ကို တစ်ဘဝလုံး ကျွန်အဖြစ် ပစ်ဒစ်ချမှတ်ခဲ့ပါတယ်။
Ben-Hur ဟာ (၅)နှစ်လုံးလုံး ကျွန်ဘဝနဲ့နေလာပြီး သင်္ဘော ရေတပ်စစ်ပွဲမှာ Ben-Hur ဟာ လွတ်မြောက်ခဲ့ပါတော့တယ်။ သည်လိုနဲ့ Ben-Hur ကို အာရပ်သူဌေးတစ်ယောက်ဟာ ကယ်တင်ခဲ့ပြီး စစ်မြင်းရထားစီး အတတ်ပညာကို သင်ပေးခဲ့ပါတော့တယ်။Ben-Hur သူ့ကို ကျွန်ပြုခဲ့တဲ့ သူငယ်ချင်းဖြစ်သူကို စစ်မြင်းရထားပြိုင်ပွဲမှာ ဘယ်လို ပညာပေးမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် တွေ့မြင်ရမှာပါ။

ဒီဇာတ်ကားရဲ့အဓိက မက်ဆေ့ခ်ျကတော့ ခွင့်လွှတ်ခြင်းပါပဲ။ Jesus ရဲ့ နောက်ဆုံးကားတိုင်တက်ချိန်မှာ နာကျင်နေပေမယ့် လူတွေကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ အသာနားခံခဲ့တာကို Ben Hur မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ နှလုံးသားမှာတွယ်ကပ်နေတဲ့ အမုန်းတွေဘယ်လို ပြေသွားမလဲဆိုတာကိုတော့.....
 credeit - Movie Crazy - DVB

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Action, Adventure, Drama
[FILE SIZE]:……………………….:[ 869 MB
[RESOLUTION]:………………….:[ 720 x 370
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 05mins

 Ben-Hur
(2016) on IMDb

Download
869 MB
Ben-Hur (2016)

Friday, January 6, 2017

Wheels on Meals (1984)



ဂျက်ကီချန်းကားတွေကိုဆက်တိုက်ဘာသာပြန်လာသူ မောင်ဦး ရဲ့ စတုတ္ထမြောက်ဘာသာပြန်တဲ့ ဇာတ်ကားကလည်း ဂျက်ကီချမ်းရဲ့ နာမည်ကြီးဇာတ်ကား Wheels on Meals ဖြစ်ပါတယ်။ ဆိုဒ်အကြီးအသေး နှစ်ခုတင်ထားပေးပါတယ်။ နှစ်သက်ရာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။

ရုပ်ရှင်အညွှန်း

Jackie Chanရဲ့ Wheels on mealsဇာတ်ကားလေးကလည်း Golden Harvestရုပ်ရှင်Productionကနေ၁၉၈၄ခုနှစ်မှာ ထုတ်ခဲ့တဲ့ Jackie Chanရဲ့ ဇာတ်ကားကောင်း တစ်လက်ပါပဲ Project Aနဲ့ အတူအောင်မြင်လာတဲ့ ဂျက်ကီချန်းရဲ့ နောက်ထပ် ဖန်တီးမှုတစ်ခုပါ
ဒီကားမှာ သူနဲ့အတူတူ ပီကင်းအော်ပရာ အကယ်ဒမီကျောင်းကနေတစ်ကျောင်းတည်းထွက်တွေဖြစ်ကြတဲ့ Yuen biao(ဘောလုံးမင်းသား)နဲ့ Summo Hung(ဝတုတ်မင်းသား)တို့ပါ သရုပ်ဆောင်ထားကြပါတယ် သူတို့က ငယ်ငယ်ကတည်းက အတူတူလက်တွဲခဲ့ကြတာပါ ဒီဇာတ်ကားလေးမှာ
Thomas(ဂျက်ကီချန်း)နဲ့ David(ဘောလုံးမင်းသား)က ညီအစ်ကိုတစ်ဝမ်းကွဲတွေပါ သူတို့က ဈေးကွက်လပ်လေးတစ်ခုမှာ အစားအသောက်တွေရောင်းပြီးတော့ သာမန်စီးပွားရေးလေး လုပ်နေကြပါတယ် Davidကချက်ပြုတ်ကြော်လှော်တဲ့သူ၊ Thomasကတော့ စကိတ်ဘုတ်လေးနဲ့ လိုက်ပြီး ပို့ရတဲ့သူပေါ့။
Davidရဲ့အဖေကတော့ စိတ်မနှံ့တဲ့သူတစ်ယောက်ပါ သူ့အဖေရဲ့ အချစ်သစ်ကတော့ Sylviaရဲ့အမေပါ
သူတို့ရောင်းချနေတဲ့နေရာမှာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ လူမိုက်တစ်စုကိုလည်း သည်းမခံနိုင်လို့ ရင်ဆိုင် တိုက်ခိုက်ခဲ့ရပါတယ်။
Moby(ဝတုတ်မင်းသား)ဆိုတဲ့ ပေါကြောင်ကြောင်နဲ့ ကိုးရိုးကားရားနိုင်တဲ့ အလွတ်စုံထောက်တစ်ယောက်ကတော့ Gloriaကို ရှာဖွေဖို့ တာဝန်အပ်နှံခံခဲ့ရပါတယ်။ Gloriaရဲ့သမီးလေးက Sylviaပါ Sylviaက ငယ်ငယ်ကတည်းက လမ်းမပေါ်မှာကြီးပြင်းလာလို့ ခါးပိုက်နှိုက်ဘဝနဲ့ ဝမ်းရေးကို ဖြေရှင်းနေရသူလေးပါ Sylviaလေး ဒုက္ခရောက်နေတာကို Thomasတို့က ဝင်ရောက်ကူညီရင်းနဲ့ Thomasတို့ညီအစ်ကိုတို့နဲ့ပတ်သက်ဆက်နွယ်မှုတွေဖြစ်ကုန်ပါတယ်။Davidက Sylviaကို မြင်မြင်ချင်း နှစ်သက်ချစ်ခင်ခဲ့ပါတယ် Sylviaက ငွေကြေးချမ်းသာမှုတွေကို အမွေဆက်ခံမဲ့ သူတစ်ယောက်လို့ သိလိုက်ရချိန်မှာ ဒုစရိုက်ဂိုဏ်းတစ်ဂိုဏ်း ပြန်ပေးဆွဲခဲ့ကြပါတယ် Thomas, Davidနဲ့ Mobyတို့က လူဆိုးတွေလက်ထဲကနေ Slyviaကို ဘယ်လို ပြန်လည်ကယ်တင်ကြလဲဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါ .............
(Fightတင်ခန်းတွေက ရှယ်တွေချည်းပါပဲ ဘာအကူအညီမှမပါဘဲ လူချည်းအနာခံပြီး ရိုက်ကူးထားတာပါ )
Golden Harvestကအစဦးတုန်းကဒီဇာတ်ကားကို" Meals on Wheels"လို့ပေးပြီးမှ
သူတို့ရဲ့ဒီဇာတ်ကားမတိုင်ခင် ထွက်ရှိခဲ့တဲ့ကားတွေကတော့"Megaforce"နဲ့ "Menage A Trios" ဇာတ်ကားနှစ်ကားက"M"နဲ့ချည်း စနေတာကြောင့် Wheels On Meals"ပြန်လည်ပြောင်းလဲပေးခဲ့တာပါ။
Wheel on meals ဇာတ်ကားရဲ့ဟောင်ကောင်မှာ ရုံတင်ပြသလို့ရတဲ့ အမြတ်ငွေကတော့ HK $21,465,013 ပါ။

ရုပ်ရှင်အညွှန်း - မောင်ဦး

[FORMAT]:………………………….:[ 720p HD MP4
[GENRE]:………………………… .:[ Comedy, Crime, Action
[FILE SIZE]:……………………….:[ Large- 836 MB , Small- 445 MB
[RESOLUTION]:………………….:[ 720 x 390 , 640 x350
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 40mins
[Translate By]:……………………..:[  မောင်ဦး

 Wheels on Meals
(1984) on IMDb

Download
836 MB
Large File
Download
445 MB
Small File

Thursday, January 5, 2017

Beyond Valkyrie: Dawn of the 4th Reich (2016)


စစ်ကားကြိုက်နှစ်သက်သူတွေအတွက် 2016 ထွက်တဲ့ စစ်ကားကောင်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ အချိန်ကာလအားဖြင့် ဒုတိယ ကမာစစ်ပြီးကာနီးအချိန်ဖြစ်ပြီး အမေရီကန် ဗြိတိန် အထူးတပ်ဖွဲ့တဖွဲ့ဟာ နာဇီပါတီဝင်ဟန်ဆောင်နေတဲ့ မဟာမိတ် သူလျှိုကို ရန်သူနယ်မြေအတွင်းပိုင်းထိသွားပြီ ခေါ်ထုတ်ရမှာပဲဖြစ်ပါတယ်။ စစ်ဆင်ရေးကို စီစဉ်ထားပေမယ့်လည်း အစကတည်းက သူတို့စီးနှင်းလာတဲ့လေယာဉ် အပစ်ခံရပြီး အရေးပေါ် မြေပြင်ကို ခုန်ချခဲ့ရပါတော့တယ်.... အဲ့ဒီလိုအဆင်မပြေမှုနဲ့စခဲ့ပြီး စစ်ဆင်ရေးကို ဘယ်လိုဆက်လက် အောင်မြင်အောင်လုပ်မလဲဆိုတာကိုတော့.....

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Action, History, War
[FILE SIZE]:……………………….:[ 760 MB
[RESOLUTION]:………………….:[ 720 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 40mins

 Beyond Valkyrie: Dawn of the 4th Reich
(2016) on IMDb

Download
760 MB
Beyond Valkyrie: Dawn of the 4th Reich (2016)

Sunday, January 1, 2017

The Tower (2012)


Flim2mm Translator Group မှ စိုင်းလင်းမြတ်ရဲ့ ပထမဆုံးလက်ရာဖြစ်ပါတယ်။

The Tower ဇာတ်ကားဟာ အက်ရှင်ကားကောင်းတကားဖြစ်ပြီး သိုင်းချတာ၊ သတ်ပုတ်တဲ့ ပုံစံမျိုးမဟုတ်ပဲ ခရစ်စမတ်အကြိုညတုန်းက မိုးမျှော်တိုက်ကြီးမီးလောင်မှုမှာ ပိတ်မိနေတဲ့ လူတစု အသက်ဘေးလွတ်အောင် ပြေးရတဲ့စွန့်စားခန်းမျိုးပါ။ ကယ်ဆယ်ရေးမီးသတ်သမားတွေရဲ့ စွန့်စားမှုနဲ့ ဇာတ်လမ်းထဲက ကပ္ပတိန် ရဲ့ ကိုယ်ကျိုးစွန့်စိတ်ဓါတ်တို့ကလည်း ကြက်သီးထစရာပါပဲ။ အန္ဒရာယ်တွေကြားထဲမှာမှ ထည့်သွင်းထားတဲ့ ဟာသခန်းတွေဟာလည်း သဘောကျစရာပါပဲ။ ကိုရီးယားကားတို့ရဲ့ထုံးစံ အလှပဆုံးပုံစံဖြစ်တဲ့ Drama အချိုးပိုင်းဟာလည်း သင့်ရဲ့မျက်ရည်ကိုချူပစ်လိုက်ဦးမှာပါ။ 
ကဲ translator စိုင်းလင်းမြတ် သေသေသပ်သပ်ဘာသာပြန်ထားတဲ့ The Tower ဆိုတဲ့ဇာတ်ကားကို ဒေါင်းယူခံစား ကြည့်ရှုကြပါကုန်။
r@bp!G

ScreenShot



[FORMAT]:………………………….:[ 1280p BrRip x264 MP4
[GENRE]:………………………… .:[ Action, Comedy, Drama
[FILE SIZE]:……………………….:[ 755 MB
[RESOLUTION]:………………….:[ 1280 x 542
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 1min
[Translate By]:……………………..:[ စိုင်းလင်းမြတ်

 The Tower
(2012) on IMDb

Download
755 MB
The Tower (2012)

Ae Dil Hai Mushkil (2016)


ကဲ ဘောလီးဝုဒ်  အချစ်ကားလေးပေါ့နော်၊
မင်းသားမင်းသမီးတွေကတော့ နာမည်ကြီးတွေပါပဲ၊ အချစ်စစ်ကို ရှာဖွေခြင်းလို့ မြန်မာလိုပေးရင်ကောင်းမလားပဲ၊ အဓိက ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်စလုံးရဲ့ အတိတ်ဆိုးတွေ၊ အချစ်တွေ၊ အသည်းကွဲတာတွေ နဲ့ လျှောက်လှမ်းရတဲ ဘဝခရီးလမ်း အကြောင်းပါ။ အချစ်တခု ပေါက်ဖွားလာခြင်းဟာ ရင်ဖိုစရာ၊ စိတ်လှုပ်ရှားစရာကောင်းသလို တခါတခါမှာ ကြောက်စရာ ကောင်းနေမှာပါလို့တော့ ညွှန်းပါရစေ။
r@bp!G

[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Drama, Music, Romance
[FILE SIZE]:……………………….:[ 1 GB
[RESOLUTION]:………………….:[ 720 x 360
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 38mins

 Ae Dil Hai Mushkil
(2016) on IMDb

screenshot

Download
1 GB
Ae Dil Hai Mushkil (2016)