Monday, February 27, 2017

Max Steel (2016)


M-MDB ရဲ့ Superhero ပရိတ်သတ်တွေကို Marvel တွေ DC တွေက မဟုတ်တဲ့ ပေါ့ပေါ့ပါးပါး လူငယ် superhero ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ... Max McGrath ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ သူ့ကို ကြိုးကိုင်ပေးမယ့် မိတ်ဆွေ ဂြိုလ်သားလေး Steel တို့ ပေါင်းစပ်လိုက်တဲ့အခါ Max Steel ဆိုတဲ့ super hero ဖြစ်ပေါ်လာပါတယ်...

ငယ်ရွယ်နုနယ်တဲ့ သူတို့သူငယ်ချင်းနှစ်ယောက် ... ထူးဆန်းစွာ ပတ်သတ်လာခဲ့တဲ့ ပေါင်းစပ်မှုကို ရုန်းကန်ကြရင်း ... မျှော်လင့်မထားတဲ့ လျှို့ဝှက်ချက်တွေ ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ဆန်းကြယ်မှုတွေကို အတူတကွ ရှာဖွေရင်ဆိုင် တိုက်ခိုက်ကြပုံကို ရှုစားကြရမှာပါ...

2013 ခုနှစ်က အောင်မြင်ခဲ့တဲ့ animated TV-series ကို အခြေခံကာ Christopher Yost က ရေးသားပီး Stewart Hendler ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် စွန့်စားခန်း အမျိုးအစား ဖြစ်ပါတယ်...

Max အဖြစ် Ben Winchell,Anna Villafane,Andy Garcia,Maria Bello တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အညွှန်း - M-MDB

[FORMAT]:………………………….:[ DVDRip x264 480p MP4
[GENRE]:………………………… .:[ Action, Adventure, Family
[FILE SIZE]:……………………….:[ 709 MB
[RESOLUTION]:………………….:[ 720 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[1h 32mins

 Max Steel
(2016) on IMDb

Download
709 MB
Max Steel (2016)

Saturday, February 25, 2017

Dear Zindagi (2016)


Zindagi ကို ဘဝ (life) လို့ အဓိပ္ပါယ်​ ဖွင့်ဆိုထားတာမို့ ဇာတ်ကားနာမည်နဲ့တင် ပုံမှန်တွေ့နေကျ ကျောရိုးတွေနဲ့ ဘောလီးဝုဒ်ကားမျိုး မဟုတ်မှန်း မျှော်လင့်ခဲ့ပြီးသားပါ။ အခုနှစ်တွေမှာ ဟိုးအရင်ကထက်ပိုပြီး အနှစ်သာရပြည့်ဝတဲ့ ဇာတ်လမ်းတွေကိုမှ ရွေးချယ်ရိုက်ကူးလာတဲ့ မင်းသား Shah Rukh Khan ပါဝင်တယ်ဆိုတာကလည်း ပရိသတ်​ရဲ့ စိတ်ဝင်စားမှုကို အများကြီး မြင့်တက်စေခဲ့ပါတယ်။

တကယ်တော့ Dear Zindagi က မင်းသမီးအသားပေး ဇာတ်လမ်းပါ။ဇာတ်ကွက်နည်းတဲ့ SRK အတွက် ပရိသတ်​တွေအဖို့ အနည်းငယ် အားမလိုအားမရဖြစ်သွားနိုင်ပေမဲ့ မင်းသမီးလေး Alia Bhatt ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ လှလှပပ သရုပ်ဆောင်ချက်တွေကြောင့် ဖြေသိမ့်နိုင်မှာပါ။ အမျိုးသမီး ဒါရိုက်တာဖြစ်တဲ့ Gauri Shinde က ရိုက်ကူးထားပြီး Producer တွေကတော့ Gauri Shinde, Karan Johar နဲ့ Gauri Khan ( SRK ရဲ့ဇနီး) တို့ပဲဖြစ်ပါတယ်။ SRK နဲ့ သူ့ဇနီးတို့ နှစ်ဦးပိုင် Red Chillies Entertainment ကထုတ်လုပ်ထားပြီး မနှစ်က ခုလိုအချိန်လောက်မှာလည်း SRK ပါဝင်တဲ့ Dilwale ဇာတ်ကားနဲ့ အောင်မြင်မှုတွေရထားပြီးသားပါ။ ဒါရိုက်တာ Gauri Shinde က ခုဇာတ်ကားရှေ့မှာ English Vinglish ဆိုတဲ့ ကားတစ်ကားပဲ ရိုက်ဖူးထားပေမဲ့ လောလောဆယ်မှာတော့ သူမရဲ့ ဇာတ်ကား၂ခုလုံးက အောင်မြင်နေတာမို့ အရည်အချင်းပြည့်ဝသူလို့ သတ်မှတ်ရပါလိမ့်မယ်။

Friday, February 24, 2017

Malcolm X (1992)


အမေရိကန် အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးကာလတုန်းက မတရားဖိနှိပ်ခံရတဲ့ လူမည်းတွေရဲ့ လုပ်ရှားမှုအကြောင်းပါ။ အဓိကကတော့ နာမည်ကြီး ခေါင်းဆောင်ဖြစ်တဲ့ Malcolm X ရဲ့အကြောင်းပါ။ သူုကို လူမည်းတွေသာမက Social Justice သမားတွေပါ လေးစားပါတယ်။ Hollywood က နာမည်ကျော်မင်းသား -Danzel Washington ရဲ့ အကောင်းဆုံးကားတွေထဲက တစ်ကားဖြစ်ပါတယ်။

အညွှန်းကိုတော့ သိပ်များများမရေးတော့ပါဘူး။ ဒီကားရဲ့ ဒါရိုက်တာ Spike Lee ပြောတဲ့စကားလေးကိုပဲပြန်ပြောပြပါရစေ။

အကြီးကျယ်ဆုံးသော ဘဝအထုပ္ပတ္တိ ဇာတ်လမ်းရုပ်ရှင်တွေထဲမှာ Malcolm X ဇာတ်ကားဟာ တစ်ခုအပါအဝင်ပေါ့ ။ ကိုယ့်ကိုယ်ကို သူရဲကောင်းတစ်ယောက်အဖြစ် မြှင့်တင်ပြောင်းလဲခြင်းမပြုရမီမှာ လမ်းဘေးတွေမှာ၊ အကျဉ်းထောင်တွေမှာ အောက်တန်းကျစွာနေခဲ့ရတဲ့ သောကတွေနဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ရဲ့ ဘဝ ကို အစပြုခင်းကျင်းပြသထားတဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ပိုမိုရှင်းလင်းစွာနားလည်လာတာက ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝကို ပြောင်းလဲပစ်ဖို့အတွက် စွမ်းအားတွေ ဘယ်လိုရှိနေတယ်ဆိုတာနဲ့ ကံကြမ္မာဟာ ဘယ် ဇာတာ ကတ်ပြားနဲ့မှ မသက်ဆိုင်ဘူးဆိုတာပါပဲ။ ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားလဲဖြစ်၊ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။ ပြီးတော့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ မရှိမဖြစ်ရှိရမဲ့ ကောင်းမွန်သော ဖျော်ဖြေတင်ဆက်မူကို ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းလဲဖြစ်ပါတယ်။

အညွှန်း - MMSubtitles

[FORMAT]:………………………….:[ x264  640p MP4
[GENRE]:………………………… .:[ Biography, Drama, History
[FILE SIZE]:……………………….:[ 846 MB
[RESOLUTION]:………………….:[ 640 x 420
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[3h 22mins

 Malcolm X
(1992) on IMDb

Download
846 MB
Malcolm X (1992)

Thursday, February 23, 2017

Paayum Puli (2015)


တာမီး အက်ရှင်ကားတကား တင်ပေးလိုက်ပါရစေ။ အတိုချုပ်ပြောရရင်တော့ လူဆိုးဂိုဏ်းတဂိုဏ်းဟာ စီးပွားရေးလုပ်ငန်းရှင်တွေဆီက အသက်အန္တရာယ်ခြိမ်းခြောက်ပြီး ငွေညှစ်ယူရာကနေ ဂိုဏ်ဟာ တစတစ အင်အားကြီးမားလာပါတယ်။ တော်ရုံတန်ရုံအဆင့်လောက်ကို မဖြုံတော့တဲ့ လူဆိုးဂိုဏ်းဟာ အင်အားကြီးပြီး ရဲတွေကိုသတ်ဖြတ်ရာမှတစ်ဆင့် ရဲမှူးတစ်ဦးက ၀င်ရောက်ဖြေရှင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လူဆိုးဂိုဏ်းနဲ့ရဲတပ်ဖွဲ့အားပြိုင်မှုဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း အက်ရှင်ကားတလက်ပေါ့ဗျာ၊ ရှုစားလိုက်ပါဦး။

[FORMAT]:………………………….:[ 720p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Crime, Thriller
[FILE SIZE]:……………………….:[ Large- 985 MB , Small- 523 MB
[RESOLUTION]:………………….:[ 720 x 576, 640 x 480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 15mins

 Paayum Puli
(2015) on IMDb

Download
985 MB
HD Large

Download
523 MB
SD Small

Wednesday, February 22, 2017

Dangal (2016)


ဇာတ်ကားကို ဘာသာပြန်ထားသူကတော့ မောင်ဦး ဖြစ်ပါတယ်။ ပြန်ပြီးတာကြာပေမယ့် တင်ခါနီး Pcloud error တက်နေတာနဲ့ မတင်ဖြစ်ပဲ အခုမှတင်ရတာပါ။

Bollywood ရဲ့ နာမည်ကြီး Aamir Khan ( PK ဇာတ်ကားမှမင်းသား) ပါဝင်ရိုက်ကူးထားတဲ့ Dangal ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားက Mahavir Singh Phogat ဆိုတဲ့ အပျော်တမ်း နပမ်းသမားလည်းဖြစ် စီနီယာအိုလံပစ် နည်းပြ တဖြစ်လဲလုပ်ခဲ့တဲ့ သူ့ရဲ့အကြောင်းကို အခြေခံထားတဲ့ဇာတ်ကားပါ။ ဒီကားကို ဒါရိုက်တာ Nitesh Tiwari ကရိုက်ကူးပြီး Aamir Khan ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Aamir Khan Production နဲ့ Disney World Cinema တို့ကထုတ်လုပ်မှာပါ။

ဒီဇာတ်ကားမှာ Aamir Khan က Mahavir Singh Phogat နေရာကနေပါဝင်မှာဖြစ်ပါတယ်။ ဒီကားမှာ Aamir Khan ဟာအသက်နှစ်ဆယ်အရွယ် ငယ်ဘ၀ပုံရိပ်နဲ့ အသက်ခြောက်ဆယ်အရွယ် အဖေတစ်ယောက်နေရာ ဆိုပြီးဇာတ်ရုပ်နှစ်နေရာကပါဝင်မှာဖြစ်ပါတယ်။ ဒီကားမှာသူဘယ်လောက်ကြိုးစားထားသလဲဆိုလျှင် အသက်နှစ်ဆယ်အရွယ် ကနေ အသက်ခြောက်ဆယ်အရွယ် ပုံစံပေါက်အောင် weight 30kg တက်အောင်ကြိုးစားထားပါတယ်။


Director Nitesh Tiwari က ကျွန်တော်တို့လူ့အဖွဲ့အစည်း အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှူအားနည်းနေတဲ့ နိုင်ငံတွေမှာဆိုရင် မိသားစုအများစုက မိသားစုအမွေကိုထိန်းသိမ်းဖို့ သားကိုဘဲလိုချင်ကြပါတယ်။ သမီးရရင်တော့ သမီးတွေကို အခွင့်အရေးကို တန်းတူမပေးတာတွေရှိပါတယ်။ ဒါကို Phogat ကဒီအယူအဆဟာ မှားကြောင်းသတ်သေပြခဲ့ပါတယ်။ သူရဲ့သမီးလေးယောက်ကို နပမ်းသမားဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး နှစ်ယောက်ဟာဆိုရင် 2010 ခုနှစ်က နိုင်ငံတကာအားကစားပွဲဖြစ်တဲ့ Commonwealth Games ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ ငွေတံဆိပ်ဆုကိုရရှိအောင် ပျိုးထောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ လူတွေရဲ့ပျက်ရယ်ပြုမှုတွေကို ဂရုမပြုဘဲ Phogatရဲ့သမီးတွေအပေါ် နပမ်းသမားဖြစ်အောင် လမ်းညွှန်ပြသပေးပုံတွေကို အဓိကပုံဖော်မှာပါ။ အထူးခြားဆုံးကတော့ သူဟာအရှုံမပေးဘဲ အခွင့်အရေးတန်းတူသာပေးမယ်ဆိုရင် သမီးတွေဟာ သားတွေထက်မနိမ့်ပါဘူး ဆိုတာကိုသတ်သေပြခဲ့တာပါ လို့ပြောခဲ့ပါတယ်။

[FORMAT]:………………………….:[ 720p HDRip x264 , 640p MP4
[GENRE]:………………………… .:[ Action, Biography, Drama
[FILE SIZE]:……………………….:[ Large- 1 GB , Small- 585 MB
[RESOLUTION]:………………….:[ 720 x 304, 640 x 270
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 41mins
[Translate By]:……………………..:[  မောင်ဦး

 Dangal
(2016) on IMDb

Download
1 GB
HD Large

Download
585 MB
SD Small

Flim2mm APK

ထူးထူးခြားခြားတော့မဟုတ်ပါဘူး၊ Android smart phone တွေအတွက် Flim2mm APK ဖိုင်လေးတင်ပေးလိုက်ပါတယ်။ အစမ်းပေါ့ ဒေါင်းလုပ်ဆွဲပြီး သုံးကြည့်လိုက်ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်လျှက်....

Download
4.1 MB
Flim2mm APK Pcloud

Monday, February 20, 2017

The Godfather: Part III (1990)


Godfather ပရိသတ်များအတွက် The Godfather Part III နောက်ဆုံးပိုင်းကို တင်ဆက်ပေးလိုက်ပါပြီ။ Godfather I ကိုဘာသာပြန်ပေးထားတဲ့ Nay Win ကပဲ ပြန်ထားပေးတာပါ။
ဒီဇာတ်ကားဟာ The Godfather II ထွက်ပြီးနောက် ၁၆ နှစ်ကြာမှထွက်ခဲ့တာပါ။ အကောင်းဆုံး သုံးပိုင်းတွဲအောင်မြင်ခဲ့တဲ့ ဂန္ဒဝင်ဇာတ်ကားကြီးကို အဆုံးထိကြည့်ရှုအားပေးလိုက်ကြပါဦး။

အရင်ကားတွေမကြည့်ရသူတွေအတွက်

THE GODFATHER I (1972)


တို့ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

[FORMAT]:………………………….:[ 1280p HDRip x264 & 420p MP4
[GENRE]:………………………… .:[ Crime, Drama
[FILE SIZE]:……………………….:[ Large- 1.3 GB , Small- 678 MB
[RESOLUTION]:………………….:[ 1280 x 720, 424 x240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 42mins
[Translate By]:……………………..:[ Nay Win

 The Godfather: Part III
(1990) on IMDb

Download
1.3 GB
HD Large

678 MB
SD Small

Sunday, February 19, 2017

My Beautiful Bride (2015)


Flim2mm ကဘာသာပြန်တင်ဆက်မယ့် ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ "My Beautiful Bride" (2015) ဟာ စုစုပေါင်း ၁၆ ပိုင်းရှိပြီး ဘာသာပြန်သူကတော့ အာရှကားတွေ အပြန်များတဲ့ စိုင်းလင်းမြတ်ဖြစ်ပါတယ်။
ရိုးသားတဲ့ဘဏ်ဝန်ထမ်းတယောက်ဟာ လှပစွဲမက်ဖွယ်ကောင်းတဲ့ မိန်းမလှလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ပြီး ၂ နှစ်တွဲခဲ့ပါတယ်။ သူတို့မဂ်လာဆောင်ခါနီးတရက်မျာ ကောင်မလေးရုတ်တရတ်ပျောက်သွားခဲ့ပါတယ်။ အဲ့ဒီကစလို့ သူမဘယ်သွားတယ်၊ သူမရဲ့နောက်ကြောင်းကဘာလဲ ဆိုတာ လိုက်ရင်းနဲ့ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ တစပြီးတစပေါ်ပေါက်လာခဲ့ပါတယ်။ 

စိတ်ဝင်စားစရာ ခိုင်မာတဲ့ဇာတ်အိမ်ရှိပြီး တင်ဆက်ပုံကောင်းမွန်တဲ့အတွက် ကြည့်ရင်းအရှိန်တက်လာတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ IMDB rating 6.8 ရထားတဲ့ Korea Mystery ဇာတ်ကားကို ကြည့်ရှုခံစားကြပါဦး။

[FORMAT]:………………………….:[ 1280p HDRip x264
[GENRE]:………………………… .:[ Drama, Mystery, Romance
[RESOLUTION]:………………….:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME PER Eps.]:………………….:[1h 00min]
[Translator]................................. :[ စိုင်းလင်းမြတ်
[imdB]..................................... :[ 6.8/10
 My Beautiful Bride
(2015) on IMDb


Saturday, February 18, 2017

Everest (2015)


ဒီကားကတော့ ကမ္ဘာ့အမြင့်ဆုံး တောင်ဖြစ်တဲ့ Everest (ဧ၀ရတ်တောင်) တက်တဲ့ အဖွဲ့နှစ်ဖွဲ့ Adventure Consultants and Mountain Madness အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး၊ ၁၉၉၆ Everest Disaster အကြောင်းကို အကြမ်းဖျင်း အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းမှာ Rob Hall (Jason Clarke) က လမ်းပြသုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး Beck Weathers (Josh Brolin), Doug Hansen (John Hawkes), Yasuko Namba (Naoko Mori), Scott Fischer (Jake Gyllenhaal) တို့ ပါဝင်တဲ့ တောင်တက်အဖွဲ့နှစ်ဖွဲ့က တောင်ခြေမှာ ဆုံကြပြီး ကမ္ဘာအမြင့်ဆုံး တောင်ကို တက်ဖို့ပြင်ဆင်ကြပါတယ်။ Rob ရဲ့ မိန်းမက ဗိုက်ကြီးနေပြီး သမီးလေး ဖြစ်တယ်လို့ အကြောင်း ကြားလာသလို သမီးလေးကို Sarah လို့နာမည်ပေးဖို့ Rob ကပြောဆိုခဲ့ပါတယ်။

အခက်အခဲပေါင်းများစွာကြုံတွေ့ခဲ့ရပြီး နောက်မှာ တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြပြီးနောက်မှာ၊ ရာသီဥတု ပြောင်းလဲလာခဲ့ပြီး၊ ပြန်အဆင်းမှာ စတင်ပြီး ကံကြမ္မာဆိုး ကြုံရတာဖြစ်ကြောင်း ကို ရင်သပ်ရှုမောဖွယ် ရှုစားရမှာဖြစ်ပါတယ်။ စွန့်စားခန်း၊ ရင်သက်ရှုမောဖွယ်ရာများနဲ့ ဇာတ်လမ်း အစအဆုံး မရိုးရအောင်ကြည့်ရမှာဖြစ်ပြီး၊ ဘယ်လို အဆုံးသတ်မလည်းဆိုတာ ကြိုသိနေတာတောင် ကြည့်လို့ ဇာတ်ကားကို ကြည့်လို့ကောင်းအောင်ရိုက်ကူးထားနိုင်တာတွေ့ရပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Survival ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 3D, IMax, IMax 3-D တို့နဲ့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပြီး ကြည့်လို့လည်း တန်ပါတယ်။ ရုံမှာသွားကြည့်ဖို့တန်ပါတယ်။ ဒီကားကို ကြည့်ပြီး အခက်အခဲကြားက အသက်စွန့်ပြီး ဘာလို့ တက်လည်းလို့ တွေးတဲ့သူတွေရှိကောင်း ရှိနိုင်ပါတယ်။ ဒီနေရာမှာ တောင်တက်တဲ့သူတွေ၊ စွန့်စားသွားလာတဲ့သူကတွေ ဘာအကျိုးအမြတ်မှမရှိပေမယ့်၊ တောင်ထိပ်ကို ရောက်သွားတဲ့ ခံစားချက်က ဘာနဲ့မှလဲလို့မရဘူးဆိုတာ တောင်တက်ဖူးသူတွေ ပဲသိနိုင်ပါတယ်။ စိန်ခေါ်မှုတွေကို ကြိုက်ပြီး စွန့်လွှတ်စွန့်စားတတ်သူတွေ အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး အခန့်မသင့် လို့အသက်ဆုံး ရှုံးခဲ့ရင်တောင် သူတို့ရဲ့ နာမည်က သမိုင်းမှာ တွင်ကျန်ခဲ့မှာ ဖြစ်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပါတယ်။

ရုပ်ရှင်အညွှန်း - #SoloLay (ရုပ်ရှင်မိတ်ဆက်)


[FORMAT]:………………………….:[ 720p DVDRip x264 / 640p x246 MP4
[GENRE]:………………………… .:[ Adventure, Biography, Drama
[FILE SIZE]:……………………….:[ Large- 903 MB / Small- 488 MB
[RESOLUTION]:………………….:[ 720 x 480, 640 x420
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[2h 01mins

 Everest
(2015) on IMDb

Download
904 MB
HD Large

Download
488 MB
SD Small

Friday, February 17, 2017

The Godfather: Part II (1974)


တောင်းဆိုနေကြတဲ့ The Godfather ပရိသတ်တွေအတွက် The Godfather II ကိုတင်ဆက်ပေးလိုက်ပါပြီ။

ပိုင်း(၁)ကနေ(၃)ထိဆွဲဆောင်အားကောင်းတဲ့ မိသားစု မာဖီးရားကဂိုဏ်း အကြောင်းကို ရိုက်ထားတဲ့ Mario Puzo ရဲ့ ပြစ်မှုဆိုင်ရာ ဒရမ်မာဇာတ်လမ်းကောင်း ပါဝင်တဲ့မင်းသားတွေကတော့ Marlon Brando, Al Pacino, James Caan, Richard S. Castellano, Robert Duvall, Sterling Hayden, John Marley, Richard Conte and Diane Keaton, John Cazale နဲ့ Abe Vigoda. ၁၉၇၂ ခုနှစ်က ရုပ်ရှင်ဖြစ်ပြီး အီတလီ-အမေရိကန် ကိုလီယွန် မိသားစုရဲ့ အကြောင်းကို စိတ်ဝင်စားဖို့ ကောင်းအောင်ရိုက်ပြထားတာပါ။
စာအုပ်ကိုဖတ်ပြီးကြည့်တဲ့သူတွေ ပိုပြီးစွဲလမ်းကြပါတယ်။

အပိုင်း(၁)က ၁၉၇၂  မှာထွက်ရှိခဲ့ပြီး ကြည့်ရှုလိုပါက ဒီနေရာကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

အပိုင်း(၂)ကို ၁၉၇၄ မှာထုတ်ခဲ့ပြီး အပိုင်း(၃)ကိုတော့ ၁၉၉၀ပြည့်နှစ်မှာ ထုတ်ခဲ့ပါတယ်။ အော်စကာတွေ ဆွတ်ခူးခဲ့တဲ့ ကားကောင်းတစ်ကား လဲဖြစ်ပါပြီး IMDB rating မှာ ခုအချိန်ထိ အမြင့်ဆုံး ရပ်တည်နေပါတယ်။အဓိက သရုပ်ဆောင် ဖြစ်တဲ့Al Pacino ရဲ့အေးဆေးတည်ငြိမ်တဲ့ သရုပ်ဆောင်ချက် တွေကိုသဘောကျကြတဲ့ပရိသတ်များပါတယ်။

အပိုင်း ၁ ကြည့်ဖူးတဲ့သူတွေတောင်းဆိုချက်အရ အပိုင်း ၂ ကို ဘာသာပြန်ပေးသူကတော့ Flim2mm ရဲ့ admin R!B ဖြစ်ပါတယ်ခင်ဗျာ။ အပိုင်း ၃ ကိုလည်း မကြာခင် Nay Win က တင်ဆက်ပေးမှာဖြစ်ပါကြောင်း သတင်းကောင်းကြိုပါးထားပါတယ်....


[FORMAT]:………………………….:[ 840p HDRip x264 & 420p MP4
[GENRE]:………………………… .:[ Crime, Drama
[FILE SIZE]:……………………….:[ Large- 1.2 GB , Small- 471 MB
[RESOLUTION]:………………….:[ 840 x 480, 420 x240
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[3h 22mins
[Translate By]:……………………..:[ R!B

 The Godfather: Part II
(1974) on IMDb

Download
1.2 GB
HD Large

Download
471 MB
SD Small

Tuesday, February 14, 2017

Munna Bhai M.B.B.S. (2003)


အိန္ဒိယ ဇာတ်ကားကောင်းလေးတကားတင်ပေးလိုက်ပါတယ်။ အရမ်းရယ်ရတဲ့ ဟာသ၊ဒရမ်မာဇာတ်ကားလေးပါ။ ဂိုဏ်းစတားခေါင်းဆောင်တယောက်က ဆရာဝန်ဖြစ်နိုင်လား....

Munna ဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တယောက်ဟာ လူဆိုးဖြစ်နေပေမယ့် သူ့မိဘတွေကိုတော့ သူဆရာဝန်တယောက်လို့ လိမ်ညာထားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အဖေသ Munna ကို ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်စေချင်တဲ့ အိမ်မက်ရှိနေတဲ့အတွက်ကြောင့် ဟန်ဆောင်ရတာပဲဖြစ်ပါတယ်။ တရက်မှာ သူ့အဖေကအသိဖြစ် သူဆရာဝန်တယောက်နဲ့တွေ့ပြီး သူ့သမီးနဲ့ သူ့သားနဲ့ လက်ဆက်ပေးဖို့ကမ်းလှမ်းပါတယ်။ သွားရောက်တွေ့ဆုံတဲ့နေ့မှာပဲ ဆရာဝန်မဟုတ်ပဲ လူဆိုးတယောက်ဆိုတာ အားလုံးသိသွားပြီး သူ့မိဘတွေလည်း အရှက်ရကာ အိမ်ပြန်သွားပါတော့တယ်။ အဲ့မှာဇာတ်လမ်းစတာပါပဲ ၊Munna တယောက် စိတ်နာပြီး ဆရာဝန်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ လူဆိုးတယောက်ဖြစ်တဲ့အတွက် မသမာနည်းတွေသုံးပြီး ဆေးကျောင်းရအောင်တက်၊ ပညာသင်၊ သူ့မိဘတွေကို အရှက်ခွဲလိုက်တဲ့ ကျောင်းအုပ်ကြီးဖြစ်နေတဲ့ မတော်လိုက်ရတဲ့ ယောက္ခမလောင်းကိုလည်လက်စားချေဖို့ ကြိုးစားရင် ဆေးကျောင်းက ဆရာဝန်မလေးတယောက်နဲ့လည်း ရင်းနှီးရင်း သံယောဉ်ဇဉ်ဖြစ်သွားပါတယ်။ အများနဲ့မတူပဲ ကိုယ်ချင်းစာစိတ်ကြီးမားတဲ့ Munna ဟာ တဖြည်းဖြည်း လူချစ်လူခင်ပေါလာပေမယ့် ယောက္ခမလောင်းနဲ့ကတော့ လုံးဝအဆင်မပြေတော့ပါဘူး။

ပြဒါးတလမ်း သံတလမ်းဖြစ်နေတဲ့ လူဆိုး Munna နဲ့ ဆေးကျောင်းအုပ်ဖြစ်တဲ့ ယောက္ခမလောင်းတို့ ဆက်ဆံရေးမှာ တလွဲတွေဖြစ်နေပြီး ဘယ်လိုတွေ ဟာသဖြစ်နေမလဲဆိုတာကိုတော့....

ကဲ ဇာတ်ကားကို ဂရုတစိုက် ဘာသာပြန်ပေးသူကတော့ Htoo Htoo Zaw ဖြစ်ပါတယ်.။

[FORMAT]:………………………….:[ HDrip x264 MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 1 GB
[RESOLUTION]:………………….:[ 1920x800
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 36mins
[Translator]: ...............................:[ Htoo Htoo Zaw

 Munna Bhai M.B.B.S.
(2003) on IMDb

Download
1 GB
Run the Tide (2016)

Tuesday, February 7, 2017

Company (2002)



2002 ခုနှစ်ကတည်းကရိုက်ကူးထားပြီး ယခုအချိန်ထိ IMDB 8.1 အထိရနေဆဲ ဘောလီးဝုဒ် ဂိုဏ်းစတား ဇာတ်ကားဆိုရင် ပရိတ်သတ် လုံးဝစိတ်ဝင်စားမယ်ဆိုတာသေချာပါတယ်။ International Indian Film Academy 2003 အတွက် ဇာတ်ဆောင်ဆု၊ ဇာတ်ပို့ဆုနဲ့ editor ဆုတွေရထားတဲ့ဇာတ်ကားပါ။ မွန်းဘိုင်းမြို့က ဂိုဏ်စတားတွေအကြောင်းရိုက်ကူးထားတယ်ဆိုတာပဲပြောပါရစေ။ ဇာတ်ညွှန်းတော့ မရေးပေးတော့ပါဘူး။

[FORMAT]:………………………….:[ DVDrip x264 MP4/ SDx246 MP4
[GENRE]:………………………… .:[ Action, Crime, Thriller
[FILE SIZE]:……………………….:[ 1 GB / 574 MB
[RESOLUTION]:………………….:[ 704x480/ 640x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 35mins

 Company
(2002) on IMDb

Download
1 GB
Large

Download
574 MB
SD Small

Sunday, February 5, 2017

The BFG (2016)


ဇာတ်ကားလေးကတော့ဒါရိုက်တာစတီဗင် စပီးလ်ဘာ့ဂ်ရဲ့ လက်ရာစိတ်ကူးယဉ်စွန့်စားခန်းဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဆယ်နှစ်သမီးမိဘမဲ့လေး ဆိုဖီနဲ့ သဘောကောင်းတဲ့ လူ့ဘီလူးကြီးတို့ရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကလေးပရိသတ်တွေရော၊ လူကြီးပရိသတ်တွေပါ သဘောကျမှာ သေချာပါတယ်။

လူကောင်ကြီးပေမယ့် စိတ်သဘောထားကောင်းတဲ့ လူဘီလူးကြီး (Big Friendly Giant) ဟာ အခြားသော လူဘီလူးကြီးတွေလို ကြမ်းကြမ်းတမ်းတမ်း ပုံစံမျိုး မဟုတ်တဲ့ ထူးခြားသူတစ်ယောက်ပါ။ အရပ်အမြင့် ၂၄ ပေရှိပြီး နားရွက်အကြီးကြီးတွေလည်းရှိကာ အနံ့ခံစွမ်းရည်လည်း အရမ်းကောင်းတဲ့ BFG ဟာ ရိုးရိုးအအကြီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ပေ ၅၀ အရပ်အမြင့်ရှိတဲ့ လူ သားစားဘီလူးခေါင်းဆောင် Fleshlumpeaten၊ ဒုတိယခေါင်း ဆောင် Bloodbottler တို့ကတော့ အရမ်းကိုကြောက်စရာကောင်းသလို လူသားလည်းစားတဲ့ ဘီလူးကြီးတွေမို့ BFG နဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။

လန်ဒန်မြို့က မိဘမဲ့ဂေဟာ က ကလေးမလေးဆိုဖီဟာ တစ်ရက်မှာတော့ ညဘက်အိပ်နေတုန်း လက်အကြီးကြီးတစ်ခု ပြတင်းပေါက်က၀င်လာပြီး လူဘီလူးနိုင်ငံကို ခေါ်ဆောင်သွားကာ လှောင် အိမ်တစ်ခုထဲမှာ ထည့်ထားခံရပါတယ်။ လူဘီလူးကြီးရဲ့ ဖမ်းခေါ်ခြင်းခံရတဲ့ ဆိုဖီဟာကြောက်ရွံ့ ထိတ်လန့်ပေမယ့် သူ့ကိုဖမ်းခေါ်သွားတာက BFG ဖြစ်နေတာမို့ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်တာကိုသိရှိပြီးတဲ့နောက် မိတ်ဆွေဖြစ်သွားခဲ့ကြပါတယ်။

BFG က ဆိုဖီကို သူ့အိပ်မက် တွေ စုဆောင်းထားတဲ့ အိပ်မက် နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပြီး ပဉ္စ လက်ပညာတွေနဲ့ အိပ်မက်တွေရဲ့ ထူးဆန်းအံ့ဖွယ်ရာတွေကို သင် ကြားပေးခဲ့ပါတယ။် ဆိုဖီနဲ့ BFG တို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပေမယ့် တစ်ရက်မှာတော့ အဖျက် အမှောင့်တွေက ပေါ်လာပါတော့တယ်။ အဲဒါကတော့ လူဘီလူးနိုင်ငံမှာ ဆိုဖီရှိနေတာကို သဘောမကျသူတွေက ဒုက္ခပေးကြတာ ဖြစ်ပါတယ်။

နောက်ပြီး လူဘီလူးကြီးတွေ ဟာ အိပ်နေတဲ့ ကလေးတွေကို စားသောက်ဖို့ အစီအစဉ်တွေရှိ တာကို အိပ်မက်မက်တဲ့အတွက် အဲလိဇဘတ် II ဘုရင်မကြီးဆီကို သွားပြီး သူတို့ရဲ့ အိပ်မက်ဆိုးကို ပြောပြအကူအညီတောင်းဖို့ ဆိုဖီ ကအကြံရခဲ့ပါတယ်။ အိပ်မက်ဆို ပေမယ့် အပြင်မှာတကယ်ဖြစ်လာ ဖို့ အခြေအနေရှိနေတာကြောင့် အဲလိဇဘတ်ဘုရင်မကြီးက ဘယ်လိုကာကွယ်သွားမှာလဲ။ ဆိုဖီနဲ့ BFG တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမှာလဲဆိုတာ တော့ ကိုယ်တိုင်ကြည့်ကြဖို့ ညွှန်း ပေးလိုက်ပါတယ်။

ဒီဇာတ်ကားမှာ BFG အဖြစ် မာ့ခ်ရိုင်လန့်စ်၊ ဆိုဖီအဖြစ် ရူဘီ ဘန်းဟစ်လ်၊ အဲလိဇဘတ် II ဘုရင်မကြီးအဖြစ် ပန်နီလိုပ်ဝီလ် တန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ဝေါ့ဒစ္စနေရုပ် ရှင်ထုတ်လုပ်ရေးကနေ ဇွန်လကုန် က ဖြန့်ချိပေးထားတဲ့ ဒီဇာတ်ကား လေးဟာ ရုပ်ရှင်ဝေဖန်ရေးသမား တွေရဲ့ သုံးသပ်ချက်ရလဒ်ကောင်း တွေလည်း ရထားပါတယ်။

အညွှန်း - 7DayDaily

[FORMAT]:………………………….:[ DVDrip x264 MP4/ SDx246 MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy,
[FILE SIZE]:……………………….:[ 988 MB / 481 MB
[RESOLUTION]:………………….:[ 720x350/ 640x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 57mins

 The BFG
(2016) on IMDb

Download
988 MB
HD Large

Download
481 MB
SD Small

Saturday, February 4, 2017

The Curious Case of Benjamin Button (2008)


ဇာတ်ကားကောင်းတွေကို စေတနာထားပြီးပြန်နေကျဖြစ်တဲ့ Nay Win ရဲ့ Flim2mm မှာ တတိယမြောက်လက်ရာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အနုပညာ ဒါရိုက်တာ၊ အကောင်းဆုံး မိတ်ကတ်ပညာ၊ ရုပ်ရှင် အထူးပြုလုပ်ချက် စတဲ့ အော်စကာဆု ၃ဆုကို 2008 ခုနှစ်မှာသိမ်းပိုက်ခဲ့ပြီး တခြားနိုင်ငံတကာရုပ်ရှင်ဆုတွေရရှိခဲ့ပါတယ်။ ဘာကြောင့်ဒီဆုတွေရတာလဲဆိုတာကိုတော့ ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ သိလာမှာပါ။

အဓိကဇာတ်ဆောင် ဘင်ဂျမင်အဖြစ် သရုပ်ဆောင်တဲ့မင်းသားကတော့ မြန်မာပရိတ်သတ်တွေနဲ့မစိမ်းတဲ့ Brad Pitt ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းနေနဲ့ကတော့ လူဂုဏ်ထံမိသားစုကပေါက်ဖွားလာတဲ့ ကလေးတဦးဟာ မွေးမွေးချင်းပဲ မိခင်ဆုံးပါးသွားခဲ့ပါတယ်။ အဖိုးအိုရုပ်ပေါက်နေတဲ့ခလေးကို ဖခင်ဖြစ်သူက ဘယ်လိုမှ ဂရုဏာမသက်နိုင်ပဲ လူအိုရုံတခုရှေ့မှာ စွန့်ပစ်ခဲ့ပါတယ်။ လူအိုတွေကို စောင့်ရှောက်နေရတဲ့ လူမည်းမက သူ့ကိုမငြိုငြင်ပဲ သားအရင်းလို မွေးစားစောင့်ရှောက်ပြီး ဘင်ဂျမင်လို့ နာမည်ပေးခဲ့ပါတယ်။

ဘဝအစကတည်းက ထူးခြားနေတဲ့ ဘင်ဂျမင်ဆိုတဲ့ကလေးဟာ အစကတည်းကပုံမှန်မဟုတ်ပဲ ရုပ်ရော စိတ်ဓါတ်ရော အသက်ကြီးနေတဲ့ အဖိုးအိုတယောက်လိုပဲ နေထိုင်အသက်ရှင်ရင်းကနေ တဖြည်းဖြည်းအရွယ်ရောက်လာပါတယ်။ ဘင်ဂျမင်ရဲ့ထူးခြားချက်ကတော့ အသက်ကြီးလာလေ နုပျိုလာလေလေပါပဲ။လူအိုရုံမှာသူနေတုန်းက ဒေစီဆိုတဲ့ကလေးမလေးနဲ့ဆုံတွေ့ဖူးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက သံယောဇဉ်ရှိခဲ့ကြပြီး ဘင်ဂျမင် ပင်လယ်ထဲရွက်လွှင့်ဖို့ထွက်သွားတဲ့အချိန်ကစလို့ မတွေ့ဖြစ်တော့ပဲ ဒေစီဟာ သူမဝါသနာပါတဲ့ ဘဲလေးအကကိုလေ့လာရင်း မြို့ပေါ်မှာသွားရောက်နေထိုင်ပါတော့တယ်။ လူအိုရုံကနေ စတင်ထွက်လာပြီး ပင်လယ်ထဲရွက်လွှင့်ခဲ့တဲ့ဘင်ဂျမင်ရဲ့ဘဝဟာ အဲ့ဒီမှာစတာပါပဲ.. သူတို့နှစ်ယောက်ဟာ အတန်ဝေးကွာပြီးမှ ကိုယ့်ဇာတ်လမ်း သူ့ဇာတ်လမ်းပေါင်းစုံနဲ့ ပြန်တွေ့မယ့်အချိန်ကျတော့...

ဇာတ်လမ်းအစလောက်ပဲရေးပြီးညွှန်းလိုက်ပါရစေ။ ဇာတ်ကားကိုဒေါင်းပြီး ဇိမ်နဲ့ ခံစားပြီးကြည့်ဖို့ကတော့ ခင်ဗျားတို့ရဲ့ လက်ကျန်တာဝန်ပါပဲ ပိတ်သတ်ကြီး။
r@bp!G

[FORMAT]:………………………….:[ HDrip  x264 MP4/ SDx246 MP4
[GENRE]:………………………… .:[ Drama, Fantasy, Romance
[FILE SIZE]:……………………….:[ 1 GB / 555 MB
[RESOLUTION]:………………….:[ 1280x530/ 640x260
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 46mins
[Translator]: ...............................:[ Nay Win

 The Curious Case of Benjamin Button
(2008) on IMDb

Download
1 GB
HD Large

Download
555MB
SD Small

Thursday, February 2, 2017

Prince (2010)


ကဲ.... ဘောလီးဝုဒ်ပရိသတ်တွေရဲ့ ဆန္ဒကိုတော့ စိုင်းလင်းမြတ်က ဖြည့်ဆည်းပေးလိုက်ပါပြီး Prince ဆိုတဲ့ အိန္ဒိယ အက်ရှင်ကားကိုတင်ဆက်ပေးလိုက်ပေးလိုက်ပါကြောင်း...

ပရော်ဖက်ရှင်နယ် စိန်သူခိုးတယောက်ဟာ အမှတ်မထင်ပဲ မှတ်ညဏ်ပျောက်ဆုံးသွားပါတယ်။ အဲ့ဒီမှာ အဓိကပြသနာကတော့ သူခိုးထားတဲ့ ရှေးဟောင်းဒင်္ဂါးပြားထားတဲ့နေရာကို လုံးဝမသိတော့တာပဲဖြစ်ပါတယ်။ အဲ့ဒီနေရာကိုပြန်သိနိုင်ဖို့ ရသမျှသတင်းအချက်အလက်တွေနဲ့ သိအောင်ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့.....

[FORMAT]:………………………….:[ 640p  x264 MP4/ 640 SDx246 MP4
[GENRE]:………………………… .:[ Action, Sci-Fi, Thriller
[FILE SIZE]:……………………….:[ 939 MB / 504 MB
[RESOLUTION]:………………….:[ 640x272/ 640x272
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 18mins
[Translator]: ...............................:[ စိုင်းလင်းမြတ်

 Prince
(2010) on IMDb

Download
939 MB
Large

Download
504 MB
SD Small

Wednesday, February 1, 2017

Anonymous (2011)


နိုင်ငံရေးနောက်ခံ အနုပညာဇာတ်ကားကောင်းတလက် တင်ဆက်ပေးလိုက်ပါတယ်။ ဝီလျံရှိတ်စပီးယား ပြဇာတ်တွေကို နောက်ခံကနေရေးခဲ့တဲ့ အောက်စဖို့ဒ်မြို့စားကြီး အက်ဒဝပ် ဒီဗာရီ အကြောင်းပဲဖြစ်ပါတယ်။ အနုပညာတန်ဖိုးမြင့်မားပြီး နူးညံ့တဲ့ အလင်္ကာတွေ ၊ ထိမိတဲ့ သရော်ချက်တွေကြောင့် ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ချဉ်ပတ်ဖြစ်ခဲ့ရသူအကြောင်းပါ။ သူ့ရဲ့အနုပညာရူးသွပ်မှုတွေနဲ့ ကိုယ်ပိုင်လက်ရှိဘဝကို အလဲအလှယ်လုပ်ရဲသူအဖြစ် ပြောစမှတ်ဖြစ်ရပါတော့တယ်။

[FORMAT]:………………………….:[ 720p DVDRip x264 MP4/ 640 SDx246 MP4
[GENRE]:………………………… .:[ Action, Drama, Thriller
[FILE SIZE]:……………………….:[ 1 GB / 486 MB
[RESOLUTION]:………………….:[ 720x480/ 640x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 10mins

 Anonymous
(2011) on IMDb

Download
1 GB
HD Large

Download
486 MB
SD Small