Tuesday, February 27, 2018

Jodhaa Akbar (2008)




မဂိုအင်ပါယာသည် အာရှသမိုင်းတွင်ထင်ရှားပြီး အိန္ဒိယတွင် ၁၅၂၆ မှ ၁၈၅၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀၀ ကျော်ကြာခဲ့သည့် အင်ပါယာကြီးဖြစ်သည်။ သို့ သော် ၁၅၄၀ မှ ၁၅၅၅ – အချိန်မှာ ဆူလတန် ဘုရင်များလက်အောက်သို့ရောက်ရှိသွားသော အချိန်ဖြစ်သည် ။ ထို့ကြောင့်ထိုအချိန်ကို နှုတ်လိုက်မည် ဆိုပါက – ၁၅၅၆ မှ ၁၇၀၇ အထိ ဘုရင် Akbar နှင့် သူ့ အရိပ်အရာကို ဆက်ခံကြသည့် သူ့  သား Jahangir, Shah Jahan နှင့် Aurangzeb တို့ မှ အိန္ဒိယ ဒေသ ကို အုပ်ချုပ်ခဲ့သည့်အတွက် မဂိုအင်ပါယာ၏ သက်တမ်းအမှန်မှာ နှစ်ပေါင်း ၁၅၀သာ ဖြစ်သည်ဟု ပညာရှင်များက ဆိုကြသည်။

မဂိုအင်ပါယာ၏ ပထမဆုံးဘုရင်မှာ မွန်ဂိုအနွယ်ဝင် အာရှအလယ်ပိုင်းမှ Turk လူမျိုးမူစလင်တဦးဖြစ် သည့် Babur ( သူတို့ ၏ ဘာသာဖြင့် Tiger ) ဖြစ်သည် ။သူသည် အာရှတိုက်အလယ်ပိုင်းရှိ Delhi, Ibrahim ဒေသမှ အုပ်ချုပ် သည့်ဘုရင်များကို အောင် နိုင်ပြီး အင်ပါယာ ကိုစတင်ထူထောင်ခဲ့ခြင်းဖြစ်သည် ။ မဂိုအင်ပါယာ၏ ပထမဆုံးမြို့ တော်မှာအိန္ဒိယမြောက်ပိုင်းရှိ Āgra မြို့ ဖြစ်သည် ။ Babur သည် အန္ဒိယမြောက်ဖက်ဒေသများကို သိမ်းယူနိင်ခဲ့ပြီးနောက် ၁၅၃၀ – အချိန်တွင် ကွယ်လွန်သွားခဲ့သည် ။

သူ၏ သား Humayun လက်ထက်တွင် အာဖဂန်များ နှင့် ဆူလတန် ဘုရင် Gujarāt တို့ ၏ရန်အား ခက်ခက်ခဲခဲ ရင်ဆိုင်လာရသည် ။ Humayun သည် အာဖဂန် ဒေသကို အောင်နိင်ပြီးနောက် ကဘူးမြို့ ကိုသိမ်းယူကာ အခိုင်အမာ စခန်းများ တည်ဆောက်ခဲ့ကြသည် ။ ၁၅၅၆ – ခုနှစ်တွင်Humayun သေဆုံးပြီးနောက် Babur ၏သားငယ် Akbar မှ ဘုရင်နေရာကို ဆက်ခံခဲ့သည် ။ သူ့ လက်ထက်တွင်Humayun အချိန်က ဆုံးရှုံးခဲ့သည့် အိန္ဒိယ မြောက်ဖက်မှ ဟိန္ဒူနယ်မြေများကို ပြန်လည် သိမ်းယူ နိင်ခဲ့ပြီးနောက် အင်ပါယာသည်ကျယ်ပြန့် လာခဲ့သည် ။

သမိုင်းပညာရှင်အများစုမှ မဂိုအင်ပါယာကို စတင်ထူထောင်သူအား Akbar အဖြစ် သာမှတ်ယူကြသည် ။ သူ့ လက်ထက်တွင်အိန္ဒိယတောင်ဖက် ဒေသများကိုအောင်နိင်ပြီး မဂိုအင်ပါယာ သည် အာဖကန်နစ္စတန်မှသည် ဘင်္ဂလားပင်လယ်အထိကျယ်ပြန့် ခဲ့သည် ။ အသက် ၁၄နှစ်မှ စတင်ကာ စစ်ပွဲများကို ဆင်နွဲခဲ့သော ဘုရင် Akbar အား အိန္ဒိယနိုင်ငံဟ အကြီးမြတ်ဆုံး ဘုရင်အဖြစ်သတ်မှတ်ထားကြသည်။

၁၆ ရာစုနှစ်မှာ မဂိုဧကရာဇ် အကဘာ နှင့် အမက်ဘုရင် ဘာမာရဲ့ သမီးတော်တို့ မဟာမိတ်ဖွဲ့လက်ထပ်ခြင်းက သမိုင်းတွင် ကျန်ရစ်ခဲ့တယ် ။ မင်းသမီး နာမည်ဟာ ဂျိုဓ မဟုတ်ဘူးလို့ ယနေ့အထိ ယူဆချက်တွေ ရှိနေတယ် ။ သမိုင်းဆရာတစ်ချို့က သူ့ကို ဟာကာဘိုင်လို့လည်း ခေါ်ကြတယ် ။ တစ်ချို့ကတော့ ဟိရာခွန်ဝါလို့ ခေါ်ကြတယ် ။ ဂျီယ မိဖုရား မန်မတိ နဲ့ ဆာဟိဘိုင်လို့လည်း ခေါ်ကြသေးတယ် ။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာတော့ သူ့နာမည်က ဂျိုဓဘိုင် ဖြစ်လာတယ် ။ ဒါက သမိုင်းအဆိုတစ်ခုပါ တစ်ခြားအဆိုတွေလည်း ရှိပါသေးတယ် ။

စစ်ပွဲတွေ ၊ ဘာသာရေးအရှုပ်အထွေးတွေ စီးပွားရေးတွေ ၊ အာဏာလုမှုတွေ ၊ အချစ်တွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ ။ ပြသချိန် ၃ နာရီ ၃၀ မိနစ် တစ်ဝကြီးကြည့်ရှူရမယ် ။

ရုပ်ရှင်အညွှန်း - DMO Entertainment

[FORMAT]:………………………….:) BRRip / 720p HD
[GENRE]:……………………….… .:) Action, Adventure, Biography
[FILE SIZE]:…………………….….:) 1.6 GB
[RESOLUTION]:……………….….:) 1224x520
[SUBTITLES]:………………….….:) မြန်မာ Hardsub
[RELEASE RUNTIME]:………….:) 3h 33 mins
[Translated By]:………….........:) DMO Entertainment
[Encoded By]:...................... :) R!B



 Jodhaa Akbar
(2008) on IMDb


Download
1.6 GB
G-Drive HD




2 comments:

  1. Vail address,Please new link

    ReplyDelete
  2. ဒေါင်းလုဒ်လင့်ခ် သေနေလို့ ။ ကျေးဇူးပြုပြီး လင့်ခ် အသစ်လေး ချပေးပါ ခင်ဗျာ။

    ReplyDelete